• MY TRAVEL

    နတ္ထိရဲ့ ခရီး ( လုမ္ဗိနီ )

    သိဒ္ဓတ္ထ ဖွားမြင်တော်မူပုံ ( ပုဂံ-မြန်မာ ) ခရီးထွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း ဌာနတွေကို ကွင်းဆင်း လေ့လာရေးပါ။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အတွင်းက သာဝတ္ထိ, ကုသိနာရုံ နဲ့ ဗာရာဏသီပါ။ ပြီးတော့ နီပေါနိုင်ငံက လုမ္ဗိနီပါ။လုမ္ဗိနီကို ၂၀၀၇ ဖေဖ၀ါရီ ၂၄-ရက်နေ့မှာ ရောက်ခဲ့တယ်။ မြတ်ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကို ရောက်ခဲ့တာ အနှစ် ၂၀၀၀ ကျော်ကျော် နောက်ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီစီ ( ၂၄၈ )မှာ ဘုရင် အသောက ရောက်နှင့်နေပါပြီ။ ဘုရင်အသောက ဘုရားဖူးထွက်ရင်းနဲ့ ကျောက်စာ ရေးထိုးသွားခဲ့ပါတယ်။ အမှတ်တရပေါ့။ အငြင်းပွားစရာ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာအတွက် သမိုင်းအထောက်အထားတစ်ခုလဲ ဖြစ်သလို အိန္ဒိယခုနှစ်သက္ကရာဇ်ဆိုင်ရာ သမိုင်းမှတ်တမ်း တစ်ခုလဲ ဖြစ်ပါတယ်။ အသောကကျောက်စာတိုင် ( လုမ္ဗိနီ-နီပေါ ) ဒေ၀ါနံ ပိယေန ပိယဒသိန လာဇိယ ၀ိသတိ-၀သာဘိသိတေန အတန အာဂါစ မဟိယတေ ဟိဓ ဗုဓေ ဇာတေ သကျ-မုနီတိ သိလာ-၀ိဂဍ-ဘိစာ ကာလာပိတ သိလာ-ထဘေ စ ဥသပါပိတေ ဟိဓ ဘဂ၀ံ ဇိတေတိ လုမ္မိနိ-ဂါမေ ဥဗလိကေ ကဋေ အဌ-ဘာဂိယေ စ။ အသောကကျောက်စာ ( လုမ္ဗိနီ-နီပေါ ) နတ်အပေါင်းတို့က ချစ်မြတ်နိုးသော ဘုရင် အသောကသည် နန်းစံသက် ၂၀ ( ၂၄၈ ဘီစီ) နှစ်မြောက်တွင် ကိုယ်တိုင်…

  • MY NOTE

    နတ္ထိရဲ့ ဗရုတ်သုတ်ခ-၁၀

    ပြောမယ့်သာ ပြောရတယ်။ ဗရုတ်သုတ်ခတွေက ၁၀-ချက် မကဘူး။ ဒါပေမယ့် အကျဉ်းချုံးပြီး ပြောကြည့်မယ်ဗျာ။ ဗဟိဒ္ဗအသွင်အပြင်တွေကို ပြောတာထက် အဇ္ဈှတ္တ အနေအထားတွေကို ပြောရင် ကောင်းမလားလို့….။ (၁) လောဘဇောတွေ တစ်ခါတစ်ရံ အရမ်း တက်တတ်ပါတယ်။(၂) ဒေါသအမျက်ကတော့ အကြောင်းသင့်ရင် အကြီးအကျယ်ပါပဲ။(၃) မောဟစားသူ..အဲ မောဟများသူပါ။(၄) မာနလဲ ကြုံရင် အတော် ကြီးတတ်တယ်။(၅) ဒိဋ္ဌိအစွဲပြင်းတယ်။(၆) ၀ိစိကိစ္ဆာတွေ ၀င်ပြီး ဟိုလိုဒီလို ဖြစ်လေ့ရှိတယ်။(၇) ထိနမိဒ္ဗကတော့ များသလား မမေးနဲ့။(၈) ဥဒ္ဓစ္စလွင့်ပျံ့ပြီး တောင်စဉ်ရေမရ ဖြစ်တတ်တယ်။(၉) အဟိရိကဖြစ်တဲ့အခါ မဟုတ်တာ လုပ်ရမှာ မရှက်တတ်ပါ။(၁၀) အနောတ္တပ္ပဖြစ်ရင် မဟုတ်တာ လုပ်ရမှာ မကြောက်သူ တစ်ယောက်ပါ။ စိတ်ထဲမှာ အဲ့ဒီလို အဲ့ဒီလို ဖြစ်တတ်တယ်။ ဒီ ၁၀-ချက် တိုးပွားးလာရင်တော့ ၁၅၀၀-ကိလေသာတွေ ဖြစ်လာတော့တာပါပဲ။ အင်း…ဖြစ်ချင်တာဖြစ်။ ကိုယ်ဖြစ် ကိုယ်ခံပေါ့ဗျာ…။ ကဲ… Bloggerတွေမှာ Tag outbreak ဖြစ်အောင် လုပ်တဲ့သူတွေကို အထူး ကျေးဇူးတင် မိပါတယ်။ ကိုယ့်ကို Tag Game ထဲ ဆွဲသွင်းသူတွေကိုလဲ ကျေးဇူးကမ္ဘာပါပဲ။ ကိုယ့်အလှည့် ပြီးတော့ တခြားသူတွေကိုလဲ လက်တို့ရဦးမယ်။ ဘာပဲပြောပြော လူရင်းတွေကိုပဲ ပြောလိုက်တော့မယ်။ (၁) သမိန်ပေါသွပ်(၂) ပြာလောင်(၃) Mr. Beanအင်း…ဒီလူတွေ အိုကေမယ်လို့ မျှော်လင့်တယ်ဗျာ။

  • MY QUOTE

    နတ္ထိရဲ့ ကြားညှပ်ခြင်း

    ဟံသော မဇ္စျေ န ကာကာနံ ၊သီဟော ဂုန္နံ န သောဘတေ ။ဂဒြဘမဇ္စျေ တုရင်္ဂေါ ၊ဗာလမဇ္စျေဝ ပဏ္ဍိတော ။ ကျီးတို့အလယ်တွင် ဟင်္သာသည် ခံ့ငြားမှု မရှိပါ။နွားတို့အလယ်တွင် ခြင်္သေ့သည် ခံ့ငြားမှု မရှိပါ။မြည်းတို့အလယ်တွင် မြင်းသည် ခံ့ငြားမှု မရှိပါ။လူမိုက်တို့အလယ်တွင် ပညာရှင်သည် ခံ့ငြားမှု မရှိပါ။

  • MY QUOTE

    နတ္ထိရဲ့ လုံ့လ

    မဟန္တာနံ မဟဋ္ဌာနံ ၊ န ပတ္တံ သဟဿာ ဟဝေ။တဒညေသု သုပန္နေသု ၊ ရတ္တော ဒဠှ.မကံသု တေ။ မြင့်မြတ်သူတို့သည်ချက်ချင်းလက်ငင်းထိပ်တန်း ရောက်လာသည် မဟုတ်။သူတပါး အိပ်နေသည့်ညအချိန်မှာလည်းသူတို့သည်အပြင်းအထန်အလုပ် လုပ်ကြသောကြောင့်သာဖြစ်၏။

  • MY QUOTE

    နတ္ထိရဲ့ အချစ် ( ၃ )

    ပိယာ ဆန္ဒနိဒါနာ ဆန္ဒသမုဒယော ဆန္ဒဇာတိကာ ဆန္ဒပဘ၀ါ။ အချစ်သည်…အလိုဆန္ဒမှ စတင်၏။အလိုဆန္ဒမှ ဖြစ်ပေါ်၏။အလိုဆန္ဒမှ ပေါက်ဖွား၏။အလိုဆန္ဒမှ မြစ်ဖျားခံ၏။

  • MY QUOTE

    နတ္ထိရဲ့ အချစ် ( … )

    ယေသံ သတံ ပိယာနိ၊ သတံ တေသံ ဒုက္ခာနိ၊ယေသံ န၀ုတိ ပိယာနိ၊ န၀ုတိ တေသံ ဒုက္ခာနိ၊ယေသံ အသီတိ ပိယာနိ၊ အသီတိ တေသံ ဒုက္ခာနိ၊ယေသံ သတ္တတိ ပိယာနိ၊ သတ္တတိ တေသံ ဒုက္ခာနိ၊ယေသံ သဋ္ဌိ ပိယာနိ၊ သဋ္ဌိ တေသံ ဒုက္ခာနိ၊ယေသံ ပညာသံ ပိယာနိ၊ ပညာသံ တေသံ ဒုက္ခာနိ၊ယေသံ စတ္တာရီသံ ပိယာနိ၊ စတ္တာရီသံ တေသံ ဒုက္ခာနိ၊ယေသံ တိံသံ ပိယာနိ၊ တိံသံ တေသံ ဒုက္ခာနိ၊ယေသံ ၀ီသတိ ပိယာနိ၊ ၀ီသတိ တေသံ ဒုက္ခာနိ၊ယေသံ ဒသ ပိယာနိ၊ ဒသ တေသံ ဒုက္ခာနိ၊ယေသံ န၀ ပိယာနိ၊ န၀ တေသံ ဒုက္ခာနိ၊ယေသံ အဋ္ဌ ပိယာနိ၊ အဋ္ဌ တေသံ ဒုက္ခာနိ၊ယေသံ သတ္တ ပိယာနိ၊ သတ္တ တေသံ ဒုက္ခာနိ၊ယေသံ ဆ ပိယာနိ၊ ဆ တေသံ ဒုက္ခာနိ၊ယေသံ ပဉ္စ ပိယာနိ၊ ပဉ္စ တေသံ ဒုက္ခာနိ၊ယေသံ စတ္တာရိ ပိယာနိ၊ စတ္တာရိ တေသံ ဒုက္ခာနိ၊ယေသံ တီဏိ ပိယာနိ၊ တီဏိ တေသံ ဒုက္ခာနိ၊ယေသံ ဒွေ ပိယာနိ၊ ဒွေ တေသံ ဒုက္ခာနိ၊ယေသံ ဧကံ ပိယံ၊ ဧကံ တေသံ ဒုက္ခံ၊ယေသံ နတ္ထိ ပိယံ၊ နတ္ထိ တေသံ ဒုက္ခံ၊ အချစ် ၁၀၀, ဒုက္ခ ၁၀၀။အချစ် ၉၀, ဒုက္ခ ၉၀။အချစ်…

  • MY QUOTE

    နတ္ထိရဲ့ အချစ် ( ၂ )

    ပိယာနံ အဒဿနံ ဒုက္ခံ။ ချစ်သူကိုမမြင်မတွေ့ ရခြင်းသည် ဆင်းရဲပေတည်း…။ ဆင်းရဲခြင်းသည်ချစ်သူကိုမမြင်မတွေ့ရခြင်းပေတည်း…။

  • MY QUOTE

    နတ္ထိရဲ့ အချစ်

    ပိယတော ဇာယတီ သောကော၊ ပိယတော ဇာယတီ ဘယံ။ပိယတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။ အချစ်ကြောင့် ငိုကြွေး၏။အချစ်ကြောင့် ကြောက်လန့်၏။အချစ်မရှိသူအတွက် အငို အကြောက် မရှိ။

  • MY QUOTE

    နတ္ထိရဲ့ အသောကကျောက်စာ

    ဧ ကေစိ ဘန္တေ ဘဂ၀တာ ဗုဒ္ဓေန ဘာသိတေ သဝေ သေ သုဘာသိတေ ၀ါ ။ဧ စု ခေါ ဘန္တေ ဟမိယာယေ ဒိသေယာ ဟေ၀ံ သဓမ္မေ စိလဋ္ဌိတိကေ ဟောသတီတိ အလဟာမိ ဟကံ တံ ၀ါတဝေ။ဧတာနိ ဘန္တေ ဓမ္မပလိယာယာနိ ဣစ္ဆာမိ ကိံန္တိ ဗဟုကေ ဘိက္ခုပါယေ ဘိက္ခနိယေ စာ အဘိခိနံ သုနေယု စာ ဥပဓာလယေယု စာ ဧ၀မ္မေ၀ါ ဥပါသကာ စာ ဥပါသိကာ စာ ဧတေနိ ဘန္တေ ဣမံ လိခါပိယာမိ အဘိပေတံ မေ ဇာနန္တု။ “အရှင်ဘုရားတို့, မြတ်စွာဗုဒ္ဓ ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ကောင်းမွန်စွာ ဟောကြားတော်မူခဲ့ခြင်းပင် ဖြစ်ပါ၏။ဤသူတော်ကောင်းတရား ရှည်ကြာလေးမြင့်စွာ တည်တံ့နိုင်ရေးအတွက် အကြံပြုပါရစေ။ဤတရားတော်တို့ကို ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမတို့ အမြဲမပြတ် သင်ယူကျင့်ကြံကြရန် လိုအပ်နေပါ၏။အကျွနုပ်၏ ဆန္ဒကို အားလုံး သိကြစေရန် ဤကျောက်စာကို ရေးထိုးထားခြင်း ဖြစ်ပါ၏။” အသောကဘုရင်( ၂၇၃-၂၃၂ ဘီစီ ) နန်းစံနှစ် ၁၃နှစ်မြောက်တွင် ပြာကရိတ် ဘာသာစကား, ဗြဟ္မဏီ အက္ခရာကို အသုံးပြု၍ ရေးထိုးထားသော ဤကျောက်စာကို အိန္ဒိယနိုင်ငံ ရာဂျာစတန် ပြည်နယ် ဂျေပူခရိုင် ဘာဘရာမြို့အနီး ဘိုင်ရတ်ဒေသတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ အထက်ပါ ဖော်ပြချက်သည် ကောက်နှုတ်ချက်မျှသာ ဖြစ်ပါသည်။

  • MY THIN -GYAN

    နတ္ထိရဲ့ သင်္ကြန် ( ၃ )

    နှစ်သစ်မဂ်လာ အခါသမယမှာ မြန်မာနိုင်ငံတော် အတွင်းအပြင်၌ နေထိုင်နေကြသော တိုင်းရင်းသူ တိုင်းရင်းသားများ အားလုံးနှင့် အနန္တသတ္တ၀ါ အားလုံး အပေါ် ဘေးရန်ခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ဒေါသခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ဆင်းရဲခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ပူပင်ခပ်သိမ်း ငြိမ်းအေးပါစေကြောင်း မေတ္တာရေစင်များ ပက်ဖြန်းလျက် မြန်မာ့ယဉ်ကျေးမှု၏ အသည်းနှလုံးသဖွယ်ဖြစ်သော မေတ္တာသုတ် ပရိတ်တော်ကို ပူဇော်လိုက်ရပါတယ်။ ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။ယမှိ စေ၀ါ.နုယုဉ္စန္တော၊ ယတိန္ဒြိဝမတန္ဒိတော။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ဧ၀မာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ကရဏီယမတ္ထကုသလေန ၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။ န စ ခုဒ္ဒမာစရေ ကဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာ ၀န၀သေသာ။ဒီဃာ ၀ါ ယေ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။ဘူတာ ၀ သမ္ဘဝေသီ…