• Asoka Inscription,  Asoka Step,  Photo,  Travel

    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၄)

    သေတဝရဝါရဏော.ယံ ဂဇတမော။ သုဝဏ္ဏပဗ္ဗတေ ရဇတပဗ္ဗတေ စရိတွာ၊ ဇမ္ဗုဒီပံ ပဒက္ခိဏံ ကတွာ၊ ဒက္ခိဏပဿံ ဖာလေတွာ၊ ကုစ္ဆိံ ပဝိဋ္ဌသဒိသော။ ဆင်ဖြူတော်မြတ် ရွှေငွေရောင်လျံ တောင်မြင့်မိုရ်၌ ကျင်လည် ဇမ္ဗုဒိပ်ကျွန်းကို လင်္ကျာရစ်လှည့်လည် လင်္ကျာနံပါးကို ဖွင့်လှစ် ဝမ်းကြာတိုက်သို့ သက်ဆိုက်သကဲ့သိုပင်တည်း။ ယမုနာမြစ်သည် Kata Patharရွာလေးမှ ၁၀ကီလိုမီတာနီးပါး ဆက်၍ စီးဆင်းသွားသည့်အခါ Kalsiရွာကို ရောက်သည်။ Kalsiသည် Uttarkhanပြည်နယ်၏ မြို့တော် Dehradunမှ ၅၀Kmခန့် ဝေးသည်။ တောင်ရိုးလေးပေါ်ရှိ ရွာလေးသည် မြို့ကြီးများကဲ့သို့ ဆူညံပွက်လောရိုက်မနေဘဲ ငြိမ်သက်နေသည်။ ထူးထူးထွေထွေ ရှာနေစရာမလို။ ရွာဈေးလမ်းနံဘေးတွင် အသောကကျောက်စာလမ်းညွှန် ဆိုင်းဘုတ်ထောင်ထားသည်ကို တွေ့ရသည်။ လမ်းကျဉ်းလေးအတိုင်း ဆင်းသွားရာ ကျောက်စာတိုက်ကို သပ်ရပ်သန့်ရှင်းနေသော ပန်းခြံလေးအလယ်တွင် တွေ့လိုက်ရသည်။ နေရာလေးက ငြိမ်းအေးသည်။ ကျောက်စာတိုက်ထဲတွင် ရှေးဟောင်းသုတေသနဌာနက တာဝန်ယူထိမ်းသိမ်းထားသော Kalsi Rock Edictဟု ခေါ်ကြသည့် ကျောက်စာကြီး ရှိနေသည်။ Mr. Forrestက ၁၈၆၀တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၁၂တွင် ပြည်နယ်အစိုးရမှ ကျောက်စာတိုက်ဆောက်လုပ်ပေးခဲ့သည်။ ကျောက်တုံးကြီးသည် အမြင့် ၁၀ပေ အလျား ၁၀ပေ အနံ ၈ပေခန့်ရှိပြီး အရှေ့ဘက်ခြမ်းနှင့် ဘယ်ဘက်ခြမ်းတို့တွင် ဗြဟ္မဏီအက္ခရာ၊ ပရာကရစ်ဘာသာဖြင့် ကျောက်စာများ ရေးထိုးထားသည်။ အမှတ်စဉ် (၁)မှ (၁၄)အထိ ပါဝင်သည်ဟု အသောကကျောက်စာ ပညာရှင်များက ဆိုသည်။ (ကျောက်စာမူနှင့် ဘာသာပြန်များ) ကျောက်စာတိုက်ထဲသို့ ဝင်ကြည့်၍ မရ။ မျက်နှာစာကိုမူ ဖွင့်ထား၍ ကျောက်တုံးကြီးကို ကောင်းစွာ မြင်ရသည်။ ကျောက်တုံးကြီး ရှေ့တွင် ရပ်လျက် ကျောက်စာများကို ဖတ်ဖို့ရန် စိတ်ကူး မရ။ ကျောက်တုံးကြီးရှေ့သို့ ရောက်ဖြစ်သည့်အနေအထားကိုပဲ…


    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၃)

    ပဗ္ဗတေယျာ.ယံ နဒီ၊ သီတောဒကာ နီလောဒကာ၊ ဂစ္ဆ၊ ပဝိသ၊ နှာယ၊ ခေဒံ ဝိနောဒေတုံ မလံ ဝိသောဒေတုံ၊ တောင်ကျမြစ် အေးမြမြ… ပြာလွလွ… သွား… ဝင်… ချိုး… အနွမ်းပြေ… အညစ်ပြေ…. Doonတောင်ကြားရှိ လမ်းကလေးသည် ဖြူးနေသည်။ စိမ်းလို့ စိုလို့ပင်။ လမ်းတဖက်တချက်တွင် တောင်ရိုးကြောကို ကောင်းစွာ မြင်ရသည်။ တောင်ခါးပန်းတွင် လှေခါးထစ် လယ်ကွက်များ၊ အခြေပိုင်းတွင် လယ်ကွင်းများကို တွေ့ရသည်။ လမ်းကြောအတိုင်း Kata Patharရွာသို့ တက်သွားသည်။ ဟိမဝန္တာတောင်တန်းပေါ်ရှိ Yamunotriမှ မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttarakhandပြည်နယ် Doonတောင်ကြားထဲရှိ Kata Patharရွာတွင် မြေပြန့်ပိုင်းကို စတင်၍ ရောက်ရှိသည်ဟု ဆိုကြသည်။ Kata Patharသည် တောင်ရိုးလေးပေါ်တွင် ရှိသည်။ ယမုနာမြစ်ကြောင်းကို တောင်ရိုးပေါ်မှ လှမ်းမြင်နေရသည်။ မြစ်ကမ်းနားရောက်အောင် အတော် ဆင်းရသေးသည်။ စာသင်ကျောင်း တစ်ကျောင်းအတွင်းမှ ဖြတ်ဆင်းလာပြီး လယ်ကွင်းများကို ဖြတ်ရသည်။ ရာသီကား ဆောင်းဦးပေါက်ဖြစ်၍ ကောက်ရိတ်ပြီးချိန်ဖြစ်သည်။ ကမ်းပါးရံပေါ်မှ တသွင်သွင်စီးနေသော မြစ်ကို တွေ့ရသည်။ ရွာသားများ ရေလမ်းကြောင်းကို ရွာဘက်သို့ စီးစေရန် ပြင်နေကြသည်။ နွေဦးရာသီ ရေသွင်းစိုက်ပျိုးရေးအတွက်ဖြစ်မည်။ ကမ်းပါးယံနားရှိ တောလမ်းလေးအတိုင်း ဆက်ဆင်းရာ မြစ်ကမ်းနံဘေးရောက်သည်။ ယမုနာမြစ်ရေသည် မယုံနိုင်လောက်အောင် ပြာလဲ့ပြီး ကြည်လင်နေသည်။ ကမ်းပါးနှစ်ဘက်တွင် ကျောက်တုံးကြီးငယ်တို့သာ တွေ့ရသည်။ တောင်ရိုးများက ယမုနာမြစ်ကို ကာရံထားကြသည်။ ပတ်ဝန်းကျင်သည် ငြိမ်သက်နေသည်။ ရေစီးသံကိုသာ ကြားရသည်။ မြစ်ကမ်းအထိ သွားပြီး တသွင်သွင်စီးနေသည့် ရေစီးကို တို့ထိကြည့်မိသည်။ စိမ့်စိမ့်လေး အေးမြနေသည်။ ဤမျှလောက် သန့်စင်ကြည်လင်နေသည့် မြစ်ထဲတွင်မှ ရေချိုးမဆင်းလိုက်ရလျှင် လူမိုက်ဖြစ်သွားနိုင်သည်။…


    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၂)

    ဝိဝရ ဒြါရံ။ ဥဇု ဝတ မေဂၢါ ပဋိပႏၷကႆ။ ဂစ္ဆ ပဒါနုပဒံ အနုဗန္ဓိတွာ။ တံခါး ဖွင့်ပါ။ လမ်းလျှောက်သူအတွက် လမ်းဖြောင့်ဆဲ။ ခြေရာကောက်ရင်း သွားပေါ့။ Dehradunသို့ သွားရန် အကြောင်းတိုက်ဆိုင်လာပုံက ဆန်းသည်။ Indian Society for Buddhist Studies၏ ၁၂ကြိမ်မြောက် နှစ်ပတ်လည် Conferenceကို တက်ရောက်၍ စာတမ်းဖတ်ရန် စိတ်ကူးရှိခဲ့သည်။ မူလက ထိုပွဲကို Uttarakhandပြည်နယ်၊ Haridwarမြို့တွင် ကျင်းပရန် စီစဉ်ထားသည်။ Haridwarမြို့သို့ ရောက်ဖူးပြီးဖြစ်သောကြောင့် သွားလိုသည့် ဆန္ဒမှာ အနည်းငယ်သာ​ ရှိခဲ့သည်။ မည့်သည့်အကြောင်းကြောင့်မှန်းမသိ။ Conferenceကျင်းပမည့် နေရာကို ထိုမြို့မှ ကီလိုမီတာ၅၀ခန့်ဝေးသော Dehradunမြို့သို့ ပြောင်းလဲလိုက်ကြောင်းကို ဖိတ်ကြားစာ ပို့လာသည့်အခါမှ သိလိုက်ရသည်။  အတိုင်းမသိ ပျော်ရွှင်မိသည်။ အမှန်တကယ် ရောက်လိုသည့် နေရာကား Dehradunပင်။ ဟိမဝန္တာတောင်ခြေ Doonတောင်ကြားရှိ ပင်လယ်ရေပြင်အထက် ပေ၂၂၀၀ခန့်တွင် တည်ရှိသော ထိုမြို့နှင့် မလှမ်းမကမ်းတွင် အသောကကျောက်စာကြီး ရှိနေသည်ကို သိထားသောကြောင့်ပင်ဖြစ်သည်။ ထိုကျောက်စာကြီးသို့ ခရီးစဉ်အိပ်မက်ကား အကောင်အထည် ပေါ်ခဲ့လေပြီ။ Dehradunရှိ Doonတက္ကသိုလ်သည် နိုဝင်ဘာဆောင်းဦးတွင် အေးမြလှပ၍ နေချင့်စဖွယ်ဖြစ်သည်။ တည်ထောင်သည်မှာ မကြာသေးသည့်အတွက် ဆောက်လုပ်ဆဲလုပ်ငန်းများကို တွေ့နေရသည်။ မနက်စောစော ကျောင်းဝင်းအတွင်း လမ်းလျှောက်ရသည်မှာ အရသာရှိလှသည်။ နေအထွက်နှင့် ပင်မကျောင်းဆောင်ကြီးကို မြင်ရသည်မှာလည်း ခမ်းနားလှသည်။ ထိုအဆောက်အဦထဲတွင် Conferenceကျင်းပသည်။ Conferenceတွင် အသောကကျောက်စာသင်ခန်းစာများကို ပို့ချပေးခဲ့သည့် Delhiတက္ကသိုလ်မှ ဆရာနှင့်လည်း ဆုံဖြစ်၍ Kalsiကျောက်စာကြီးနှင့် ပတ်သက်သော အချက်အလက်များကို မေးမြန်းစုံစမ်းဖြစ်သည်။ ကံကောင်းခြင်းလက်ဆောင်ပင်။ မိတ်ဟောင်းဆွေဟောင်းများနှင့်လည်း တွေ့ရသည်။  Indian Society for Buddhist Studiesကို စတင်…

  • Photo,  Quote,  Travel

    အသက်…ရေ

    တောင်ပေါ်က ဆင်းလာတဲ့ မြစ်တစ်စင်း မြေပြန့်ကို ရောက်တဲ့ နေရာတစ်ခုက ဘာများ အရေးပါသလဲ။ အထူးအဆန်းမဟုတ်ပေမယ့် နာမည် လှလှနဲ့ မြစ်တစ်စင်းမို့ စိတ်ဝင်စားစရာကောင်းတယ်။ ဒဏ္ဍာရီထဲက… နေမင်းရဲ့ သမီးတဲ့… ယမမင်းရဲ့ အမွှာညီမတဲ့…