• English Song,  Memo,  Music,  Note,  Photo,  Translation

    Blogအက္ခရသညာတော (၃)

    ပါဠိစာပေ၏ အခန်းကဏ္ဍသည် Blogဖြစ်တည်မှုတွင် ဘယ်သို့ဘယ်ပုံ သက်ရောက်နေသနည်း။ Blogဦးအစ ပဏာမတွင် နမော တဿဖြင့် စတင်လေ့မရှိသည်မှာ သေချာသည်။ ခေတ်ရေစီးကြောင်းတွင် ပါဠိစာပေ နေရာမရသည်မှာ ထင်ရှားနေသည်ဖြစ်၍ ပါဠိစာပေနှင့် အကျွမ်းတဝင်ဖြစ်သူတို့ပင် ပိဋကတ်တော်လာသည့်အတိုင်း ဗုဒ္ဓဒေသနာဖြစ်သည့် တရားဓမ္မကို ညွှန်ပြသည့်နေရာမှသာ ပါဠိဝေါဟာရများကို အသုံးပြုသည်ကို တွေ့ရသည်။ ဤသို့  ပါဠိပါဌ်သားများကို မြင်ရတွေ့ရသည့်အခါ မရင်းနှီးမကျွမ်းဝင်သူတို့အဖို့ ပျင်းရိဖွယ်ကောင်းသည့် အနေအထားကို ခံစားမိတတ်ကြသည်။ နားလည်ပေးသင့်သည့် အနေအထား တစ်ရပ်ဖြစ်သည်။ လူအများ နားလည်နိုင်မည့် ဘာသာစကားကို အသုံးပြုမှသာ အကျိုးများစရာ အကြောင်းရှိသည်။ သို့သော် မည်သည့် နေရာတွင် ပါဠိစကားလုံးများ အသုံးပြုနိုင်မည်နည်း။ ပါဠိစာပေ ပေါက်ကွဲပျံ့ပွားရေးအတွက် Blogသည် ရာစုသစ်တွင် သင့်တော်သည့် platformတစ်ခု ဖြစ်နိုင်ပါသလား။ မြန်မာအက္ခရာဖြင့် ရေးဖွဲ့နေသည့် Blogများတွင်လည်း မြန်မာ့ရနံ့များ ဆွတ်ပျံ့နေသည်မှာ အဆန်းမဟုတ်။ ဤသည်ပင် အရသာတစ်မျိုးဖြစ်သည်။ မြန်မာစာ မြန်မာစကားဖြင့် ဖွဲ့သီထားသော Blogများသည် ပြည်တွင်းပြည်ပ နေရာအနှံ့မှ ဖန်တီးနေကြသော်လည်း မြန်မာပြည်မှာ လုပ်သည်ဟူ၍ ပြောစရာမလိုလောက်အောင် မြန်မာဆန်နေသည်ကို တွေ့ရသည်။ အချက်အလက် အကြောင်းအရာများကား စုံလွန်းလှသည်။ “က”မှ “အ”အထိ  အကုန် ရှိသည်။ ပယောဂလည်း အလွန် များသည်။ ကံကောင်းထောက်မစွာဖြင့် ပါဠိသက်ဝေါဟာရများနှင့် ၎င်းတို့၏ ဆက်နွယ်မှုများကို Blogများပေါ်တွင် အကြောင်းညီညွတ်လျှင် တွေ့ကြုံရတတ်သည်။ ဤမျှနှင့် လုံလောက်သည့် အနေအထားရောက်ပြီဟုပင် ဆိုနိုင်သည်။ မြန်မာစာပေထဲတွင် ပါဠိဝေါဟာရများ တနည်းမဟုတ် တနည်း စိမ့်ဝင်ပျံ့နှံ့နေခြင်းသည် ပါဠိစာပေ၏ ဗဟိုချက်ဖြစ်သည့် ပိဋကတ်တော်လာ အသုံးအနှုံးများ နေရာရလာခြင်းဖြစ်သည်ဟု မှတ်ယူနိုင်သည်။ နတ္ထိ၏ Blogသည် ပိဋကတ်တော်လာ ပါဠိစာပေကို အခြေခံသည့် ပါဠိဝေါဟာရများကို…