• Asoka Step,  Photo,  Travel

    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၃)

    ပဗ္ဗတေယျာ.ယံ နဒီ၊ သီတောဒကာ နီလောဒကာ၊ ဂစ္ဆ၊ ပဝိသ၊ နှာယ၊ ခေဒံ ဝိနောဒေတုံ မလံ ဝိသောဒေတုံ၊ တောင်ကျမြစ် အေးမြမြ… ပြာလွလွ… သွား… ဝင်… ချိုး… အနွမ်းပြေ… အညစ်ပြေ…. Doonတောင်ကြားရှိ လမ်းကလေးသည် ဖြူးနေသည်။ စိမ်းလို့ စိုလို့ပင်။ လမ်းတဖက်တချက်တွင် တောင်ရိုးကြောကို ကောင်းစွာ မြင်ရသည်။ တောင်ခါးပန်းတွင် လှေခါးထစ် လယ်ကွက်များ၊ အခြေပိုင်းတွင် လယ်ကွင်းများကို တွေ့ရသည်။ လမ်းကြောအတိုင်း Kata Patharရွာသို့ တက်သွားသည်။ ဟိမဝန္တာတောင်တန်းပေါ်ရှိ Yamunotriမှ မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttarakhandပြည်နယ် Doonတောင်ကြားထဲရှိ Kata Patharရွာတွင် မြေပြန့်ပိုင်းကို စတင်၍ ရောက်ရှိသည်ဟု ဆိုကြသည်။ Kata Patharသည် တောင်ရိုးလေးပေါ်တွင် ရှိသည်။ ယမုနာမြစ်ကြောင်းကို တောင်ရိုးပေါ်မှ လှမ်းမြင်နေရသည်။ မြစ်ကမ်းနားရောက်အောင် အတော် ဆင်းရသေးသည်။ စာသင်ကျောင်း တစ်ကျောင်းအတွင်းမှ ဖြတ်ဆင်းလာပြီး လယ်ကွင်းများကို ဖြတ်ရသည်။ ရာသီကား ဆောင်းဦးပေါက်ဖြစ်၍ ကောက်ရိတ်ပြီးချိန်ဖြစ်သည်။ ကမ်းပါးရံပေါ်မှ တသွင်သွင်စီးနေသော မြစ်ကို တွေ့ရသည်။ ရွာသားများ ရေလမ်းကြောင်းကို ရွာဘက်သို့ စီးစေရန် ပြင်နေကြသည်။ နွေဦးရာသီ ရေသွင်းစိုက်ပျိုးရေးအတွက်ဖြစ်မည်။ ကမ်းပါးယံနားရှိ တောလမ်းလေးအတိုင်း ဆက်ဆင်းရာ မြစ်ကမ်းနံဘေးရောက်သည်။ ယမုနာမြစ်ရေသည် မယုံနိုင်လောက်အောင် ပြာလဲ့ပြီး ကြည်လင်နေသည်။ ကမ်းပါးနှစ်ဘက်တွင် ကျောက်တုံးကြီးငယ်တို့သာ တွေ့ရသည်။ တောင်ရိုးများက ယမုနာမြစ်ကို ကာရံထားကြသည်။ ပတ်ဝန်းကျင်သည် ငြိမ်သက်နေသည်။ ရေစီးသံကိုသာ ကြားရသည်။ မြစ်ကမ်းအထိ သွားပြီး တသွင်သွင်စီးနေသည့် ရေစီးကို တို့ထိကြည့်မိသည်။ စိမ့်စိမ့်လေး အေးမြနေသည်။ ဤမျှလောက် သန့်စင်ကြည်လင်နေသည့် မြစ်ထဲတွင်မှ ရေချိုးမဆင်းလိုက်ရလျှင် လူမိုက်ဖြစ်သွားနိုင်သည်။…

  • Photo,  Quote,  Travel

    အသက်…ရေ

    တောင်ပေါ်က ဆင်းလာတဲ့ မြစ်တစ်စင်း မြေပြန့်ကို ရောက်တဲ့ နေရာတစ်ခုက ဘာများ အရေးပါသလဲ။ အထူးအဆန်းမဟုတ်ပေမယ့် နာမည် လှလှနဲ့ မြစ်တစ်စင်းမို့ စိတ်ဝင်စားစရာကောင်းတယ်။ ဒဏ္ဍာရီထဲက… နေမင်းရဲ့ သမီးတဲ့… ယမမင်းရဲ့ အမွှာညီမတဲ့…