• English Song,  Memo,  Music,  Note,  Photo,  Translation

    Blogအက္ခရသညာတော (၃)

    ပါဠိစာပေ၏ အခန်းကဏ္ဍသည် Blogဖြစ်တည်မှုတွင် ဘယ်သို့ဘယ်ပုံ သက်ရောက်နေသနည်း။ Blogဦးအစ ပဏာမတွင် နမော တဿဖြင့် စတင်လေ့မရှိသည်မှာ သေချာသည်။ ခေတ်ရေစီးကြောင်းတွင် ပါဠိစာပေ နေရာမရသည်မှာ ထင်ရှားနေသည်ဖြစ်၍ ပါဠိစာပေနှင့် အကျွမ်းတဝင်ဖြစ်သူတို့ပင် ပိဋကတ်တော်လာသည့်အတိုင်း ဗုဒ္ဓဒေသနာဖြစ်သည့် တရားဓမ္မကို ညွှန်ပြသည့်နေရာမှသာ ပါဠိဝေါဟာရများကို အသုံးပြုသည်ကို တွေ့ရသည်။ ဤသို့  ပါဠိပါဌ်သားများကို မြင်ရတွေ့ရသည့်အခါ မရင်းနှီးမကျွမ်းဝင်သူတို့အဖို့ ပျင်းရိဖွယ်ကောင်းသည့် အနေအထားကို ခံစားမိတတ်ကြသည်။ နားလည်ပေးသင့်သည့် အနေအထား တစ်ရပ်ဖြစ်သည်။ လူအများ နားလည်နိုင်မည့် ဘာသာစကားကို အသုံးပြုမှသာ အကျိုးများစရာ အကြောင်းရှိသည်။ သို့သော် မည်သည့် နေရာတွင် ပါဠိစကားလုံးများ အသုံးပြုနိုင်မည်နည်း။ ပါဠိစာပေ ပေါက်ကွဲပျံ့ပွားရေးအတွက် Blogသည် ရာစုသစ်တွင် သင့်တော်သည့် platformတစ်ခု ဖြစ်နိုင်ပါသလား။ မြန်မာအက္ခရာဖြင့် ရေးဖွဲ့နေသည့် Blogများတွင်လည်း မြန်မာ့ရနံ့များ ဆွတ်ပျံ့နေသည်မှာ အဆန်းမဟုတ်။ ဤသည်ပင် အရသာတစ်မျိုးဖြစ်သည်။ မြန်မာစာ မြန်မာစကားဖြင့် ဖွဲ့သီထားသော Blogများသည် ပြည်တွင်းပြည်ပ နေရာအနှံ့မှ ဖန်တီးနေကြသော်လည်း မြန်မာပြည်မှာ လုပ်သည်ဟူ၍ ပြောစရာမလိုလောက်အောင် မြန်မာဆန်နေသည်ကို တွေ့ရသည်။ အချက်အလက် အကြောင်းအရာများကား စုံလွန်းလှသည်။ “က”မှ “အ”အထိ  အကုန် ရှိသည်။ ပယောဂလည်း အလွန် များသည်။ ကံကောင်းထောက်မစွာဖြင့် ပါဠိသက်ဝေါဟာရများနှင့် ၎င်းတို့၏ ဆက်နွယ်မှုများကို Blogများပေါ်တွင် အကြောင်းညီညွတ်လျှင် တွေ့ကြုံရတတ်သည်။ ဤမျှနှင့် လုံလောက်သည့် အနေအထားရောက်ပြီဟုပင် ဆိုနိုင်သည်။ မြန်မာစာပေထဲတွင် ပါဠိဝေါဟာရများ တနည်းမဟုတ် တနည်း စိမ့်ဝင်ပျံ့နှံ့နေခြင်းသည် ပါဠိစာပေ၏ ဗဟိုချက်ဖြစ်သည့် ပိဋကတ်တော်လာ အသုံးအနှုံးများ နေရာရလာခြင်းဖြစ်သည်ဟု မှတ်ယူနိုင်သည်။ နတ္ထိ၏ Blogသည် ပိဋကတ်တော်လာ ပါဠိစာပေကို အခြေခံသည့် ပါဠိဝေါဟာရများကို…

  • Asoka Step,  Photo,  Travel

    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၃)

    ပဗ္ဗတေယျာ.ယံ နဒီ၊ သီတောဒကာ နီလောဒကာ၊ ဂစ္ဆ၊ ပဝိသ၊ နှာယ၊ ခေဒံ ဝိနောဒေတုံ မလံ ဝိသောဒေတုံ၊ တောင်ကျမြစ် အေးမြမြ… ပြာလွလွ… သွား… ဝင်… ချိုး… အနွမ်းပြေ… အညစ်ပြေ…. Doonတောင်ကြားရှိ လမ်းကလေးသည် ဖြူးနေသည်။ စိမ်းလို့ စိုလို့ပင်။ လမ်းတဖက်တချက်တွင် တောင်ရိုးကြောကို ကောင်းစွာ မြင်ရသည်။ တောင်ခါးပန်းတွင် လှေခါးထစ် လယ်ကွက်များ၊ အခြေပိုင်းတွင် လယ်ကွင်းများကို တွေ့ရသည်။ လမ်းကြောအတိုင်း Kata Patharရွာသို့ တက်သွားသည်။ ဟိမဝန္တာတောင်တန်းပေါ်ရှိ Yamunotriမှ မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttarakhandပြည်နယ် Doonတောင်ကြားထဲရှိ Kata Patharရွာတွင် မြေပြန့်ပိုင်းကို စတင်၍ ရောက်ရှိသည်ဟု ဆိုကြသည်။ Kata Patharသည် တောင်ရိုးလေးပေါ်တွင် ရှိသည်။ ယမုနာမြစ်ကြောင်းကို တောင်ရိုးပေါ်မှ လှမ်းမြင်နေရသည်။ မြစ်ကမ်းနားရောက်အောင် အတော် ဆင်းရသေးသည်။ စာသင်ကျောင်း တစ်ကျောင်းအတွင်းမှ ဖြတ်ဆင်းလာပြီး လယ်ကွင်းများကို ဖြတ်ရသည်။ ရာသီကား ဆောင်းဦးပေါက်ဖြစ်၍ ကောက်ရိတ်ပြီးချိန်ဖြစ်သည်။ ကမ်းပါးရံပေါ်မှ တသွင်သွင်စီးနေသော မြစ်ကို တွေ့ရသည်။ ရွာသားများ ရေလမ်းကြောင်းကို ရွာဘက်သို့ စီးစေရန် ပြင်နေကြသည်။ နွေဦးရာသီ ရေသွင်းစိုက်ပျိုးရေးအတွက်ဖြစ်မည်။ ကမ်းပါးယံနားရှိ တောလမ်းလေးအတိုင်း ဆက်ဆင်းရာ မြစ်ကမ်းနံဘေးရောက်သည်။ ယမုနာမြစ်ရေသည် မယုံနိုင်လောက်အောင် ပြာလဲ့ပြီး ကြည်လင်နေသည်။ ကမ်းပါးနှစ်ဘက်တွင် ကျောက်တုံးကြီးငယ်တို့သာ တွေ့ရသည်။ တောင်ရိုးများက ယမုနာမြစ်ကို ကာရံထားကြသည်။ ပတ်ဝန်းကျင်သည် ငြိမ်သက်နေသည်။ ရေစီးသံကိုသာ ကြားရသည်။ မြစ်ကမ်းအထိ သွားပြီး တသွင်သွင်စီးနေသည့် ရေစီးကို တို့ထိကြည့်မိသည်။ စိမ့်စိမ့်လေး အေးမြနေသည်။ ဤမျှလောက် သန့်စင်ကြည်လင်နေသည့် မြစ်ထဲတွင်မှ ရေချိုးမဆင်းလိုက်ရလျှင် လူမိုက်ဖြစ်သွားနိုင်သည်။…

  • Memo,  Myanmar Poem,  Photo,  Poetry,  Quote,  Translation

    မုန်တိုင်းထဲမှ ပန်းနုရောင်အို

    ပါဝုဿကမေဃော၊ ဥဋ္ဌိတစဏ္ဍဝါတော၊ ဝိဇ္ဇုပ္ပဘာ၊ အဘိဂဇ္ဇိတာ၊ နဒီပေါက္ခရဏီတီရေ၊ ဥဂ္ဂစ္ဆနဥဒကံ၊ ဝိဇ္ဇုကလာပါ၊ သမ္ဖုဋ္ဌဝလာဟကာ၊ ဘိန္နဘာဝပ္ပတ္တော၊ ဇိဏ္ဏရုက္ခောပိ၊ ယာဝ ပထဝိတလာ၊ သန္နမိတော၊ သဗ္ဗေန သဗ္ဗံ၊ ဝိနဋ္ဌံ၊ ဝိဝဏ္ဏံ၊ ဘိန္နဇိဏ္ဏံ၊ ခဏ္ဍာခဏ္ဍံ၊ ရတ္တိံ မဟာမေဃော၊ အဘိပ္ပဝုဋ္ဌော။   သဗ္ဗရတ္တိံ၊ ဝဇိရံဝ၊ ဧကတာရကမ္ပိ၊ အသောဘိတံ၊ အနောဘာသိတံ၊ အန္ဓကာရေ၊ တိဗ္ဗမေဃေ၊ စဏ္ဍာနာဒရပ္ပတ္တေ၊ အန္တရဓာယန္တေ၊ ဘိန္နဆိဒ္ဒါ၊ ဘူမိတလာ၊ သူရင်္ကုရော၊ အာရုဏုဂ္ဂမနေ၊ တနုကမကုဠော၊ နိက္ခန္တော၊ ပုန နဝံ၊ သမ္ဖုလ္လော။ . “မုန်တိုင်းထဲမှ ကဗျာ” (ဒဂုန်တာရာ) မိုးသက်ဆင်သည် လေပြင်းဖက်၍၊ ပြိုးပြက်လျှပ်စစ် တထစ်ထစ်တည့်၊ ချောင်းမြစ်အိုင်ကမ်း ဘောင်ဘင်ယမ်းသည်၊ လျှပ်ပန်းကောက်ကွေ့ တိမ်ကိုဝှေ့လျက်၊ အက်၍ကွဲသွင် အိုသစ်ပင်လည်း၊ မြေပြင်အောက်ထိ ကွေးညွှတ်အိ၍၊ ရှိရှိသမျှ ပျက်စီးကြသား၊ အလှကင်းမဲ့ ကျိုးပဲ့ယွင်းကာ၊ စိတ်စိတ်မွှာသည် ညခါ မုန်တိုင်း၊ တိုက်သတည်း။ . တညဥ့်ယံလုံး စိန်လျှံတင့်တင့်၊ ကြယ်တစ်ပွင့်မျှ ကြွားဝင့်အလျဉ်း၊ မလင်းမဲမဲ မှောင်မိုက်ထဲ၌၊ သဲသဲမုန်တိုင်း ရိုင်းစိုင်းစော်ကား၊ ရပ်စဲသွားသော် ပပ်ကြားအက်ကွဲ၊ မြေညွန့်ထဲမှ ရဲရင့်ကင်းငုံ၊ လင်းအရုဏ်ဝယ် မှုန်မှုန်ပုရစ်၊ ထွက်ပြူလှစ်သည် အသစ်ပြန်လည် ပွင့်သတည်း။ ။

  • Music,  Myanmar Song,  Photo,  Translation

    ငါ…ငှက်

    အနေကသတသဟဿာလောကသံဝစ္ဆရေ… ဒူရံ၊  ယော အဟဉ္စ မေ ဘဝေါ စ…အတ္တနာ အတ္တနော အာကဍ္ဎနာ။ အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ အနမတဂ္ဂေ ပထေ မဂ္ဂဒေသကောပိ နတ္ထိ။ ကတ္ထ အဟံ လောကပညတ္တီသု။ အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ   ယံ မယာ ပတိဋ္ဌာပိတံ….  ဝိဒ္ဓံသိတံ တံ… ယံ မယာ ပရိစိတံ….  ပရိစ္စဇိတံ တံ… ယံ မယာ သဉ္ဇာနိတံ… ဝိဿရိတံ တံ… နေဝ အသ္မိ… န ဇာနာမိ… အတ္တနိယာ ဒေါသာ….   ယံ န သဉ္ဇာနာမိ… သော မေ အညတရော… ယံ န အဝဗုဇ္ဈာမိ… သော မေ အပရန္တော… ယံ န ပရိစယာမိ… မယိ… အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ နဿန္တော.ဟံ….. သန္တိကံ နု ခေါ မေ… ပရိယေသန္တော.ဟံ…. ဒူရံ နု ခေါ မေ… မမ မေ မဇ္ဈေ ဗျာဝဋော.ဟံ….   မနုဿကလာပါနံ အန္တရေ မေ ဇဝနစိတ္တာနိ ဝိပ္ဖါရိကာနိ ဧကော အတ္တာ အညံ ပယောဇေတိ အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ   ယတ္ထ နိဗ္ဗုတိ…. ဧသနာ အဂ္ဂိက္ခန္ဓေန မဂ္ဂဂမနပညတ္တီဟိ အဟံ အန္တရော အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ   ယံ မယာ ပတိဋ္ဌာပိတံ….  ဝိဒ္ဓံသိတံ တံ… ယံ မယာ ပရိစိတံ….  ပရိစ္စဇိတံ တံ… ယံ မယာ သဉ္ဇာနိတံ… ဝိဿရိတံ တံ… နေဝ အသ္မိ……

  • English Song,  Memo,  Music,  Photo,  Translation

    ရကောက်ဟထိုးစသတ်

    အတ္ထိ ဟိ သူရော၊ သစေ ပေဿယျာသိ တဝ အန္တောဟဒယံ။ န ဘာယိတဗ္ဗော အယံ၊ ယော တွမေဝ အသိ။ အတ္ထိ ပန ဝိဿဇ္ဇနာ၊ သစေ ဥပဂစ္ဆေယျာသိ အန္တောဝိညာဏံ အထ သောကံ ဇာနာသိ ဝိလီယိဿတိ တံ။   တတော သူရော အာဂစ္ဆတိ သဟ ထာမေန ပဋိပဇ္ဇိတုံ။ အထ တွံ ဘယာနိ ဆဋ္ဋေသိ။ အထ တွံ ဇာနာသိ သက္ကာ ပန ပဋိဇီဝိတုံ။ တသ္မာ ယသ္မိံ ဝေဒယသိ အပေက္ခာ ဝိနဋ္ဌာ ဒက္ခ တဝ အဇ္ဈတ္တံ၊ ဒဠှော ဘဝ။ အန္တေ ပန တွံ ပဿိသသိ သစ္စံ သူရော ဟိ တဝ အဇ္ဈတ္တေ။   ဒီဃော အယံ မဂ္ဂေါ။ ယဒါ တွံ လောကဿ အဘိမုခံ ကရောန္တော ဧကကော န ကောစိ ဧကဟတ္ထေနာပိ အာမန္တေတိ။ တုဝံ သန္ဓာရေတုံ၊ သက္ကောသိ ပေမံ အဓိဂန္တုံ သစေ ပရိယေသေယျာသိ တဝ အဇ္ဈတ္တေ။ အထ အန္တရဓာယိဿတိ၊ ဝေဒယသိ ယံ သုညတံ။   တတော သူရော အာဂစ္ဆတိ သဟ ထာမေန ပဋိပဇ္ဇိတုံ။ အထ တွံ ဘယာနိ ဆဋ္ဋေသိ အထ တွံ ဇာနာသိ သက္ကာ ပန ပဋိဇီဝိတုံ တသ္မာ ယသ္မိံ ဝေဒယသိ အပေက္ခာ ဝိနဋ္ဌာတိ…