• Music,  Myanmar Song,  Pāḷi,  Photo,  Translation

    ငြိမ်းချမ်းခြင်းတေးသံ (ပါဠိ)

    ၁၃၈၁ခု မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ မြင့်မိုးအောင် ရေးဖွဲ့ပြီး နေနေနဲ့ ချန်းချန်းတို့ သီဆိုထားတဲ့ “ငြိမ်းချမ်းခြင်းတေးသံ”ပါ။ မြန်မာပြည်သူပြည်သား ကမ္ဘာပြည်သူပြည်သားအပေါင်း အတွင်းအပ အပူမီးအပေါင်းကို ငြှိမ်းသတ်နိုင်ကြပြီး ငြိမ်းချမ်းခြင်းတေးသံကို နားဆင်နိုင်ပါစေကြောင်း ဆုမွန်တောင်းရပါတယ်။ ဒီသီချင်းဟာ ပုဂံ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းတဲ့အခါ ပါဝင်ရတဲ့ ဗီဒီယိုဖိုင်က အဖွင့်သီချင်းဖြစ်ပါတယ်။ သီချင်းနဲ့ ပတ်သက်ပြီး ဆရာမျိုးဆွေသန်းရဲ့ ရှင်းလင်းပြောကြားချက်နဲ့အတူ ဒီလင့်ခ်မှာ ကြည့်ရှုခံစားနိုင်ပါတယ် >>> https://www.facebook.com/DESIGN.MST/videos/1743865462358875/ ဓာတ်ပုံကိုတော့ အေဒီ ၁၂ရာစု ပုဂံ လောကထိပ်ပန်စေတီ ဗုဒ္ဓ၀င်ရှစ်ခန်း နံရံပန်းချီများမှ နာဠာဂီရိဆင်ကို အောင်တော်မူခန်းကို ရန်ကုန် Junction City နှလုံးသားထဲက ပုဂံ www.fb.com/MyanmarHeritageBagan/ ပြပွဲမှာ ပြသထားတုန်းက ရိုက်ကူးထားတာလေးပါ။ မြတ်ဗုဒ္ဓရဲ့ ချစ်မြတ်နိုးခြင်းမုဒြာဟာ လောကကို ငြိမ်းအေးစေကြောင်း အမှတ်အသားကောင်းတစ်ခု ဖြစ်ပါစေလို့ မျှော်လင့်ရင်းနဲ့ပါ။ နေနေနဲ့ ချန်းချန်းတို့ သီဆိုထားတဲ့ “ငြိမ်းချမ်းခြင်းတေးသံ”ပါ။   သကုဏသုဝါ ကူဇယန္တာ နာနာဝဏ္ဏမာလာ သုဂန္ဓာ အဘိန၀ပုဗ္ဗဏှေ သွာဂတေ   အမှာကံ ဟဒယေသု သုပိနာ ဇီဝန္တာ ပဗုဇ္ဈန္တာ လောကသောတံ မာပေဟိ   သန္တိဒိဝသာ ဧကတော မယံ မာပေမ အနုဂစ္ဆ   ၀ါတေ ပက္ခန္ဒန္တံ ၀ါယန္တံ ဂီတံ ဟဒယေ သုတံ ဂီတံ (သန္တိဂီတံ)   ပရိပုဏ္ဏာနန္ဒာဘိရတိ သုဏ သန္တိဂီတံ   သူရိယာလောကတော အတိပဇ္ဇောတာ အနေက၀ိဟာရပေါက္ခရဏိစေတိယာ သမုပ္ပန္နံ ဣဒံ သာသနံ   သဒါစာရာ အနုသုခုမာ သိရိသောဘဂ္ဂါ ပတိဋ္ဌာ သဒါ  …

  • Myanmar Poem,  Pāḷi,  Poetry,  Translation

    ဇော်ဂျီ-ရှိန်းဆာယာ (ပါဠိ)

    မန်းရွှေပြည်ရဲ့ သင်္ကြန်အခါဟာ မင်္ဂလာရှိစွာနဲ့ ကဗျာဆန်နေပါတယ်။ မန်းတောင်ရိပ်ခိုရင်း ဒီသင်္ကြန်တွင်းမှာ သတိတရ ကဗျာတစ်စုံကို ခံစားမိနေတာ။ အလွတ်ရတဲ့ ကဗျာတွေထဲမှာ ဒီကဗျာ တစ်စုံလည်း ပါတယ်။ ဒီကဗျာကို ပါဠိဘာသာပြန်ဖို့ စိတ်ကူးနေတာလည်း နှစ်အတော် ကြာခဲ့ပြီ။ ခုမှပဲ အကြောင်းညီညွတ်တော့တယ်။ ဧပြီလမှ မွေးဖွားခဲ့သူ ဆရာကြီးဇော်ဂျီ အမှတ်တရပါ။ ဒီကဗျာ ပါဠိဘာသာပြန်အတွက် လိုအပ်တဲ့ ဓာတ်ပုံမှာတော့ မန်းရွှေမြို့တော်ရဲ့ ကျုံးနံဘေး ၂၀၁၉ လမ်းလျှောက်သင်္ကြန်မှာ အလှဆင်ထားတဲ့ ရုပ်သေးရုပ်တွေထဲက ဇော်ဂျီပျံလေးကို သင်္ကြန်အကျ နေအတက်မှာ ရိုက်ထားတာပါ။ မန်းရွှေပြည်ရဲ့ သင်္ကြန်အခါဟာ မင်္ဂလာရှိစွာနဲ့ ကဗျာဆန်နေပါတယ်။ ပဉ္စလိကာနစ္စကလာယံ ဇောဂီ စ ယဋ္ဌိ လင်္ဃဟနံ ပက္ခန္ဒနံ တဿ ပကာရံ သောဟံ ပဿံ ကိလမိတော ၀တ သိဒ္ဓိဆာယာ မဟာနုဘာဝါ တိရောဘာဝူပဂမနိဒ္ဓိ သိဒ္ဓိဆာယာယ သောဟံ ဘီတော စိတ္တ၀ိဂမော အဟော သိဒ္ဓိဆာယာ အတိမဟာ ယဒါ တိရောဘာဝူပဂမနံ စိတ္တ၀ိဂမော ဆာယိကော ဒုဗ္ဗစ္စော ပဂဗ္ဘော သဒါ လောဘမာနေဟိ ယုတ္တော ဟိံသကော နိစ္စံ အနိစ္စံ တံ သမ္ပဇာနံ သတိကောဋ္ဌကဿ ဒဠှီကရဏေန စိတ္တ၀ိဂမော ၀ိပဿိတွာ ဂဟိတော ဘဝေ ကလ္လံ နူန ၀ီမံသနံ။ ဇော်ဂျီနှင့် ရှိန်းဆာယာ +++ ရုပ်သေးစင်ပေါ် ဇော်ဂျီနှင့် တောင်ဝှေး အခုန်အပျံနှင့် သူ့ဟန်ကို သည်ဖေကြည့် မောမိသည်လေး ရှိန်းဆာယာ ပိုမောက် ကိုယ်ပျောက်သည့် တန်ခိုး ရှိန်းဆာယာ သည်ဖေကြောက် စိတ်ပျောက်မှာ စိုး စမ်းကြည့်ဖို့ပဲ +++ ရှိန်းဆာယာ ပိုမောက်…

  • B-Day,  Ebook

    နတ်ထိ = ၀.၁+

    အက္ခရာမဲ့ ဝေဒနာရယ်ဝေါဟာရလွန် ဂီတရယ်အပြင်းစား အလင်္ကာရယ်အမိုက်စား အနုသုခုမရယ် သဒ္ဒနဲ့ ဂီတကြားက အလင်္ကာကို တွေ့ထိဖို့ရာအက္ခရာတွေ ဝေါဟာရတွေကို ဥပေက္ခာပြုခဲ့ပြီ…။ရင်ခုန်နေတဲ့ နားတစ်စုံရယ် ရင်ဘတ်ခြင်းနီးတဲ့ နှုတ်ခမ်းတစ်စုံရယ်ကိုသံယောဇဉ်တွယ်ခဲ့ပြီ…။ အဟောင်းအမြင်းများ နတ္ထိ = ၀.၁ နတ္ထိ = ၀.၄၅ နတ္ထိ = ၀.၉ နတ္ထိ = ၁၀ နတ္ထိ = ၁၈၀ နတ္ထိ = ၁၁၅၀၀ နတ္ထိ = ၄၀ နတ္ထိ = ၁၅၀၀