-
ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၁)
Indiaနိုင်ငံ Uttarakhandပြည်နယ် Lower Himalayaတောင်တန်း ပင်လယ်ရေပြင်အထက် ပေ၂၁၀၀၀ခန့် အမြင့်ရှိ Yamunotriရေခဲမြစ်မှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttar Pradeshပြည်နယ် Allahabadမြို့တွင် ဂင်္ဂါမြစ်ထဲသို့ စီးဝင်သွားသည်။ ကီလိုမီတာ ၁၄၀၀ခန့် ရှည်လျားသည့် ယမုနာမြစ်သည် Indiaနိုင်ငံ၏ ရှေးဟောင်း ခေတ်သစ်သမိုင်းတို့ကို သယ်ဆောင်စီးမျှောလျက်ရှိသည်မှာ ရာစုနှစ်ပေါင်းများစွာ ရှိနေပြီ။ ယမုနာမြစ်တစ်ကြောနှင့် ပတ်သက်သော Indiaနိုင်ငံ၏ သမိုင်းကြောင်းများထဲမှ ရာဇဝင်တွင် အထင်ကရ ဘုရင်တစ်ပါးဖြစ်သည့် အသောကနှင့် ပတ်သက်သော အချက်အလက်များကို အထူးပြု၍ ပြောလိုသည်။ စာပေကျမ်းဂန်ထဲမှ အချက်အလက်များနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိချက်များသည် အသောကမင်း၏ စံတင်လောက်သော ခမ်းနားကြီးကြယ်မှုကို အထောက်အပံ့ပြုနေကို တွေ့ရမည်ဖြစ်သည်။ ထိုတွင် ရှေးဟောင်းအထောက်အထား ခိုင်လုံစွာ ပြနိုင်သည့် အသောကကျောက်စာများသည် အသောကသုတေသီတို့အတွက် အလွန် အရေးပါသည့် မှတ်တမ်းများ ဖြစ်နေသည်ကို တွေ့ရသည်။ B.C. ၃ရာစု မောရိမင်းနွယ် အသောကမင်း စိုးစံစဉ် ဇမ္ဗူဒိပ်၌ ရေးထိုးထားခဲ့သော ကျောက်စာများကို A.D. ၁၈ရာစုနှောင်းပိုင်းတွင် စတင် ရှာဖွေတွေ့ရှိခဲ့ကြပြီး ထိုအချိန်မှ စ၍ အသောကလေ့လာရေးဆိုင်ရာ သုတေသနလုပ်ငန်းများသည် ၂၁ရာစုတိုင် အဆက်မပြတ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ယမုနာမြစ်ရိုးတစ်လျှောက်တွင် အသောကကျောက်စာများကို ရှာဖွေတွေ့ရှိထားသည်။ မြစ်ဖျားပိုင်းတွင် (၁) Kalsiကျောက်စာကြီး၊ မြစ်လယ်ပိုင်းတွင် (၂) Delhi-Topra ကျောက်စာတိုင်ကြီး၊ (၃) Delhi-Meerut ကျောက်စာတိုင်ကြီး၊ (၄) Delhi-Bahapur ကျောက်စာငယ်၊ မြစ်ဆုံးပိုင်းတွင် (၅) Allahabad-Kosam ကျောက်စာတိုင်ကြီး၊ (၆) Kosambiကျောက်စာတိုင်ငယ်နှင့် (၇) Queenကျောက်စာတိုင်ငယ်တို့ ရှိကြသည်။ အိန္ဒိယတွင် နေထိုင်စဉ်ကာလ ဆယ်စုနှစ် သုံးပုံနှစ်ပုံအတွင်း သွားရင်းလာရင်းဖြင့် ယမုနာမြစ်ဖျားမှ မြစ်ဆုံးပိုင်းအထိ…
-
ဂမ္ဘီရ…လင်း
သာ အာလပတိ ဧဟိ ဧဟိ ရတ္တိံ သုတံ သုတံ ဂမ္ဘီရံ တဿာ ဝိညာဏံ မေ အဇ္ဈတ္တံ အနုဝိဒ္ဓံ… သာ အာလပတိ ဧဟိ ဧဟိ သုပိနေ သုတံ သုတံ ဂမ္ဘီရံ တဿာ ဝိညာဏံ မေ အဇ္ဈတ္တံ အနုဝိဒ္ဓံ… ဣမသ္မိံ ပန ဘဝေ လောကာ ဝိယောဇိတာ အဟော… သာ အာလပတိ ဧဟိ ဧဟိ သုပိနေ သုတံ သုတံ ဂမ္ဘီရံ တဿာ ဝိညာဏံ မေ အဇ္ဈတ္တံ အနုဝိဒ္ဓံ… သာ အာလပတိ ဧဟိ ဧဟိ အပ္ပသဒ္ဒံ သုတံ သုတံ ဂမ္ဘီရံ တဿာ ဝိညာဏံ မေ အဇ္ဈတ္တံ အနုဝိဒ္ဓံ… (တဝ ဆာယာ ပိယ! တဝ သဒ္ဒေါ) ဒိဋ္ဌသုတာပိ (ဒုက္ကရာ ဂဏှိတုံ ဝလာဟကာ ဝိယ) ဘဝါ ဝိယောဇိတာ (ဘဝါဘဝံ ဝတ) ပိယ! ပတ္ထနံ ပတိဋ္ဌ (အဟော…နော သမာဂမတ္ထံ)…. သာ အာလပတိ ဧဟိ ဧဟိ သုပိနေ သုတံ သုတံ ဂမ္ဘီရံ တဿာ ဝိညာဏံ မေ အဇ္ဈတ္တံ အနုဝိဒ္ဓံ… သာ အာလပတိ ဧဟိ ဧဟိ သုပိနေ သုတံ သုတံ ဂမ္ဘီရံ တဿာ ဝိညာဏံ မေ အဇ္ဈတ္တံ အနုဝိဒ္ဓံ… မယံ မယံ ပရာဘဝေ အဟော ဝတ သင်္ဂမိဿာမ ဘဝေ…
-
အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၈)
Meena Talimရဲ့ Edicts of King Aśoka: New Visionစာအုပ်ထဲက Dhauliနဲ့ Jaugadaကလိင်္ဂကျောက်စာ ပါဠိမူများပါ။ ကလိင်္ဂကျာက်စာရှိတဲ့နေရာကို သွားနိုင်ဖို့ ဘယ်လောက်များ အချိန်ယူရအုံးမလဲတော့ မသိဘူး။ အကွာအဝေးက သိပ်မများပေမယ့် အကွာအဟက များနေတာ ခက်တယ်။ အိပ်မက်ကတော့ မက်နေအုံးမှာပါ။ ကျောက်စာရှိတဲ့နေရာရောက်တော့လဲ ကျောက်တုံးကြီးတွေပေါ်က စာတွေကို ဖတ်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမြင်နဲ့ အတွေ့တွေက အနေအထားတစ်မျိုးပြောင်းသွားနိုင်တယ်။ စစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ သိနားလည်ဖို့ စစ်သားတစ်ယောက်ဖြစ်ဖို့လိုအပ်သလား။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဖြစ်ဖို့ လိုအပ်သလား။ Commander in Chiefတစ်ယောက်လို တိုက်မိန့်ပေးတတ်ဖို့ လိုသလား။ Peacemakerတစ်ယောက်လို နားချတတ်ဖို့ လိုသလား။ အသေခံဗုံးခွဲဖို့ လိုသလား။ ဝတ်ပြုဆုတောင်းဖို့ လိုသလား။ သေနတ်ပြောင်းဝက ကျည်ဆံ တစ်တောင့်လို အားကောင်းဖို့ လိုသလား။ ချိုးငှက်နှတ်ခမ်းကြားက သံလွင်ခက်လို ပျော့ပြောင်းဖို့ လိုသလား။ ဘီစီ ၃ရာစုက ရေးထိုးထားခဲ့တဲ့ ကလိင်္ဂကျောက်စာဟာ စစ်ပြေငြိမ်းရေးစာချုပ်တစ်ခု မဟုတ်တာတော့ သေချာတယ်။ စစ်အောင်ပွဲခံ မော်ကွန်းတစ်ရပ်လဲ မဟုတ်နိုင်။ ထူးခြားတာ တစ်ခုက ကလိင်္ဂကျောက်စာတွေထဲမှာ ဝိဇယဆိုတဲ့ အသုံးအနှုံး မပါတာပါပဲ။ ဓမ္မဝေါဟာရကလဲ ရှားရှားပါးပါး ၂လုံးပဲ ပါတယ်။ ကလိင်္ဂစစ်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရေးထိုးထားတဲ့ ပဓာနကျောက်စာကြီး အမှတ်စဉ် (၁၃)ကို ကလိင်္ဂဒေသမှာ မတွေ့ရတာကလဲ ထူးခြားတာပဲ။ ဘာပဲဖြစ်ဖြစ် စစ်ပွဲအပြီးမှာ ပေါ်ထွက်လာတဲ့ အသောကရဲ့ သက်ပြင်းရှိုက်သံတွေကို ကလိင်္ဂကျောက်စာကတဆင့် ခံစားကြားသိနိုင်တာကတော့ အမှန်ပါပဲ။ ကလိင်္ဂကျောက်စာကြီးတွေ ရှိရာအရပ်ကို ရောက်ရင်တော့ ဒီစစ်ပွဲကြီးပြီးရင် ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဘာသာပြန်ဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ အခုတော့ စာအုပ်ထဲက ဒီကျောက်စာကို ဖိုင်ဘာကြိုးမျှင်တွေထဲ မျှောထည့်လိုက်တော့မယ်…။
-
ဒက္ခိဏပဿသို့ ဦးညွှတ်ခြင်း
အမ္မ… သေတဝရော တေ သုပိနော ဟောတု၊ အယဉှိ မဟေသက္ခဿ ဂဗ္ဘော။ အိပ်မက် ဖြူစင် မက်ပါစေ…။ အမေ့ အိပ်မက်က တန်ခိုးရှင်ရဲ့ တည်ရာပါ…။
-
အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၇)
အသောကခြေရာတွေနောက် လိုက်ရင်း ဟိုရောက်ဒီရောက်နဲ့ ခရီးသွားဟန်လွှဲ အသောကကျောက်စာနဲ့ သက်ဆိုင်တဲ့ စာအုပ်တစ်အုပ် ရလာတယ်။ Meena Talimရဲ့ Edicts of King Aśoka: New Visionပါ။ ဒီစာအုပ်ထဲကနေ Englishဘာသာပြန်အသစ်တစ်မျိုးလည်း ပိုရလာတယ်။ ထူးခြားတာက အသောကကျောက်စာတွေကို ပါဠိလို ပြန်ရေးထားတာပဲ။ ဒီလို ပြန်ရေးထားတော့လဲ ဖတ်ရတာ အရသာတစ်မျိုး ရှိသွားပြန်ရော။ ဒါလဲ ရောဂါတစ်မျိုးပဲ နေမှာပဲ။ ဟိုဟိုဒီဒီ စိတ်ကူးတဲ့ရာ ကဗျာလေးတွေကို ပါဠိလို ဘာသာပြန်ပေးဖြစ်တဲ့ အကျိုးပေးလဲ ဖြစ်နိုင်တယ် 🙂 ။ ကိုယ်လေ့လာနေတဲ့ ကျောက်စာတွေကို ပါဠိလို ပြန်ရေးပေးထားတဲ့ စာအုပ်ကြီးနဲ့ တဲ့တဲ့သွားတိုးဖြစ်တာ ကံကောင်းတာပဲ။ Girnarမူ Major Rock Edict (၁)ကနေ (၁၄)အထိပါ။ Prakritမူနဲ့ English, မြန်မာဘာသာပြန်တွေကိုတော့ တင်ထားပြီးတာ ကြာပါပြီ။ ဒီမှာ ပြန်ကြည့်နိုင်ပါတယ်။ စာအုပ်ထဲမှာပါတဲ့ Roman Transcriptနဲ့ ပါဠိမူအသစ်ကိုတော့ မြန်မာလို ပြန်ရိုက်ဖို့ နည်းနည်း ပျင်းနေတာနဲ့ ဖုန်းနဲ့ပဲ scanဆွဲလိုက်တယ်။
-
အပွင့်လမ်း
ဥဒကာနုဂ္ဂတာနိ ဝါ ဥဒကာနုပလိတ္တာနိ ဝါ တိဋ္ဌန္တု သူရိယရံသိသမ္ဖဿံ အာဂမယမာနာနိ။ မြုတ်နေပစေ ပေါ်နေပစေ နေရောင်ကို မျှော်လင့်နေဖို့လိုတယ်…။
-
အစိမ်းလမ်း
ယေန မဟာဗောဓိ တဒဝသရိံ၊ ကုတော တတ္ထ သမ္ဗောဓိပရာယဏော? ဒီမှာ မဟာဗောဓိ။ ဘယ်မှာလဲ သမ္ဗောဓိ?
-
လက်, အလူးအလွန့်နှင့် လူသားများ
အတိက္ကမ၊ သဉ္ဆိန္ဒ၊ သဉ္ဆိန္ဒ သဟ ကင်္ခါယ သဉ္ဆိန္ဒ သဟ အနုပဝတ္တကင်္ခါယ သဉ္ဆိန္ဒ သတတံ သဉ္ဆိန္ဒ သဒါ ဧကဟတ္ထေန ဗဟုဟတ္ထေဟိ ဧကကဟတ္ထေန အနေကဟတ္ထေဟိ တနုကဟတ္ထေဟိ ဇိဏ္ဏကဟတ္ထေဟိ သုခုမဟတ္ထေဟိ ဆာတအဋ္ဌိကဟတ္ထေဟိ ပဗလထိရဟတ္ထေဟိ သုက္ကဟတ္ထာ ကဏှဟတ္ထာ ပီတဟတ္ထာ သစေ ယံ ယံ ဂဟိတဗ္ဗံ၊ အညတရံ ဆဍ္ဍိတဗ္ဗံ၊ (န ဧကံ၊ အနေကမေဝ) လောမဟံသာ ခါဒိတနခါ ဟဒယကမ္ပနာနိ သမ္ပတိဋ္ဌိတမူလာနိ အာကဍ္ဎိတမဟာသင်္ခလိကာ ကင်္ခိတဣတိဟိတိဟာနိ ယဒါ သဗ္ဗေ ပရိစ္စဇိတွာ ဧကာပိ ဥက္ကာ သုဓာရိတာ၊ အယံ ဝုစ္စတိ ဝိမောက္ခော။ ပန်ဒိုရာရဲ့ “လူထုဆီသို့ သယ်ဆောင်လာသော” ကဗျာကို ဘာသာပြန်ထားတာပါ။
-
အသကျနဲ့ ထုပျထားတဲ့ ဖကျ
စိရံ တိဋ္ဌတု ကာရုညံ၊ ဗလက္ကာရော ဝိနဿတု။ အကြင်နာ..။ အကြမ်းဖက်…။
-
အနုအရှ
တရုဏာနံ ဒွယံ ကရဏီယံ။ ကိံ ကထာ ဝါ တုဏှိဘာဝေါ။ ငယ်ရွယ်သူများ တွတ်မလား ? တိတ်မလား ?