• Asoka Inscription,  Asoka Step,  Photo,  Travel

    အသောကခြေရာ (၆)

    ဤခရီးနီးသလား၊ ငါးနာရီ လာရ၏တဲ့။  ဘယ်လို ခရီးလဲတော့မသိ။ ကိုယ့်သွားရမယ့် ခရီးကခမျာ အကြောင်းမညီညွတ်တော့ ၇နှစ်ကြာတယ်။ ၂၀၀၆ခုနှစ်က စတင်သိရှိ သင်ကြားလေ့လာခဲ့ရတဲ့ အသောကကျောက်စာတစ်ချပ်ကို ၇နှစ်ကြာမှ မျက်ဝါးထင်ထင် မြင်ခွင့်ရခိုက် ခံစားရတဲ့ အရသာကတော့ ပြောမပြနိုင်လောက်အောင်ပါပဲ။ Kolkataက The Asiatic Society ပြတိုက်ထဲမှာ သိမ်းဆည်းပြသထားတဲ့ Bairat-Bhabraကျောက်စာကို တွေ့ရဖို့ အချိန်အတော်ကြာ စောင့်ခဲ့ရတယ်။ ခုတော့ ဆန္ဒပြည့်ဝခဲ့ပါပြီ။ သွားခဲ့ရတဲ့ ခရီးကတော့ အတော် ရှည်တယ်။ ၂၀၁၃ နိုဝင်ဘာ ၂၈မှာ Chandigarhကနေ Delhiကို Busနဲ့။ ပြီးတော့ ၂၉ရက်နေ့မှာ Gayaကို လေယာဉ်နဲ့။ Buddhagayaက မဟာဗောဓိစေတီတော်မှာ ကျင်းပတဲ့ 9ကြိမ်မြောက်Int’l Tipitaka Chantingပွဲတက်။ ၆ရက်နေ့ Gayaကနေမှ ရထားနဲ့ထွက်။ Kolkataကို ရရက်နေ့မှာ ရောက်၊ The City of Joyလို့ တင်စားခံရတဲ့ Kolkataကို မရောက်တာ ၆နှစ်ရှိနေပြီ။ Howrahဘူတာရုံကြီးကို မှတ်မိနေသေးတယ်။ Rabindraတံတားရယ်၊ Hooghlyမြစ်ရယ်၊ အာရုံဦးရယ်က Kolkataမှ ကြိုဆိုပါ၏လို့ ပြောနေသလိုပင်။ စနေ၊တနင်္ဂနွေ ၂ရက် ပြတိုက်ပိတ်ထား။ ကံဆိုးချင်တော့ Kolkataက Indian Museumကြီးလဲ ပြင်ဆင်ရေးလုပ်နေတာနဲ့ ပိတ်ထားလို့ မကြည့်ရ။ ၇ရက်နေ့ မနက်စာနဲ့ နေ့လည်စာ များသွားလားမသိ။ အစာမကြေဖြစ်ပြီး အအေးမိ ဖျားချင်သလိုလိုဖြစ်။ ၈ရက်နေ့ တစ်နေ့လုံး ဘယ်မှ မသွားနိုင်။  ၉ရက်နေ့ မနက်ပိုင်းမှာ Asiatic Societyပြတိုက်ဖွင့်တာနဲ့ ဝင်ကြည့်ခဲ့ရတယ်။ ကျောက်စာကို ဓာတ်ပုံရိုက်ခွင့် လျှောက်လွှာတင်ပြီး မွန်းလွှဲပိုင်းမှာ ဓာတ်ပုံရိုက်(ဗီဒီယိုလဲ မသိမသာ ရိုက်ခဲ့)ပြီး ညနေမှာ Kolkataကနေ Buddhagayaကို ပြန်လာခဲ့တယ်။…