• Myanmar Poem,  Pāḷi,  Photo,  Poetry,  Translation

    ညိုမြ-အနိုင်မခံ (ပါဠိ)

    နွေဦးနှင့် အတူ လွင့်ပျံ့လာတဲ့ တော်လှန်ရေးဟာ ကဗျာမဆန်ပါဘူး။  ဒါပေမယ့် World Poetry Dayအမှတ်တရ ကဗျာတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ W.E. Henleyရဲ့ “Invictus”ကို ညိုမြ မြန်မာမှုပြုထားတဲ့ “အနိုင်မခံ”ပါ။ အမိမြေမှာ ရက်စက်ကြမ်းကြုတ်မှုကြောင့် ထိခိုက်နာကျင်ခံစားရသူတွေ အားလုံးအတွက်ပါ။ တတော ရတ္တိယာ၊ ယာ ဩနဒ္ဓတိ မံ အန္ဓကာ​ရော အာဝါဋော ဝိယ ဂမ္ဘီရော အဟံ အဘိတ္ထဝါမိ ယေ ဝါ တေ ဝါ ဒေဝေ မေ အဇေတဗ္ဗဇီဝတ္ထာယ . လောကဓမ္မာနံ ကက္ခဠမုဋ္ဌိယံ (ပတန္တော) နေဝါဟံ ကမ္ပိံ န ပရောဒိံ ကမ္မကတာနံ ဟေဋ္ဌတာဠကေဟိ မေ သီသံ လောဟိတမက္ခိတံ၊ တထာပိ အနမိတံ . ယတ္ထ ကောပေါ ပရိဒေဝါ၊ တတော ပရံ အာဝိဘူတံ ဒိဿတိ မရဏက္ခဏော အပိ စ ဘိံသနကကာလော ပဿတိ အထ ပဿိဿတိ မံ အဘီတံ . ကိဉ္စာပိ သုဂတိဒွါရံ သမ္ဗာဓံ ကိဉ္စာပိ ယမဿ လိပိပဏ္ဏေ ဒဏ္ဍေဟိ သဟ အာရောပိတော အဟံ ဣဿရော မေ နိယတိယာ အဟံ နာယကော မေ ဇီဝဿ ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ဤမှောင်မိုက်တွင်းမှ နေ၍အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ကိုဖန်ဆင်းပေးသည့် နတ်သိကြားတို့အားငါ ကျေးဇူးဆိုပါ၏။.လောကဓံ တရားတို့၏ရက်စက်ကြမ်းကြုတ်သောလက်ဆုပ်တွင်းသို့ ကျရောက်နေရသော်လည်းငါကား မတုန်လှုပ်၊ မငိုကြွေး။ကံတရား ၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ညွှတ်ကား မညွှတ်။.ဤ ဒေါသ လောဘတို့…