• Myanmar Poem,  Pāḷi,  Photo,  Poetry,  Translation

    ပိုင်စိုးဝေ-ငါအနုလောမပဋိလောမ (ပါဠိ)

    ငါနဲ့ ငါ့သိက္ခာတွေကို အနုလုံ ပဋိလုံ ဆင်ခြင်နိုင်ဖို့ပါ။ ကဗျာတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ ပိုင်စိုးဝေရဲ့ “ငါ အနုလောမ ပဋိလောမ”ပါ။ အဟံ အနုလောမပဋိလောမော မေ အတီတေ မေ သိက္ခာ ခလိတာ . တထာပိ မေ စိတ္တံ မယာ ပသိဗ္ဗကေ သုဋ္ဌု ပက္ခိပိတွာ မေ အတီတံ ပဒါလိတမေဝ . ဟန္ဒ မေ သဟာယကာ မေ ဆာယာ မေ အတီတမေဝ မေ စိတ္တေ မေ ဇီဝေါ ဝိသုဒ္ဓေါ . ဣဒါနိ ပန မေ ပသိဗ္ဗကေ အဟံ သိက္ခာပူရော === ငါ အနုလောမ ပဋိလောမ ပိုင်စိုးဝေ . ငါ့အတိတ်မှာ ငါ့သိက္ခာ ချော်လဲဖူးခဲ့။ . သို့ပေမယ့် ငါ့စိတ်ကို ငါ အိတ်မှာ အသေအချာထည့် ငါ့အတိတ်ကို ဆုတ်ဖြဲပစ်လိုက်ရဲ့။ . ကဲ..ငါ့မိတ်ဆွေတို့ရေ… ငါ့အရိပ်ဟာ ငါ့အတိတ်ပါပဲ ငါ့စိတ်မှာ ငါ့လိပ်ပြာ သန့်ရှင်းခဲ့။ . ခုတော့ ငါ့အိတ်မှာ ငါသိက္ခာအပြည့်အဝနဲ့။ ။