• Asoka Inscription,  Asoka Step,  Photo,  Travel

    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၄)

    သေတဝရဝါရဏော.ယံ ဂဇတမော။ သုဝဏ္ဏပဗ္ဗတေ ရဇတပဗ္ဗတေ စရိတွာ၊ ဇမ္ဗုဒီပံ ပဒက္ခိဏံ ကတွာ၊ ဒက္ခိဏပဿံ ဖာလေတွာ၊ ကုစ္ဆိံ ပဝိဋ္ဌသဒိသော။ ဆင်ဖြူတော်မြတ် ရွှေငွေရောင်လျံ တောင်မြင့်မိုရ်၌ ကျင်လည် ဇမ္ဗုဒိပ်ကျွန်းကို လင်္ကျာရစ်လှည့်လည် လင်္ကျာနံပါးကို ဖွင့်လှစ် ဝမ်းကြာတိုက်သို့ သက်ဆိုက်သကဲ့သိုပင်တည်း။ ယမုနာမြစ်သည် Kata Patharရွာလေးမှ ၁၀ကီလိုမီတာနီးပါး ဆက်၍ စီးဆင်းသွားသည့်အခါ Kalsiရွာကို ရောက်သည်။ Kalsiသည် Uttarkhanပြည်နယ်၏ မြို့တော် Dehradunမှ ၅၀Kmခန့် ဝေးသည်။ တောင်ရိုးလေးပေါ်ရှိ ရွာလေးသည် မြို့ကြီးများကဲ့သို့ ဆူညံပွက်လောရိုက်မနေဘဲ ငြိမ်သက်နေသည်။ ထူးထူးထွေထွေ ရှာနေစရာမလို။ ရွာဈေးလမ်းနံဘေးတွင် အသောကကျောက်စာလမ်းညွှန် ဆိုင်းဘုတ်ထောင်ထားသည်ကို တွေ့ရသည်။ လမ်းကျဉ်းလေးအတိုင်း ဆင်းသွားရာ ကျောက်စာတိုက်ကို သပ်ရပ်သန့်ရှင်းနေသော ပန်းခြံလေးအလယ်တွင် တွေ့လိုက်ရသည်။ နေရာလေးက ငြိမ်းအေးသည်။ ကျောက်စာတိုက်ထဲတွင် ရှေးဟောင်းသုတေသနဌာနက တာဝန်ယူထိမ်းသိမ်းထားသော Kalsi Rock Edictဟု ခေါ်ကြသည့် ကျောက်စာကြီး ရှိနေသည်။ Mr. Forrestက ၁၈၆၀တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၁၂တွင် ပြည်နယ်အစိုးရမှ ကျောက်စာတိုက်ဆောက်လုပ်ပေးခဲ့သည်။ ကျောက်တုံးကြီးသည် အမြင့် ၁၀ပေ အလျား ၁၀ပေ အနံ ၈ပေခန့်ရှိပြီး အရှေ့ဘက်ခြမ်းနှင့် ဘယ်ဘက်ခြမ်းတို့တွင် ဗြဟ္မဏီအက္ခရာ၊ ပရာကရစ်ဘာသာဖြင့် ကျောက်စာများ ရေးထိုးထားသည်။ အမှတ်စဉ် (၁)မှ (၁၄)အထိ ပါဝင်သည်ဟု အသောကကျောက်စာ ပညာရှင်များက ဆိုသည်။ (ကျောက်စာမူနှင့် ဘာသာပြန်များ) ကျောက်စာတိုက်ထဲသို့ ဝင်ကြည့်၍ မရ။ မျက်နှာစာကိုမူ ဖွင့်ထား၍ ကျောက်တုံးကြီးကို ကောင်းစွာ မြင်ရသည်။ ကျောက်တုံးကြီး ရှေ့တွင် ရပ်လျက် ကျောက်စာများကို ဖတ်ဖို့ရန် စိတ်ကူး မရ။ ကျောက်တုံးကြီးရှေ့သို့ ရောက်ဖြစ်သည့်အနေအထားကိုပဲ…


    အသောကခြေရာ (၅)

    Indiaအနောက်မြောက်ပိုင်း Uttarakhanပြည်နယ်ရဲ့ မြို့တော် Dehradunနဲ့ ကီလိုမီတာ ၅၀ ဝေးတဲ့ Kalsiရွာလေးမှာ အသောကပဓာနကျောက်ဆောင်စာ ရှိတယ်။ ဒီနေရာလေးကို သွားဖို့ အာရုံရနေတာ အတော် ကြာပြီ။ Google Mapပေါ်ကနေ ဝေ့ဝိုက်ပြီး ကြည့်နေဖြစ်တာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ယမုနာမြစ်တစ်ကြောမှာ အသောကကျောက်စာတွေ အတော် တွေ့ရတယ်။ မြစ်ဖျားပိုင်းမှာ Kalsiကျောက်စာ၊ မြစ်လယ်ပိုင်းမှာ Topraကျောက်စာတိုင်၊ Meerutကျောက်စာတိုင်၊ Dehil-Bahapurကျောက်စာ၊ မြစ်ဆုံးပိုင်းမှာ Allahabad-Kosamကျောက်စာတိုင်တွေပါ။ အကြောင်းညီညွတ်မှပဲ Kalsiကို ရောက်ဖြစ်တော့တယ်။ ရွာလေးရဲ့ ဈေးလမ်းမပေါ်က လမ်းညွှန်ဆိုင်းဘုတ်ကိုသာ မတွေ့ရင် ရွာလည်နေအုံးမှာ။ တောင်ရိုးက ညိုံ့ညို့  ဆောင်းဦးက အေးအေး နေခြည်က နုနု ကျောက်စာတိုက်လေးက ငြိမ်ငြိမ် ဟိမဝန္တာတောင်ခြေပိုင်း Doonတောင်ကြားက Kalsiရွာနားမှာ စီးဆင်းနေတဲ့ ယမုနာမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ ရှိနေတဲ့ အရှည် ၁၀ပေ၊ အမြင့် ၁၀ပေ၊ အထု ၈ပေရှိတဲ့ ကျောက်တုံးကြီးကို ၁၈၆၀မှာ ရှာတွေ့ခဲ့တယ်။ ၁၉၂၀မှာ ကျောက်စာတိုက် ဆောက်လုပ်ခဲ့ပြီး Archeological Survey of Indiaက စောင့်ရှောက်ထားတယ်။ ကျောက်တုံးကြီးရဲ့ အရှေ့ဘက်နဲ့ ဘယ်ဘက်ခြမ်းတွေမှာ ကျောက်စာတွေကို ရေးထိုးထားတယ်။ ညာဘက်ခြမ်းမှာတော့ ဆင်ရုပ်နဲ့ အခြေမှာ “ဂဇတမ”လို့ ရေးထွင်းထားတယ်။ A. Cunninghamရဲ့ Inscriptions of Asokaစာအုပ်ထဲမှာ ပါတဲ့ ကျောက်စာမူတွေကို ဒီနေရာက ရတယ်။ မြန်မာနဲ့ အင်္ဂလိပ်ဘာသာပြန်အချို့ကို ဖတ်လို့ရအောင် အသောကခြေရာမှာ လမ်းကြောင်းတွေ ပေးထားတယ်။ ယမုနာမြစ်ဖျားက ဒီနေရာလေးကို ရောက်ဖြစ်ခဲ့တာ တကယ့်ကို ကြည်နူးမိတယ်။ အသောကကျောက်စာတွေကို လေ့လာရင်း အသောကခြေရာနောက်လိုက်ရတာ အတော့်ကို အရသာရှိတယ်။ ဇမ္ဗူဒိပ်မှာ အသောကခြေရာချထားခဲ့တာတွေက များလှတော့…