• History,  Memo,  Note,  Photo

    ဒုက္ခအလှသစ္စာ

    Punjabပြည်နယ် Chandigarhမြို့ Government Museum and Art Galleryထဲမှာ ခင်းကျင်းပြသထားတဲ့ Gandhara Sculpture တွေဟာ ဘီစီ၁ရာစုကနေ အေဒီ၃ရာစုအတွင်းက ထုဆစ်ခဲ့တဲ့ ရှေးဟောင်းကျောက်ဆစ်ရုပ်တုတွေလို့ ဆိုတယ်။ ၁၉၄၇ခုနှစ် India partitionမှာ Lahoreပြတိုက်ကနေ ဝေစုအဖြစ် ရယူခဲ့လို့သာ Chandigarhပြတိုက်ထဲမှာ ရောက်နေတာ။ Indiaမှာ Calcuttaပြတိုက်ပြီးရင် Chandigarhပြတိုက်ထဲမှာ ရှိတဲ့ Gandhara Sculptureတွေဟာ ဒုတိယအများဆုံးလို့ဆိုတယ်။ ဒီဂန္ဓာရကျောက်ဆစ်ရုပ်တုတွေနဲ့ နီးနီးနားနား ရှိနေတာဟာ တကယ့်ကို ကံကောင်းတာပါပဲ။ Chandigarhမှာ နေခိုက်  ၅နှစ်ကျော် ၆နှစ်အတွင်းမှာ မှတ်မှတ်ရရ ၃ကြိမ်တော့ ရောက်ခဲ့တယ်။ Panjabတက္ကသိုလ်နဲ့ ၃ကီလိုမီတာလောက်ပဲ ဝေးပေမယ့် အကြောင်းညီညွတ်မှပဲ သွားဖြစ်ခဲ့တယ်။ ခင်းကျင်းပြသထားတဲ့ ဂန္ဓာရလက်ရာကျောက်ဆစ်ရုပ်တု ၆၀၀ကျော်ထဲမှာ ဗုဒ္ဓရုပ်ပွားတော်တွေ ဗောဓိသတ္တရုပ်ပွားတော်တွေ ဒေဝတာရုပ်တုတွေ အရွယ်စုံ တွေ့ရတယ်။ ဗုဒ္ဓဖြစ်စဉ်တွေကို ဖော်ပြထားတဲ့ ကျောက်ထွင်းဗုဒ္ဓဝင်တွေကိုလဲ တွေ့ရတယ်။ ထူးထူးခြားခြား ဂန္ဓာရမှာ စတင်မွေးဖွားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကြားမှာ မွေးဖွားခြင်းနဲ့ မိခင်ကို ကိုယ်စားပြုတဲ့ ကျောက်ဆစ်လက်ရာ ၃ခုကို တွေ့ရတယ်။ “ဇာတိပိ ဒုက္ခာ”နဲ့ “ခီဏာ ဇာတိ”တို့ရဲ့ အကွာအဟကို ကိုယ်တိုင် သိမြင်ပြီး သူတပါးတို့ကို သိမြင်စေနိုင်မယ့် သားတစ်ဦးကို မွေးဖွားပေးခဲ့တဲ့ မိခင်ရဲ့ ပုံရိပ်ဟာ လူသားအားလုံးအတွက် အနှိုင်းမဲ့တဲ့ စံအနေနဲ့ ထာဝရ တည်ရှိနေဦးမှာပါ…။ (၁) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၃ရာစုလက်ရာ) (၂) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၂ရာစုလက်ရာ) (၃) သိဒ္ဓတ္ထမွေးဖွားခြင်း (အေဒီ ၂ရာစုနှောင်းပိုင်းလက်ရာ)

  • Cakka Gāthā,  Gāthā,  Memo,  Photo

    ဘဝ, ဓမ်မနဲ့ Transformer

    Chandigarhက မြို့သစ်။ ရာစုနှစ်နဲ့ ချီနေတဲ့ ရှေးဟောင်းပစ္စည်းတွေ ကြည့်ချင်ရင် Government Museum and Arts Galleryကို သွားရတယ်။ ပြတိုက်ထဲမှာ အကြိုက်နှစ်သက်ဆုံး ပြခန်းက Gandāra Sculptureပြခန်းပါ။ Punjabပြည်နယ်ရဲ့ မြို့တော် Lahoreက Pakistanထဲ ပါသွားတော့ Lahoreပြတိုက်ထဲက Gandāra Artတွေကို Chandigarပြတိုက်အတွက် တစ်ဝက်ခွဲပြီး ယူထားတယ်လို့ ပြောတယ်။ ကံကောင်းတာပါပဲ။ Chandigarhမှာ နေရင်းနဲ့ ဗုဒ္ဓဝင်ဆိုင်ရာ Gandāra Sculptureတွေကို လေ့လာဖူးမျှော်ခွင့်ရတာ။ ရှေးဟောင်းသုတေသနဆိုင်ရာ ကျွမ်းကျင်သူတွေအတွက်ရော ဗုဒ္ဓဝင်ဆိုင်ရာလက်မှုအနုပညာကို တန်ဖိုးထားသူတွေ အတွက်ရော Gandāra Sculptureတွေဟာ အလွန် အရေးပါတယ်လို့ ဆိုကြတယ်။ ကိုယ့်အတွက်တော့ ပြခန်းထဲမှာ ငြိမ်းအေးစွာ စံပါယ်နေကြတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖူးမြင်ရတာ “ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ”ဆိုတဲ့ ဒေသနာကို ဒိဋ္ဌဓမ္မကြုံတွေ့နားလည်မိသလိုလို ခံစားမိတယ်။ ဒီနေ့ ပြတိုက်ထဲမှာ ရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်ရင်း ဝါဆိုလပြည့်နေ့အတွက် အမှတ်တယဖြစ်စရာတွေ ပြန်တွေ့တယ်။ Gandāraလက်ရာ တရားဦးဓမ္မစက် ဟောမြွက်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်ပုံတွေပါ။ A.D. ၂ရာစုနဲ့ ၃ရာစုက Gandāraဒေသမှာ ဓမ္မစက်တွေ လည်နေခဲ့တယ်ဆိုတာကို မှတ်တမ်းမှတ်ရာအနေနဲ့ ဓမ္မစက္ကမုဒြာ ဗုဒ္ဓဆင်းတုတော်တွေက အခိုင်အမာ သက်သေပြနေကြတယ်။ ဝဓာယ ဘဝစက္ကဿ၊ ဝဋ္ဋဒုက္ခာဝစာရိနော။ ဝတ္တေသိ ပဝရံ စက္ကံ၊ ဝရညူ ဘဝပါရဂူ။ ၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက် သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ ဘ၀ပါရဂူဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။ ဘဝနဲ့ စက်။ ဓမ္မနဲ့ စက်။ အလင်္ကာမြောက်တဲ့ အသုံးအနှုံးတွေ။ ဒုက္ခ + ဒုက္ခသမုဒယခရီးစဉ်လား။ ဒုက္ခနိရောဓ +…