• Asoka Inscription,  History,  Quote

    အသောကရဲ့ အက္ခရာများ-၁၅ (အပိုင်း-၂)

    နာဂလဇနသ အကသ္မာ ပလိဗောဓေ ၀။ အကသ္မာ ပလိကိလေသေ ၀ နော သိယာ လူအပေါင်းကို အကြောင်းမရှိဘဲ ဖမ်းဆီးခြင်း ညှင်းပန်းခြင်း မပြုရ။ဒေ၀ါနံပိယမင်း၏ စကားဖြင့် တောသလိမြို့ကို အုပ်ချုပ်သော မဟာမတ္တခေါ် အမတ်ကြီးတို့ကို ဤသို့ ပြောကြားရမည်။ငါတွေ့မြင်သော အကြောင်းအရာကို သင်တို့အား သိစေလို၏။ အသို့နည်း။ ငါသည် ပြုသင့်သော အမှုကို နည်းလမ်းအမျိုးမျိုးဖြင့် စတင် အားထုတ်မည်။ အကျိုးကျေးဇူးရှိသော နည်းလမ်းကို သင်တို့အား ညွှန်ကြားမည်။ ယင်းသည် အမှန်မုချ ငါအလိုရှိသော နည်းလမ်းဖြစ်၏။ သင်တို့သည် ထောင်ပေါင်းများစွာသော လူတို့၏ မှီခိုရာ ဖြစ်သောကြောင့် သူတော်ကောင်းတို့ မြတ်နိုးခြင်း၏ တည်ရာဖြစ်ရမည်။လူအပေါင်းသည် ငါ၏ သားသမီးများ ဖြစ်၏။ အသို့နည်း- ငါ၏ သားသမီးများကို ပစ္စုပ္ပန် တမလွန်နှင့် စပ်လျဉ်းသော စီးပွားချမ်းသာကို ယှဉ်စေလိုသကဲ့သို့ လူတို့၌လည်း ငါအလိုရှိ၏။ ဤစကား၏ အဓိပ္ပါယ်အလုံးစုံကို အကုန်သိကြမည်မဟုတ်။ တစုံတဦးသိသော်လည်း တစိတ်တဒေသမျှသာ သိမည်။ အားလုံး သိမည် မဟုတ်။သင်တို့သည် ဤနည်းလမ်းကို ရှုကြလော့၊ ယခု ပြောကြားမည့် စကားသည် ကောင်းစွာ စီရင်ထားသော နီတိဖြစ်၏။ တစုံတယောက်သည် အကြောင်းမဲ့ အချုပ်အနှောင်, ညှင်းပန်းနှိပ်စက်ခြင်း ခံရပါလျှင် သူနှင့် အခြားသူ အများအပြားလည်း အလွန် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ကြရ၏။ ထိုသို့သောအခါ မဇ္ဈိမပဋိပဒါကို အလိုရှိအပ်၏။ အသို့နည်း- ငြူစူခြင်း,အားမထုတ်ခြင်း, ကြမ်းကြုတ်ခြင်း, အဆောတလျင် ပြုလုပ်ခြင်း, မစွမ်းနိုင်ခြင်း, ပျင်းရိခြင်း, အအိပ်ကြူးခြင်းတို့ကြောင့် ပြီးမြောက်ခြင်း မဖြစ်နိုင်။ ထို့ကြောင့် ယင်းတရားတို့ မဖြစ်စေရာ အစဉ် အားထုတ်ခြင်းနှင့် အဆောတလျင် မပြုလုပ်ခြင်းသည် တရားအားလုံး၏ မူလဖြစ်၍…


    အသောကရဲ့ အက္ခရာများ-၁၅(အပိုင်း-၁)

    မုနိသော ပဇာ မမာ။လူအပေါင်းသည် ငါ၏ သားသမီးများဖြစ်၏။ဒေ၀ါနံပိယသ ၀စနေန တောသလိယံ မဟာမာတ နဂလပိယောဟာလကာ။ဝတ၀ိယ။ အံ ကိဆိ ဒခါမိ ဟကံ တံ ဣဆာမိ။ကိံတိ။ ကံမန ပဋိဝေဒယေဟံ။ဒုဝလတေ စ အာလဘေဟံ ဧသ ဟ မေ မောချမတ ဒုဝါလ ဧတသိ အဌသိ အံ တုဖေသု။အနုသထိ။ တုဖေ ဟိ ဗဟူသု ပါနသဟသေသု အာယတာ။ ပနယံ ဂဆေမ သုမုနိသာနံ။ သဝေမုနိသော ပဇာ မမာ။ အထာ ပဇာယေ ဣဆာမိ ဟကံ။ ကိံတိ။ သဝေန ဟိတသုခေန ဟိဒလောကိက-ပါလလောကိကာယေ ယူဇေ၀ူ တိ။ တထာ (သဝေသု) မုနိသေသု ပိ ဣဆာမိ ဟကံ နော စ ပါပုနာထ အာဝါ ဂ-မကေ ဣယံ အဌေ။ ကေဆ ၀ ဧကပုလိသေ ပါပုနာတိ ဧတံ၊ သေ ပိ ဒေသံ နော သ၀ံ။ ဒေခတ ဟိ တုဖေ ဧတံ။သုဝိဟိတာ ပိ နိတိ။ ဣယံ ဧက ပုလိသေ ပိ အထိ ယေ ဗံဓနံ ၀ါ ပလိကိလေသံ ၀ါ ပါပုနာတိ။ တတ ဟောတိအကသ္မာ တေန ဗံဓနံတိက အံနေ စ ဗဟုဇနေ ဒ၀ိယေ ဒုခီယတိ။ တတ ဣဆိတ၀ိယေဟုဖေ ဟိ။ ကိံတိ။ မဈံ ပဋိပါမေဒယေမာတိ။ ဣမေဟိ စု ဇာတေဟိ နော သံပဋိပဇတိ ဣသာယ…