Asoka Dhamma

  • Asoka Dhamma,  Asoka Inscription,  Asoka Step,  History,  Note,  Quote

    အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၈)

    Meena Talimရဲ့ Edicts of King Aśoka: New Visionစာအုပ်ထဲက Dhauliနဲ့ Jaugadaကလိင်္ဂကျောက်စာ ပါဠိမူများပါ။  ကလိင်္ဂကျာက်စာရှိတဲ့နေရာကို သွားနိုင်ဖို့ ဘယ်လောက်များ အချိန်ယူရအုံးမလဲတော့ မသိဘူး။ အကွာအဝေးက သိပ်မများပေမယ့် အကွာအဟက များနေတာ ခက်တယ်။ အိပ်မက်ကတော့ မက်နေအုံးမှာပါ။ ကျောက်စာရှိတဲ့နေရာရောက်တော့လဲ ကျောက်တုံးကြီးတွေပေါ်က စာတွေကို ဖတ်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမြင်နဲ့ အတွေ့တွေက အနေအထားတစ်မျိုးပြောင်းသွားနိုင်တယ်။ စစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ သိနားလည်ဖို့ စစ်သားတစ်ယောက်ဖြစ်ဖို့လိုအပ်သလား။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဖြစ်ဖို့ လိုအပ်သလား။ Commander in Chiefတစ်ယောက်လို တိုက်မိန့်ပေးတတ်ဖို့ လိုသလား။ Peacemakerတစ်ယောက်လို နားချတတ်ဖို့ လိုသလား။ အသေခံဗုံးခွဲဖို့ လိုသလား။ ဝတ်ပြုဆုတောင်းဖို့ လိုသလား။ သေနတ်ပြောင်းဝက ကျည်ဆံ တစ်တောင့်လို အားကောင်းဖို့ လိုသလား။ ချိုးငှက်နှတ်ခမ်းကြားက သံလွင်ခက်လို ပျော့ပြောင်းဖို့ လိုသလား။ ဘီစီ ၃ရာစုက ရေးထိုးထားခဲ့တဲ့ ကလိင်္ဂကျောက်စာဟာ စစ်ပြေငြိမ်းရေးစာချုပ်တစ်ခု မဟုတ်တာတော့ သေချာတယ်။ စစ်အောင်ပွဲခံ မော်ကွန်းတစ်ရပ်လဲ မဟုတ်နိုင်။ ထူးခြားတာ တစ်ခုက ကလိင်္ဂကျောက်စာတွေထဲမှာ ဝိဇယဆိုတဲ့ အသုံးအနှုံး မပါတာပါပဲ။ ဓမ္မဝေါဟာရကလဲ ရှားရှားပါးပါး ၂လုံးပဲ ပါတယ်။ ကလိင်္ဂစစ်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရေးထိုးထားတဲ့ ပဓာနကျောက်စာကြီး အမှတ်စဉ် (၁၃)ကို ကလိင်္ဂဒေသမှာ မတွေ့ရတာကလဲ ထူးခြားတာပဲ။ ဘာပဲဖြစ်ဖြစ် စစ်ပွဲအပြီးမှာ ပေါ်ထွက်လာတဲ့ အသောကရဲ့ သက်ပြင်းရှိုက်သံတွေကို ကလိင်္ဂကျောက်စာကတဆင့် ခံစားကြားသိနိုင်တာကတော့ အမှန်ပါပဲ။ ကလိင်္ဂကျောက်စာကြီးတွေ ရှိရာအရပ်ကို ရောက်ရင်တော့ ဒီစစ်ပွဲကြီးပြီးရင် ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဘာသာပြန်ဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ အခုတော့ စာအုပ်ထဲက ဒီကျောက်စာကို ဖိုင်ဘာကြိုးမျှင်တွေထဲ မျှောထည့်လိုက်တော့မယ်…။

  • Asoka Dhamma,  Asoka Inscription,  Quote

    အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၅)

    အိန္ဒိယတလွှားမှာ အသောကရဲ့ ပဓာနကျောက်စာတိုင် ၆-တိုင် တွေ့ရှိထားတယ်။ (၁) Delhi-Topra, (၂) Delhi-Meerut, (၃) Allahabad-Kosam, (၄) Lauriya-Araraj, (၅) Lauriya-Nandangarh (၆) Rampurwa ။ Delhi-Topraကျောက်စာတိုင်ကို မူလနေရာဖြစ်တဲ့ Topra, Ambala, Haryanaပြည်နယ်ကနေ Delhiကို ရွှေ့လာခဲ့တာပါ။ Delhi-Meerutကျောက်စာတိုင်လဲ Meerut, Uttar Pradeshပြည်နယ်ကနေ Delhiကို ရွှေ့ထားတာပါ။ Allahabad-Kosamကျောက်စာတိုင်လဲ Kosamကနေ Allahabad, Uttar Pradeshပြည်နယ်ကို ရွှေ့ထားတာလို့ ယူဆထားကြတယ်။

  • Asoka Dhamma,  Asoka Inscription,  Photo

    ဓမ္မ, အသောကနဲ့ အက္ခရာများ

    အသောကကျောက်စာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ လက်လှမ်းမှီရာ ရှာဖွေစုဆောင်းနေတာ မပြီးနိုင်သေးဘူး။ အသောကကျောက်စာ ဘာသာပြန်တွေ စုစည်းထားတဲ့ “အသောကရဲ့ အက္ခရာများ”ပိုစ့်တွေကတော့ ၁၉အထိရောက်နေပြီ။ နောက်ဆုံးရေးခဲ့တဲ့ ပိုစ့်တောင် ၂နှစ်ကျော် ကြာခဲ့ပြီ။ ဘလော့ဂ်ထက် အက္ခရာတင်တာကလဲ ကျောက်ထက်အက္ခရာ တင်ရတာထက်တောင် ကြာနေသလိုဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ဆက်ရေးဖို့ ကြိုးစားရအုံးမယ်။ အခု စိတ်ကူးပေါ်လာတာက “အသောကဓမ္မ”။ အသောကကျောက်စာတွေထဲက ကျောက်စာ ၂၁ခုမှာ “ဓမ္မ” ဆိုတဲ့ ဝေါဟာရတွေ ၁၀၇ကြိမ် ရေးထားတယ် (ထပ်တွေ့ရင် ထပ်တိုးလာနိုင်သေးတယ်)။ “ဓမ္မ”ဆိုတဲ့ ဝေါဟာရ သီးသန့်လဲ တွေ့ရတယ်။ တစ်ခြားဝေါဟာရနဲ့ တွဲနေတဲ့ “ဓမ္မ”လဲ တွေ့ရတယ်။ ကျောက်တိုင်စာတစ်ခုမှာဆို “ဓမ္မ” ၂၉လုံး ရေးထွင်းထားတယ်။ ဒါကြောင့်လဲ “အသောကဓမ္မ”ဆိုပြီး နာမည်ရတာပဲ။ အသောကဓမ္မ”နဲ့ ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကနေ ပြောထားတာတွေ ရှိတယ်။ ဘာသာရေး, လှုမှုရေး, နိုင်ငံရေး…စုံလို့ပဲ။ ဒီမှာ ပြောချင်တာက တစ်ခုထဲ။ အသောကကျောက်စာထဲက “ဓမ္မ” ဝေါဟာရတွေကို ပိဋကစာပေထဲမှာ အသုံးပြုထားတဲ့ “ဓမ္မ”တွေနဲ့ ညှိပြီး နှိုင်းယှဉ်ပြချင်တာပဲ။ အဲဒီမှာ တွေ့ရတာက…အသောကဓမ္မတွေဟာ ပိဋကအသုံး ဓမ္မတွေနဲ့ ဝေါဟာရအားဖြင့် လုံးဝ ထပ်တူညီတာတွေ တွေ့ရသလို ပိဋကမှာ ရှာမတွေတဲ့ အတွဲတွေလဲ တွေ့ရတယ်။ ကျောက်စာထဲက “ဓမ္မ“နဲ့ ပိဋကထဲက “ဓမ္မ” အဓိပ္ပါယ်အနေနဲ့လဲ တူတာတွေ ရှိသလို မတူတာတွေလဲ ရှိတယ်။ ဒီတော့ “ဝေါဟာရပကာသနီ”နဲ့ “အဓိပ္ပါယပကာသနီ”… ဒါတွေကိုလဲ ရေးဖြစ်မယ်။ ဒါ့အပြင် အသောကကျောက်စာတွေထဲက “ဓမ္မ”တွေရဲ့ ဆိုလိုရင်းကို ရှင်းပြရင်း, အသောကဓမ္မနဲ့ ထပ်တူညီတဲ့ ပိဋကဓမ္မတွေ ပါတဲ့ ဆိုင်ရာ သုတ္တန်တွေ အကြောင်း အကြမ်းဖျင်းလဲ…