• Memo,  Myanmar Poem,  Poetry

    Phoenixနှင်းဆီ

    ပါဠိဂါထာတွေ မရေးဖြစ်တာ အတော် ကြာနေပြီ။ ဆယ်စုနှစ် တစ်ခုစာလောက်ကို ကြာနေပြီ။ အရင်ကတော့ ဂါထာတွေ ဖွဲ့သီရရင် ပျော်နေတာ။ ခုနောက်ပိုင်းတော့ ဘယ်လိုဖြစ်တယ်မသိ။ သူများတွေ ရေးထားတဲ့ ကဗျာတွေ ပါဠိဘာသာပြန်ရတာကို ပိုသဘောကျလာတယ်။ နှစ်သက်မိတဲ့ သီချင်းတွေ ကဗျာတွေ အကြောင်းသင့်ရင် ဘာသာပြန်ဖြစ်တယ်။ ပါဠိစာပေက အငြိမ်လိုင်းဆိုတော့ အရမ်းလှုပ်နေတဲ့ စာပေဂီတတွေနဲ့တော့ တသားထည်း ပုံစံချလို့ မရဘူး။ တစ်ချို့ ကဗျာဂီတတွေက တည်ငြိမ်တယ်။ ဒါဆို ပါဠိဘာသာပြန်ဖို့ အတော် အဆင်ပြေတာ။ အခုလည်း ကဗျာတစ်ပုဒ် ဘာသာပြန်မိတယ်။ အမိကို တမ်းတနေတတ်တဲ့ အမိမြေကို လွမ်းလျနေတတ်တဲ့ သူတစ်ယောက်အနေနဲ့ အမိကို ဖွင့်ဟတိုင်တည်ချင်တဲ့ စကားလုံးတွေ အများကြီးထဲက သိပ်သည်းကျစ်လစ် ထိရောက်စွဲနစ်ဖွယ် “မိခင်၏ နှောင်ကြိုးတို့ကို ဖြေပါအံ့” အစချီတဲ့ ကဗျာစာသားလေးတွေကို နှစ်သက်မိတာ အမှန်ပါ။ ဖတ်မိတာတော့ ကြာပါပြီ။ အခုမှပဲ ဘာသာပြန်ဖြစ်တယ်။ အမှတ်တယပါ။ အမိ ငြိမ်းအေးပါစေ… အမိမြေ ငြိမ်းအေးပါစေ… မာတုယာ ဗန္ဓနာနိ ဝိနိဗ္ဗေဌေဿာမိ၊ တိဗ္ဗဝေဒနံ တိကိစ္ဆာပေဿာမိ၊ ဓီတုယာ ထာမဝီရိယေန အာဗာဓာ ဝုဋ္ဌာပေဿာမိ။ . ပေါသကဿ ဥပကာရံ အဇာနန္တာနံ တေသံ ဇာနနတ္ထာယ အနုနယဗလံ ဓီတုယာ ဒေဟိ။ . အာဂတာဂတေ အန္တရာယေ ဓီတာ န ဘာယာမိ။ . ဧကဘဝေ ဧကမေဝ မရဏံ၊ ယေန ကေနစိ ကာရဏေန မရဏပ္ပတ္တိ၊ အနစ္ဆရိယာ ဧသာ ဓီတုယာ။ . ဓီတုယာ သင်္ကပ္ပါ ယဒါ ပရိပူရိတာ၊ တဒါ တုမှေပိ ပမောဒထ။…

  • Gāthā,  Memo,  Personal,  Photo,  Shouts

    လောကီသား (recap)

    ၁၆နှစ် ရှိခဲ့ပြီ။ ဒီဂါထာအပိုင်းအစလေး ရေးခဲ့တာ ၁၆နှစ်ရှိခဲ့ပြီ။ ၁၉၉၈ခုနှစ်World Cupရယ် Father’s Dayရယ် ၂ခုပေါင်းဆုံတဲ့အခိုက် ရေးဖြစ်ခဲ့တာ။ ပါဠိစာပေမှာ ဣန္ဒဝဇီရဂါထာမျိုးက တစ်ပါဒမှာ အက္ခရာ၁၁လုံးစီ ပါတယ်။ ဒါကို ဘောလုံး၂သင်း အနေအထားရအောင် ၂ပါဒပဲ ရေးဖြစ်တယ်။ အနီအသင်းနဲ့ အနက်အသင်း ၂သင်း။ ပုံထဲမှာ အနက်အသင်းက အနီအသင်းဘက်မှာ Free Kickကန်နေတဲ့ ပုံစံလေး ဖော်ထားတယ်။ လွန်ခဲ့တဲ့ ၁၆နှစ်တုန်းကတော့ လက်နဲ့ ပုံစံဆွဲတာ။ ခုတော့ ဘောလုံးကွင်းlayoutကို onlineပေါ်က ရှာယူပြီးတော့ စာလုံးလေးတွေ နေရာချထားလိုက်တာပဲ။ ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော၊ ပုတ္တော နု တာဒိဿ ဝဓတ္ထိကော သော။ . ဗိမ္ဗိသာရသည် အဇာတသတ်အတွက် အသက်စွန့်ခဲ့ပြီးသားပါ။ ဒီသားက ဒီအဖေ့ကိုမှ အသေသတ်ချင်သတဲ့။ . အခု ၂၀၁၄ World Cupနဲ့ Father’s Dayကြုံလာပြန်တော့မှ ဒီဂါထာလေးကို သတိရမိတယ်။ ၁၉၉၈မှာ ဒီဂါထာလေးကို ရေးခဲ့စဉ် ဖခင်တစ်ယောက်အပေါ် ထားခဲ့တဲ့ သဘောထားက အခု ၂၀၁၄ရောက်တော့ အပြောင်းအလဲ ဖြစ်မသွားပါဘူး။ တစ်ခုပဲ ထူးခြားတယ်။ ရေမြေခြားနေတဲ့ ဖခင်နဲ့ ဘဝခြားသွားတာပါပဲ။ ဒါကို သိလိုက်ရတဲ့ အချိန်မှာလဲ ထိထိခိုက်ခိုက် မခံစားဖြစ်ခဲ့ဘူး။ ဝေးကွာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီမို့ ဝေးသထက်ပိုဝေးသွားတာလို့ပဲ မြင်မိတယ်။ သိတတ်တဲ့ အရွယ်ရောက်ကထဲက နီးဖို့အကြောင်း မမြင်ခဲ့လို့ ဝေးဝေးကနေလဲ မလွမ်းဖြစ်ခဲ့ဘူး။ ဘာကြောင့် ဝေးခဲ့ရ ဘယ်လို ဝေးခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဖခင်အပေါ် စွဲစွဲနစ်နစ် အတွေးအမြင်တွေ မထားခဲ့ဘူး။ ကိုယ့်ကိုကိုယ်လဲ စူးစူးနစ်နစ် အငိုအကြွေးတွေ မရှိခဲ့ဘူး။…