Shouts

  • Gāthā,  Memo,  Personal,  Photo,  Shouts

    လောကီသား (recap)

    ၁၆နှစ် ရှိခဲ့ပြီ။ ဒီဂါထာအပိုင်းအစလေး ရေးခဲ့တာ ၁၆နှစ်ရှိခဲ့ပြီ။ ၁၉၉၈ခုနှစ်World Cupရယ် Father’s Dayရယ် ၂ခုပေါင်းဆုံတဲ့အခိုက် ရေးဖြစ်ခဲ့တာ။ ပါဠိစာပေမှာ ဣန္ဒဝဇီရဂါထာမျိုးက တစ်ပါဒမှာ အက္ခရာ၁၁လုံးစီ ပါတယ်။ ဒါကို ဘောလုံး၂သင်း အနေအထားရအောင် ၂ပါဒပဲ ရေးဖြစ်တယ်။ အနီအသင်းနဲ့ အနက်အသင်း ၂သင်း။ ပုံထဲမှာ အနက်အသင်းက အနီအသင်းဘက်မှာ Free Kickကန်နေတဲ့ ပုံစံလေး ဖော်ထားတယ်။ လွန်ခဲ့တဲ့ ၁၆နှစ်တုန်းကတော့ လက်နဲ့ ပုံစံဆွဲတာ။ ခုတော့ ဘောလုံးကွင်းlayoutကို onlineပေါ်က ရှာယူပြီးတော့ စာလုံးလေးတွေ နေရာချထားလိုက်တာပဲ။ ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော၊ ပုတ္တော နု တာဒိဿ ဝဓတ္ထိကော သော။ . ဗိမ္ဗိသာရသည် အဇာတသတ်အတွက် အသက်စွန့်ခဲ့ပြီးသားပါ။ ဒီသားက ဒီအဖေ့ကိုမှ အသေသတ်ချင်သတဲ့။ . အခု ၂၀၁၄ World Cupနဲ့ Father’s Dayကြုံလာပြန်တော့မှ ဒီဂါထာလေးကို သတိရမိတယ်။ ၁၉၉၈မှာ ဒီဂါထာလေးကို ရေးခဲ့စဉ် ဖခင်တစ်ယောက်အပေါ် ထားခဲ့တဲ့ သဘောထားက အခု ၂၀၁၄ရောက်တော့ အပြောင်းအလဲ ဖြစ်မသွားပါဘူး။ တစ်ခုပဲ ထူးခြားတယ်။ ရေမြေခြားနေတဲ့ ဖခင်နဲ့ ဘဝခြားသွားတာပါပဲ။ ဒါကို သိလိုက်ရတဲ့ အချိန်မှာလဲ ထိထိခိုက်ခိုက် မခံစားဖြစ်ခဲ့ဘူး။ ဝေးကွာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီမို့ ဝေးသထက်ပိုဝေးသွားတာလို့ပဲ မြင်မိတယ်။ သိတတ်တဲ့ အရွယ်ရောက်ကထဲက နီးဖို့အကြောင်း မမြင်ခဲ့လို့ ဝေးဝေးကနေလဲ မလွမ်းဖြစ်ခဲ့ဘူး။ ဘာကြောင့် ဝေးခဲ့ရ ဘယ်လို ဝေးခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဖခင်အပေါ် စွဲစွဲနစ်နစ် အတွေးအမြင်တွေ မထားခဲ့ဘူး။ ကိုယ့်ကိုကိုယ်လဲ စူးစူးနစ်နစ် အငိုအကြွေးတွေ မရှိခဲ့ဘူး။…


    ရွှေတိဂုံကို မြင်လျှင် (revisit)

    ပတိ႒ံ ပဗၺတမုဒၶနိ၊ ရမၼံ သုဝဏၰေစတိယံ။ အတိဒူရေ အဿုမုခေါ၊ ကထံ တံ အဘိဒက္ခိဏံ။ ၇၀နှစ်များ ရွှေတိဂုံကို အနောက်ဖက်မုခ်မှ တက်၍ ဘုရားဖူးလေ့ရှိသည်။ ငယ်စဉ်က အဖိုးဖြစ်သူနှင့် မနက်စောစော နေမထွက်ခင်  ရွှေတိဂုံသို့ လမ်းလျှောက်ထွက်လေ့ရှိသည်။ ငုဝါလမ်း၊ သစ်တောလမ်း၊ ရှမ်းလမ်းဘူတာရုံ၊ တရုတ်သံရုံး၊ ကလေးဆေးရုံရှေ့မှဖြတ်၊ ခရေပင်လမ်းထဲချိုး၊ မနော်ဟရီလမ်း၊ အလုံလမ်း၊ ဦးဝိစာရလမ်းမှတဆင့် ရွှေတိဂုံစေတီတော် အနောက်ဖက်မုခ်မှ တက်ဖြစ်ခဲ့သည်။ ကျောင်းပိတ်ရက် ဆောင်းတွင်း မနက်ခင်းများ ဖြစ်သည်။ မြူးတူးပျော်ပါးဆော့ကစားခဲ့သော အချိန်များကို ခုံမင်သည့် ကလေးဘဝတွင် ဘုရားသွားကျောင်းတက်သည့် ကိစ္စများသည် ထူးထူးခြားခြား မရှိလှပေ။ မှတ်မှတ်ရရ ပထမအကြိမ် ရှင်ပြုသည့်အခါ ရွှေတိဂုံရင်ပြင်တော်တွင် ရှင်လောင်းလှည့်သည့် အချိန်လေးကို သတိရမိသည်။ ရန်ကုန် အရှေ့ပိုင်းရှိ အဖိုးအဖွားများ အိမ်၌ နွေရာသီကျောင်းပိတ်ရက် နေပြီး ရန်ကုန် အနောက်ပိုင်းရှိ အဖိုးအဖွားများ အိမ်သို့ အပြန်တွင် ဦးလေးဖြစ်သူက BSAဆိုင်ကယ်ကြီးဖြင့် လိုက်ပို့၍ ဦးထောင်ဘိုကုန်းအတိုင်းဖြတ်စဉ် ရွှေတိဂုံကို လှမ်း၍ ဖူးမြင်ခဲ့ရသည်ကိုလည်း အမှတ်ရမိသည်။ ၇၀နှစ်များနှောင်းပိုင်း ကလေးဘဝ၏ အာရုံများထဲတွင် ရွှေတိဂုံပုံတော်သည် ထင်ထင်ရှားရှား မရှိခဲ့ပေ။ ၈၀နှစ်များ ရွှေတိဂုံကို အရှေ့ဖက်မုခ်မှ တက်၍ ဘုရားဖူးလေ့ရှိသည်။ ဗိုလ်မင်းရောင်လမ်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ သိမ်ဖြူလမ်း၊ သိမ်ဖြူကွင်း၊ ဆရာဝန်အသင်းတိုက်ရှေ့မှဖြတ်၊ ကန်တော်ကြီး ပတ်လမ်း၊ ဦးထောင်ဘိုလမ်းဆုံ၊ ဗဟန်းလမ်း၊ ကြားတောရလမ်း (တခါတရံ၊ ဗဟန်း ၁၊၂၊၃လမ်း၊ ရေတာရှည်လမ်းဟောင်း)တို့ကို ဖြတ်၍ အရှေ့ဖက်မုခ်မှ တက်ကာ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်ခဲ့သည်။ အရှေ့ဖက်မုခ်လမ်းကျဉ်းလေး၊ စောင်းတန်းကျဉ်းကျဉ်းလေးကိုလည်း သတိရမိသည်။ အပြန်တွင်မူ တောင်ဘက်မုခ် စောင်းတန်းမှ ဆင်း၍ ဦးထောင်ဘိုကုန်းမှ ကန်တော်ကြီးသို့ ဖြတ်ဆင်းလေ့ရှိသည်။…

  • Photo,  Shouts

    အရွှေ့ခံ

    တောင်ကွက်လား ? တိုက်ကွက်လား ? …. ကြောင်ကွက်လား ? ကျားကွက်လား ? …. ဈေးကွက်လား ? ကြေးကွက်လား ? …. ကြမ်းကွက်လား? သွေးကွက်လား ?

  • Pāḷi Kabya,  Photo,  Shouts

    ဧဧငြိမ့်ငြိမ့်

    လောဟိတသောတာ ဟောန္တု ဟဒယနိန္နာ ဟဒယပေါဏာ ဟဒယပဗ္ဘာရာ မာ ဧကဗိန္ဒုပိ ဟာယိ။ သွေးရည်အလျဉ်… နှလုံးသားသို့သာ သက်ဝင်စေ… ညွတ်ကိုင်းစေ… စီးဆင်းစေ… တစ်စက်တစ်ပေါက်မှ မလျော့စေသား။

  • Cakka Gāthā,  Personal,  Photo,  Quote,  Shouts

    အ၀င်အထွက်

    ဂါထာဟောင်းတစ်ပုဒ် reviewပါ။ ဒီဂါထာလေးတွေကို ခဏခဏ ပိုစ့်လွန်းလို့ မျက်စိနောက်စရာတော့ ဖြစ်နေပြီ။ ဒါပေမယ့် အခုတလော တိုက်ဆိုင်မှုလေးတွေ  ဖြစ်လာတော့ ပြန်ပြောချင်လာတာနဲ့…။ ၀ဟန္တော စီဝရံ ဘဒ္ဒံ၊ ၀ဉ္စစိတ္တော ၀ဓာဇီဝေါ။ ၀ရသတ္တံ ၀ရံ ယာစိ၊ ၀ရဒေါယေ၀ ဆဒ္ဒန္တော။

  • Personal,  Photo,  Shouts

    အသဲအသန်

    ကိဉ္စာပိ တုဏ္ဍနခပါဒပက္ခာ ဘိန္နာ၊ ဇီဝိတန္တရာယောတိ သင်္ချမ္ပိ န ဥပေတိ။ သူရော ၀တ ဘော…။ … ယဒါ ပန ဒွိဓာ ဘိန္နော ဟဒယော၊ တဒါ သဗ္ဗေန သဗ္ဗံ ဘိဇ္ဇိဿတိ ဒွိဓာ တိဓာ စတုဓာ…အနေကဓာ။ ဘီတော ၀တ ဘော…။ ငါ၏ နှုတ်သီး, ခြေထောက်, တောင်ပံတို့ ကျိုးပဲ့…။ ငါ၏ ဇီဝိန်ကား မယိုင်မနဲ့…။ အို…ရင့်ရဲလေစွ…။ …. ငါ၏ နှလုံးအသည်း ကြွေကွဲ အားလုံး အားလုံး အပိုင်းပိုင်း ပြတ်စဲ…။ အို…ရွံ့ရှားလေစွ…။