• Music,  Myanmar Poem,  Myanmar Song,  Poetry

    ခင်မောင်တိုး – သိန်းငှက်တို့ရဲ့ သဘာ၀ (ပါဠိ)

    သိန်းငှက်တို့ရဲ့ သဘာဝဆို – ခင်မောင်တိုး ၊ ရေး – မောင်ဒီပါဠိဘာသာပြန် – နတ္ထိ (Gold Edition)

  • Myanmar Poem,  Pāḷi,  Poetry,  Translation

    မောင်ဒီ-အောင်ပွဲ (ပါဠိ)

    ကဗျာတစ်ပုဒ်ကို နားနဲ့ ဆတ်ဆတ် ကြားဖူးပြီးရင်… ကဗျာတစ်ပုဒ်ကို မျက်ဝါး ထင်ထင် မြင်ဖူးပြီးရင် ဒီကဗျာတစ်ပုဒ်ဟာ ရင်ဘတ်ထဲ ရောက်ဖူးနေပါပြီ။ ဒီနေ့တော့ ကိုယ်တိုင် ကြားဖူး မြင်ဖူးတဲ့ လတ်လတ်ဆတ်ဆတ် ကဗျာတစ်ပုဒ်နဲ့ နှစ်ပါးသွားရင်း ပါဠိဘာသာပြန်ဖြစ်တယ်။ ဆရာဒီရဲ့ အောင်ပွဲပါ…။ သန္တိ နာမ န စေဝ ဇယော န စ ပရာဇယော ပဥှာ ပန ဧကသင်္ချာ ဝိယ သမီကာရေဟိ ပဒါပဒေန ဧကာယ ဧကာ ဝိဿဇ္ဇိတာ ပရိယောသာနကာလေ ဝိပါကော နာမ ဝိဇယော သေသော ဟိ သုညောယေဝ အောင်ပွဲ (မောင်ဒီ) +++===+++ ငြိမ်းချမ်းရေးဆိုတာ အနိုင်ယူခြင်းမဟုတ်သလို အရှုံးပေးခြင်းလည်း မဟုတ်။ ပြဿနာဆိုတာ သင်္ချာတပုဒ်ပမာ ညီမျှခြင်းတွေ အဆင့်ဆင့်နဲ့ တဆင့်ပြီးတဆင့် ဖြေရှင်းကြရတာ။ ပြီးမြောက်သွားတဲ့အခါ ရလာဒ်မှာ အောင်ပွဲဖြစ်၍ အကြွင်းက သုညသာ။ ။

  • Music,  Myanmar Song,  Pāḷi,  Photo,  Poetry,  Translation

    သိမ်းငှက်တို့ရဲ့ သဘာ၀ (ပါဠိ)

    ဆရာဒီဆီက “လေညင်းကလေး” ကဗျာစာအုပ် လက်ဆောင်ရခဲ့တယ်။ သူနဲ့ ပထမအကြိမ် တွေ့ဖြစ်ခဲ့တာက အလှသစ်ပြခန်းမှာ ခင်းကျင်းတဲ့ သူရဲ့ Eyes of Inner Mind Seriesပြပွဲမှာ။ ဒုတိယအကြိမ်မြောက်က Equation Seriesမှာ။ အကြောင်းညီညွတ်လို့ ဆရာ့ဆီက အရောင်အဆင်း အတွေးအမြင် အကြောင်းအရာ အဆက်အစပ်တွေ အနည်းငယ် သိကြားခွင့် ရခဲ့တယ်။ Eyes of Inner Mind Seriesရဲ့ Headlineက “I see. I know. I understand.” အမှတ်တရ ပါဠိဘာသာပြန်မိခဲ့တာက “အဟံ ပဿာမိ၊ အဟံ ဇာနာမိ၊ အဟံ ဗုဇ္ဈာမိ။” Equation Seriesရဲ့ Headlineက “Balance + Zero = Law (B + 0 = L)”။ ဒါကို ပါဠိလို “မဇ္ဈတ္တံ + သုညတံ = ဓမ္မံ” လို့ ပြန်ဆိုမိခဲ့တယ်။ (ဆရာဒီရဲ့ ပြပွဲတစ်ခုကို 3xvivr Virtual Reality Productionက မှတ်တမ်းတင်ထားရှိတယ်။  ဒီမှာပါ.. https://my.matterport.com/show/?m=PYQPcyeciC2 ) Equationပန်းချီပြပွဲမှာ သူက ကဗျာစာအုပ် လက်ဆောင်ပေးရင် “အောင်ပွဲ”ကဗျာလေးနဲ့ Equation Seriesပြပွဲ ဆက်နွယ်ပုံကို ရှင်းပြခဲ့တယ်။ ကျန်တဲ့ ကဗျာတွေကို ဖတ်ရင်း ကဗျာတစ်ပုဒ်မှာ ခဏ ရပ်မိသွားရင်း သီချင်းတစ်ပုဒ်ကို ကြားယောင်လာမိတယ်။ ခင်မောင်တိုးရဲ့ “ငှက်တို့ရဲ့ သဘာဝ”။ ဆရာဒီရဲ ကဗျာမူရင်းအတိုင်း စာသားမပြင်ဘဲ ကိုရဲလွင်က သံစဉ်ထည့်ပေးထားတာ။ ထုံးစံအတိုင်း မဇ္ဈိမလှိုင်းနဲ့ပေါ့။ တေးသွားကို ပြန်လည် နားဆင်ရင်း ကဗျာကို…