• Pāḷi Kabya,  Photo

    ကဏ္ဍကောစ

    ပဗၺေတာ ဝနသေ႑ာ ဝလာဟေကာ ကိၪၥာပိ စေ႑ာ။ တထာပိ ပုပၹံ အစ႑ံ။ တောင်ရိုင်း တောရိုင်း တိမ်ရိုင်း ဘာတွေ ဘယ်လို ရိုင်းရိုင်း… ပွင့်ပန်းတွေ ယဉ်ပါစေ…။

  • Photo,  Quote,  Travel

    နောက်ကြည့်မြစ်

    နဒီ ပဗ္ဗတေယျာ ဒူရင်္ဂမာ သီဃသောတာ ဟာရဟာရိနီ သန္ဒတေဝ ဝတ္တတေဝ ဤသကမ္ပိ န နိဝတ္တတိ။ တောင်ပေါ်က ဆင်းလာတဲ့ မြစ် ခရီးဝေး သွားတယ်။ ရေစီးလည်း သန်တယ်။ မျှောသမျှ သယ်တယ်။ မနားဘူး။ မရပ်ဘူး။ နောက်ပြန် မလှည့်ဘူး။ ဒါပေမယ့် နောက်ပြန်ကြည့်ဖို့ ကြိုးစားမိတယ်…။

  • Pāḷi Kabya,  Photo,  Travel

    မျက်လုံးတစ်စုံနှင့် တောင်စဉ်ခုနှစ်သွယ်

    ပဗ္ဗတမုဒ္ဓနိ ဝါ  ယဒိ ဝါ ပဗ္ဗတပါဒေ။ ပဗ္ဗတန္တရေ ဝါ  ယဒိ ဝါ ပဗ္ဗတဇာလေ၊ ယတ္ထ စက္ခုမန္တော ဝိဟရန္တိ၊ တံ ပဗ္ဗတရာမဏေယျကံ…။ တောင်ထိပ်ဖြစ်ဖြစ် တောင်ခြေဖြစ်ဖြစ် တောင်ကြားဖြစ်ဖြစ် တောင်တန်းဖြစ်ဖြစ် မြင်တတ်သူများရဲ့ နေရာ ပျော်မွေ့ဖွယ် တောင်အလှ…။

  • Note,  Photo,  Travel

    ရေစုန်မြောတဲ့ မြစ်

    Mansarovar  (အနောတတ်အိုင်) ကနေ မြစ်ဖျားခံလာသတဲ့။ Senge Khabab (ခြင်္သေ့ခံတွင်း) ကနေ စတင် စီးဆင်းလာသတဲ့။ ရာဇဝင်ထဲလဲ ပါရဲ့။ နဒီဝင်ထဲလဲ ပါရဲ့။ တောင်ပေါ်က ဆင်းလာတဲ့ မြစ် တောင်ပေါ် ပြန်မတက်တော့ဘူးတဲ့။ ဒီမြစ်ရဲ့ ကောက်ကြောင်းတွေက တောင်စဉ်အထပ်ထပ် တောစဉ်အထပ်ထပ် ဝေ့လို့ဝိုက်လို့။ အေးတဲ့နေရာမှာ အေးတယ်။ ဖွေးတဲ့နေရာမှာ ဖွေးတယ်။ နွေးတဲ့နေရာမှာ နွေးတယ်။ စွေးတဲ့နေရာမှာ စွေးတယ်။ ကမ်းပါးတစ်နေရာမှာ… ထိုင်တွေးမနေနဲ့ မှိုင်ငေးမနေနဲ့ ဣန္ဒုမြစ်ရေနဲ့ ဆေးကြောလိုက်ပါ…။