• Asoka Inscription,  History,  Quote

    အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ)

    အစကတော့ တောင်ခြစ်မြောက်ခြစ်နေမှာပဲ။ နောက်တော့လဲ နှုတ်တစ်ရာ စာတစ်လုံး ဖြစ်သွားရော။အသောကကျောက်စာတွေက အမျိုးမျိုးရှိတယ်။ အခု ပိုစ့်တင်ပြီးတဲ့ ကျောက်စာ ၁၄-ခုက ကျောက်ဆောင်ကျောက်သားပြင်တွေပေါ်မှာ ရေးထွင်းထားတာတွေမို့ ကျောင်ဆောင်စာလို့ ခေါ်တယ်။ အရေးပါအရာရောက်တဲ့ အမိန့်ပြန်တမ်းတွေဖြစ်ပြီး နိုင်ငံနေရာအနှံ့ ရေးထိုးထားတဲ့အတွက် ပဓာနကျောက်စာလို့လဲ ခေါ်တယ်။ ဘီစီ ၃ရာစုဝန်းကျင်မှာ ရေးထိုးထားတဲ့ ဒီကျောက်စာတွေကို အေဒီ ၁၉ရာစု အစောပိုင်းလောက်က စပြီး အိန္ဒိယက Ginar, Kalsi, Dhauli, Jaugada, Yerragudi, Sopara ၊ ပါကစ္စတန်က Shahbazarhi, Mansehra ဆိုတဲ့ အရပ်ဒေသ ၈-ခုမှာ ရှာတွေ့ခဲ့တာ (ဘလော့ဂ်အဆုံးမှာ Google mapနဲ့ နေရာတွေ ပြထားတယ်)။ ဒီကျောက်စာအများစုမှာ Prakritဘာသာကို Brahmiအက္ခရာနဲ့ ရေးထားတာ။ ပါကစ္စတန်က ကျောက်စာ ၂ခုမှာတော့ Kharosthiအက္ခရာနဲ့ ရေးထားတယ်။ (GINAR) (BRAHMI SCRIPT) Brahmiကတော့ ကမ္ဘာပေါ်မှာ အရေးအပါဆုံး အက္ခရာအမျိုးအစားတွေထဲက တစ်ခုပါ။ တောင်, အရှေ့တောင်, အရှေ့အာရှမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အက္ခရာအများစုရဲ့ အဦးအစပဲဖြစ်တယ်။ အိန္ဒိယမှာ ဘီစီ ၅ရာစုခန့်က ပေါ်ပေါက်လာခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ စတင်ဖြစ်ပေါ်ပုံ အနေအထားကတော့ အရှုပ်အထွေး အနည်းငယ် ရှိနေတယ်။ (MANSEHRA) (KHAROSTHI SCRIPT) Kharosthi က Brahmiနဲ့ ခေတ်ပြိုင်လို့ ပြောရင်ရတယ်။ ပုံစံအနေအထားကလဲ အတော်လေး ဆင်တယ်။ အခုလက်ရှိ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ဒေသတွေမှာ ဘီစီ ၃ရာစုဝန်းကျင်က အသုံးပြုခဲ့တာ။ Kharosthiဟာ နေ့စဉ်သုံးဖြစ်တဲ့ Prakritဘာသာစကားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပေါ်ပေါက်လာတဲ့ အက္ခရာအမျိုးအစားဖြစ်ပြီး ရှေးဟောင်း Ghandharaဘာသာစကားဖြစ်တဲ့ Ghandhari-Prakritအတွက် အဓိကအနေနဲ့ အသုံးပြုခဲ့တဲ့…


    အသောကရဲ့ အက္ခရာများ-၁၄

    အတြ ပုန ၀ုတံ, တသ တသ အထသ မဓုရတာယထပ်တလဲလဲ ပြောနေရတာ အနက်အဓိပ္ပါယ်က ချိုမြလွန်းလို့ပါ…။အယံ ဓံမလိပိ ဒေ၀ါနံ ပိယေန ပိယဒသိနာ လာဉာ လေခါပိတာ၊ အထိ ယော သံခိတေန, အထိ မဈိမေန, အထိ ၀ိထဋေန၊ န စ သဗတြ သဗတ ဃဋိတံ၊ မဟံတေ ဟိ ၀ိဇိတေ, ဗဟုကေ စ လိခိတေ, လိခါပေသာမိ (စေ၀) နိတျံ၊ အထိ စ အတြ ပုန ၀ုတံ, တသ တသ အထသ မဓုရတာယ, ကိံတိ စ ဇနော တထာ ပဋိပဇေယာ’တိ၊ သော သိယာ ဧ၀ံ ပိ စ၊ တတြ ကိံစိ အသမတံ လိခိတံ, အသဒိသံ ၀ါ သံယေ ကရဏံ ၀ါ အာရောစယိတွာ လိပိကရာ’ ပရာဓေန။ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားကြီး ရေးသားထားရှိစေတော်မူအပ်သည်၊ အသောကမင်းတရား စာတော်အရပ်ရပ်မှာ အကျဉ်းချုပ်အားဖြင့်၎င်း, အလတ်စားအားဖြင့်၎င်း, အကျယ်စားအားဖြင့်၎င်း အထူးထူး ရှိချေသည်။ ထို့ပြင်, အားလုံး စာတော်များ၌ အခြင်းခပ်သိမ်းအားလုံး အကြွင်းမဲ့အားဖြင့် မတူတန် မစပ်ဖက်သော အရာများလည်း ရှိလေသည်၊ထိုသို့ ဖြစ်ရပုံအကြောင်းမှာ–ကျယ်ဝန်းစွာလှသော တိုင်းနိုင်ငံကြီး အတွင်း၌ မြောက်မြားလှစွာသော တရားစာတော်များကို အမြဲးမပြတ် နိစ္စဗဒ် ရေးသားစေတော် မူလေသည်။ ထို့ပြင် ထိုတရား စာတော်များ၌ အဖန်ဖန် အထပ်ထပ်…


    အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၃)

    တ’မေ၀ စ ၀ိဇယံ မနတု, ယေ ဓံမ-၀ိဇယော၊တရားနှင့် အောင်နိုင်ခြင်းကိုသာ အောင်နိုင်ခြင်းလို့ မှတ်ယူသင့်တယ်။ဒေ၀ါနံပိယ ပိယဒသီမင်းသည် အဘိသိက်ခံ၍ ၈နှစ်မြောက်၌ ကလိင်္ဂတိုင်းကို အောင်မြင်၏။ ထိုအခါ ထိုတိုင်းပြည်၌ လူပေါင်း တသိန်း ငါးသောင်း အချုပ်အနှောင်ခံရ၏။ တသိန်းမျှ သတ်ဖြတ်ခြင်းခံရ၍ ထို့ထက်များပြားသော လူတို့ သေကြေပျက်စီးကြ၏။ကလိင်္ဂပြည်၌ ဒေ၀ါနံပိယမင်း၏ တရားကျင့်ဆောင်ခြင်း, စောင့်ရှောက်ခြင်း လိုလားခြင်းနှင့် တရားသြ၀ါဒ အနှံ့အပြား ထွန်းကားလာ၏။ သို့သော်လည်း ယခုအခါ ဒေ၀ါနံပိယမင်းအား နောင်တရနေ၏။ လူအများကို သတ်ဖြတ်ခြင်း ဖမ်းဆီးခြင်းတို့ဖြင့် အောင်ခြင်းသည် မှားသော အောင်ခြင်းဟု ယူဆ၏။ ယင်းသို့သော အောင်ခြင်းကို ဒေ၀ါနံပိယမင်းသည် ၀မ်းနည်းကြေကွဲ ၀န်လေး၏။တိုင်းပြည်ဟူသမျှ၌ ရဟန်းပုဏ္ဏား, ဂိုဏ်းဂဏ, အိမ်ထောင်ရှင်များ ရှိကြ၏။ ထိုတွင် အမိအဖ ဆရာသမားတို့အား ကိုးကွယ်ဆည်းကပ်ခြင်း, အဆွေခင်ပွန်း, အသိမိတ်ဆွေ, ဆွေမျိုးဉာတကာ, ကျေးကျွန်သူခစားတို့၌ ကောင်းသော ကျင့်ဝတ်နှင့် လုံခြုံစွာ စောင့်ရှောက်ခြင်းသည်သာ ရှေးဦးစွာ ဆောင်ရွက်သင့်သော ၀တ္တရားဖြစ်၏။ သို့သော်လည်း ထိုတိုင်းပြည်၌ နေသူတို့သည် သတ်ဖြတ်ခြင်း, ညှင်းဆဲခြင်း, ဖျက်ဆီးခြင်း ခံကြရ၍ အေးချမ်းစွာ နေလိုသူတို့လည်း ပြည်ရွာကို စွန့်ခွါသွားကြရ၏။ သူတို့ ချစ်မြတ်နိုးသော အဆွေခင်ပွန်း, အသိအကျွမ်း, ဆွေမျိုးဉာတကာတို့လည်း ပင်ပန်းဆင်းရဲခြင်းသို့ ရောက်ကြရ၏။ သူတို့အားလုံးကိုလည်း ဖျက်ဆီးရာရောက်၍ ဒေ၀ါနံပိယမင်းသည် လွန်စွာဝန်လေးသည်ဟု ယူဆ၏။လောက၌ ဂိုဏ်းဂဏမရှိသော, ရဟန်းပုဏ္ဏားမရှိသော, လူတို့ အညီအညွတ်ဖွဲ့စည်းထားသော အဖွဲ့အစည်း၌ ကြည်ညိုသူမရှိသော တိုင်းပြည်ဟူ၍ မရှိ။ ကလိင်္ဂတိုင်းကို အောင်သောအခါ အသတ်ခံရ, သေကြေပျက်စီးရ, အနှောင်အဖွဲ့ခံရသော လူတို့၏ အပုံတရာ, အပုံတထောင်ပုံ၍ တပုံမျှပင် ပျက်စီးစေကာမူ ဒေ၀ါနံပိယမင်းသည် အလွန်ဝန်လေးသည်ဟု…


    အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၂)

    ဒေ၀ါနံ ပိယသ ယံ အထိ အနုသောစနံ။အသောကဘုရင်ကတော့ ကလိင်္ဂစစ်ပွဲကို အောင်နိုင်ပြီးတဲ့အခါ နောင်တရပါတယ်တဲ့။နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံပြီး ရှစ်နှစ်မြောက်၌ ကလိင်္ဂတိုင်းကို အောင်မြင်တော်မူ၏။ ထိုသို့ အောင်မြင်ရာ၌ လူပေါင်း တသိန်းငါးသောင်းတို့ အကျဉ်းဆောင်ယူခံရ၍ တသိန်းအသတ်ခံရပြီးလျှင် ထို့ထက်အဆပေါင်းများစွာသော သူတို့ သေကြေပျက်စီးကြကုန်၏။ကလိင်္ဂတိုင်းကို သိမ်းယူပြီးသည်၏ နောက်၌ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် တရားညွှန်ပြခြင်း၌၎င်း တရားကို ခုံမင်နှစ်သက်ခြင်း၌၎င်း တရားသွန်သင်ဆုန်းမခြင်း၌၎င်း ထက်သန်လျက်ရှိချေပြီ။ကလိင်္ဂတိုင်းကို အောင်မြင်တော်မူပြီးသော နတ်တို့ချစ်မြတ်နိုးသော မင်းကြီးသည် ယခု နောင်တရတော်မူလပြီ၊ လူတို့ အသတ်ခံရခြင်း သေကြေပျက်စီးခြင်း၊ အကျဉ်းဆောင်ယူခံရခြင်းဖြင့် ရအပ်သော အောင်ခြင်းသည် စင်စစ် အောင်ခြင်းမမည်။ ဤသို့ အောင်ရသည်အတွက် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး လွန်စွာ ၀မ်းနည်း ကြေကွဲဝန်လေးတော်မူသည်။နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးအဖို့ ထို့ထက်ဝန်လေးသော အချက်သည်ကား ထိုကလိင်္ဂတိုင်း၌ ပုဏ္ဏားတို့သည်၎င်း ရဟန်းတို့သည်၎င်း အခြားအယူဂိုဏ်းသားတို့သည်၎င်း အိမ်ရာထောင်သူတို့သည်၎င်း နေကြကုန်၏။ ထိုသူတို့၌ သက်ကြီး ၀ါကြီး အမိအဖ ဆရာသ္မား မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုး ကျေးကျွန်အစေခံတို့အား ကောင်းစွာ ပြုစုထောက်ပံ့ရမည့် ၀တ္တရားများ တရားတော်၌ တည်မြဲစွာ ကြည်ညိုဆည်းကပ်ရမည့် ၀တ္တရာများ ရှိကြကုန်၏။ ထိုသူတို့သည် ဒဏ်အနာတရာပြုခြင်းကို၎င်း သတ်ဖြတ်ခြင်းကို၎င်း လွန်စွာ ချစ်ခင်သူတို့နှင့် ကွေကွင်းရခြင်းကို၎င်း ခံကြရ၏။ စစ်ဘေးစစ်ဒဏ်ကို ခံရသော ၎င်းတို့၏ မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုးတို့သည်လည်း ၎င်းတို့အပေါ်၌ မေတ္တာ မကင်းပြတ်သေးပဲ သေကြေပျက်စီးခြင်းသို့ ရောက်ကြရကုန်၏။ တတိုင်းပြည်လုံး ဤသို့လျှင် ပျက်စီးဆုံးရှုံးကြကုန်၏။ ဤသို့ ခပ်သိမ်းသော သူတို့ ခံကြရသည့်အတွက် နတ်တို့ ချစ်မြတ်နိုးသော…


    အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၁)

    စစ်နဲ့ ငြိမ်းချမ်းရေးတဲ့။ ဘယ်ဟာက အရသာပိုရှိလဲ မသိဘူး။အဌ၀သာ’ဘိသိတသ ဒေ၀ါနံ ပိယသ ပိယ ဒသိနော ရာဇိနော ကလိင်္ဂါ ၀ိဇီတာ, ဒိယဎမာတေ ပါဏသတ-သယသေ ဧတတော အပ၀ုဠေ, သတသဟသ မာတေ တတြ ဟတေ, ဗဟု တာဝတတေ ၀ါ မတေ၊ တတော ပဆာ အဓုနာ လဓေသု ကလိင်္ဂေသု, တိဝေ ဓံမ၀ါယာမေ ဓံမကာမတာ ဓံမာ’နုသထိ စ ဒေ၀ါနံ ပိယသ ယံ အထိ အနုသောစနံ, ဒေဝါနံ ပိယသ ၀ိဇိနိတု ကလိင်္ဂါနိ, အ၀ိဇိတံ ဟိ ၀ိဇိတံ မံနေ၊ ယေ တတြ ၀ဓော ၀ါ မရဏံ ၀ါ အပ၀ါဟော ၀ါ ဇနသ, သေ ဗာဠံ ဝေဒနိယ မတံ စ ဂရုမတံ စ ဒေ၀ါနံ ပိယသ၊ ဣမံ ပိ စ တတော ဂုရုမတ တရံ ဒေ၀ါနံ ပိယသ၊ သဗတြ ၀သံတိ ဗြာဟ္မဏာ ၀ါ သမဏာ ၀ါ အံနေ ၀ါ ပါသံဍာ ဂဟဌာ ၀ါ, ယေသု ၀ိဟိတာ, ဧသာ အဂတူတာ သုသူသာ မာတာ ပိတိသု, သုသူသာ ဂုရူသု, မိတ သံထုတ-သဟာယ-နာတိကေသု ဒါသဘဋကေသု သံမ ပဋိပတိ, ဒိဠတတိတာ။တေသံ တတြ ဟောတိ ဥပဃာတော ၀ါ ၀ဓော ၀ါ အဘိရတာနံ ၀ါ ၀ိနီခမနေ၊ ယေသံ ၀ါ…


    အသောကရဲ့ အက္ခရာများ-၁၂ (အပိုင်း-၂)

    အတပါသံဍေ ပူဇာ စ ပရပါသံဍေ ဂရဟာ စ နော သိယာမိမိဂိုဏ်းကို ချီးကျူး၍ တပါးဂိုဏ်းတို့အား ကဲ့ရဲ့ခြင်း ချုပ်ချယ်ခြင်း ရှုတ်ချခြင်း မပြုရာ။“နှုတ်စောင့်စည်းပါ”ဆိုတာ ဒါမျိုးကို ပြောတာပါတဲ့…။ဒေ၀ါနံပိယ ပိယဒသီမင်းကြီးသည် ဂိုဏ်း, ရဟန်း လူတို့အား အမြဲမပြတ် လှူဖွယ် ပူဇော်ဖွယ်အမျိုးမျိုးတို့ဖြင့် လှူဒါန်းပူဇော်သော်လည်း ယင်းတို့ကို ဂိုဏ်းအားလုံး၏ အနှစ်သာရတိုးပွားခြင်းဟု ဒေ၀ါနံပိယ ပိယဒသီမင်း မယူဆ။ အနှစ်သာရတိုးပွားခြင်း အမျိုးမျိုးရှိရာ နှုတ်စောင့်စည်းခြင်းသည် အနှစ်သာရတိုးပွားခြင်း၏ မူလဖြစ်၏။ အသို့နည်း- မိမိဂိုဏ်းကို ချီးမြှောက်လို၍ တပါးဂိုဏ်းကို အကျိုးမဲ့ မကဲ့ရဲ့ရာ။အခါအားလျော်စွာ အခြားဂိုဏ်းကို ပူဇော်ရာ၏။ သို့ဖြင့် မိမိဂိုဏ်းကို ပိုမိုကြီးမွားစေမည်ဖြစ်၍ အခြားဂိုဏ်းကိုလည်း ကျေးဇူးပြုသည်မည်၏။ ထိုသို့မဟုတ်ပါလျှင် မိမိဂိုဏ်းကိုလည်း အားနည်းအောင်ပြုသည်မည်၍ အခြားဂိုဏ်းကိုလည်း ဆုတ်ယုတ်ပျက်စီးအောင် ပြုသည်မည်၏။မိမိဂိုဏ်းကို ထင်ပေါ်စေလိုသဖြင့် မိမိဂိုဏ်းဝင် အားလုံးတို့အား သိမ်းရုံးချီးမြှောက်ပြီး တပါးသော ဂိုဏ်းဝင်အားလုံးကို သိမ်းရုံးကဲ့ရဲ့ခြင်းသည် မိမိဂိုဏ်းကို ပျက်စီးအောင် ဖျက်ဆီးသည် မည်၏။တဂိုဏ်းနှင့်တဂိုဏ်း ညီညွတ်ခြင်းသည်သာ ကောင်းမြတ်၏။ အသို့နည်း- အချင်းချင်း တရားကို နာကြားရ၏။ ဆည်းကပ်ရ၏။ အသို့နည်း ဂိုဏ်းအားလုံးသည် အကြားအမြင်များ၍ ပညာအမြော်အမြင်နှင့် ပြည့်စုံစေရန် ဒေ၀ါနံပိယ ပိယဒသီမင်း အလိုရှိ၏။ထိုထိုတရား၌ ကြည်ညိုသူတို့လည်း “ဒေ၀ါနံ ပိယ ပိယဒသီမင်းသည် ပေးလှူခြင်းနှင့် ပူဇော်ခြင်းတို့ကို ဂိုဏ်း၏ အနှစ်သာရ တိုးတက်ကြီးပွားခြင်းဟု မယူဆ”ဟု ပြောဟောကြရမည်။ သို့အတွက် အမျိုးသား တရားအမတ်, အမျိုးသမီးတရားအမတ်, လမ်းခရီးဆိုင်ရာ အမတ်နှင့် အခြားအမတ်အသီးသီးတို့ကို ခန့်ထားခြင်းဖြစ်၏။ သို့ဖြင့် မိမိဂိုဏ်းဂဏ အနှစ်သာရ တိုးတက်ကြီးပွား၍ တရားထွန်းလင်း တောက်ပမည်ဖြစ်၏။(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်) His Sacred and…


    အသောကရဲ့ အက္ခရာများ-၁၂ (အပိုင်း-၁)

    ဣဒံ မူလံ, ၀ေစာ ဂုတိ။နှုတ်စောင့်စည်းပါ၊ ဒါ…လိုရင်းပဲ။အသောကဘုရင်ရဲ့ အမိန့်ပြန်တမ်းတွေက တခါတလေ ပြတ်ပြတ်ပဲ။ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ သ၀ရ ပါသံဍာနိ ပ၀ရဇိတာနိ စ ဂဟဌာနိ စ ပူဇာယတိ ဒါနေန, ၀ိဝိဓာယ စ ပူဇာယ၊ န တု တထာ ဒါနံ ၀ါ ပူဇံ ၀ါ ဒေ၀ါနံ ပိယော မံဉ တိ၊ ‘အထာ ကိံတိ သာရ၀ဎိ သိယာ’တိ၊ သ ၀ရပါသံဍာနံ သာရ၀ဎိ ဗဟုဝိကာ၊ တဿ တု ဣဒံ မူလံ, ၀စော ဂုတိ၊ ကိံတိ? အတပါသံဍေ ပူဇာ စ ပရပါသံဍေ ဂရဟာ စ နော သိယာ, အပကရဏမှိ လဟုကာ ၀ါ သိယာ၊ တမှိ တမှိ ပကရဏေ ပူဇေတ ၀ိယ တု ပရပါသံဍာနံ တေန တေန ပကရဏေန အတပါသံဍံ ဗာဠံ စ ၀ဎီယတိ, ပရပါသံဍသ ပိ ၀ါ ဥပကရောတိ၊ တ‘ဒံဉ ထာ ကရောတော အတ-ပါသံဍံ ပူဇယတိ, ပရပါသံဍံ ၀ါ ဂရဟတိ, သ ဝေ အတပါသံဍ ဘတိ ယာ ၀ါ ကိံတိ အတပါသံဍံ ဒီပယေမ ဣတိ၊ သော စ ပုန တထာ ကရံတံ အတပါသံဍံ ဗာဠတရံ ဥပဟံတိ။အတ-ပါသံဍသိ သမ၀ါယော ဧ၀ သာဓု, ကိံတိ အံဉ -မဉသ…


    အသောကရဲ့ အက္ခရာများ-၁၁

    “အပါရုတာ တေသံ အမတဿ ဒွါရာ”အမြိုက်နိဗ္ဗာန်တံခါးကို ပိတ်မထားပါဘူးလို့ မြတ်ဗုဒ္ဓ မိန့်မှာခဲ့တယ်။ ကြာရုံတောမှာတော့…တစ်ချို့က ရေထဲမှာ မြုတ်လို့။တစ်ချို့က ရေပြင်မှာ ပေါ်ရုံပေါ်လို့..တစ်ချို့က ကားကားစွင့်စွင့် ပွင့်လို့…မတူညီသော အဇ္ဈာသယများနဲ့…။ ဒီပုံလေးကို ပန်ဒိုရာ့ဆီက မပြောမဆိုနဲ့ ခဏငှားလာတာ။ဒေ၀ါနံ ပိယော ပိယဒသီ ရာဇာ ဧ၀ံ အာဟ, နထိ ဧတာရိသံ ဒါနံ, ယာဒိသံ ဓံမ ဒါနံ, ဓံမ သံသ္တဝေါ ၀ါ ဓံမ သံဝိဘာဂေါ ၀ါ ဓံမ သံဗံဓော ၀ါ၊ တတြ ဣဒံ ဘ၀တိ ဒါသ-ဘဋကမှိ သမျာပဋိ ပတိ, မာတာ ပိတုသု သာဓု သုသူသာ, မိတသံထုတ-နာတိ ကျာနံ, သမဏ ဗြာဟ္မဏာနံ သာဓု ဒါနံ, ပါဏာနံ အနာရံဘော သာဓု၊ ဧတံ ၀တဗျံ ပိတိနာ ပိ ပုတြေန ပိ မာတိနာ ပိ သွာမိကေန ပိ မိတြ-သံထုတ-ဉာတိကေန ပိ အာဝ ပဋိဝိသိယေန ပိ၊ ဣဒံ သာဓု, ဣဒံ ကတဗျံ၊ သော တထာ ကရံတော ဟိဓ လောကိကျေ စ သုခံ အာရောဓော ဟောတိ, ပရတြ စ အနတံ ပုဏံ ပသဝတိ တေန ဓံမဒါနေန။ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် ဤသို့ မိန့်မြွက်တော်မူလေပြီ၊ တရားတော် ကြီးပွားရေးအတွက် လှူဒါန်းခြင်း, တရားတော်…


    အသောကရဲ့ အက္ခရာများ-၁၀

    ကျောက်စာတွေ ၁၀-ခု ရှိသွားပြီ။ ရှေးဟောင်းသုတေသနက ဆရာတွေကတော့ ဘယ်လိုနေလဲ မသိဘူး။ ဘီစီ ၃ရာစုက သဘောတရားတွေကို ခံစားရတာ နည်းနည်း မောတယ်။ ဒီကျောက်စာတွေ ဖတ်ရတာ ဖုန်တထောင်းထောင်းနဲ့ တောလမ်းမှာ လှည်းကြမ်း ဒုန်းစိုင်းမောင်းနေရတာနဲ့ မတူဘူး။ F1 ပြိုင်ပွဲက twist-turnများတဲ့ trackမှာ Ferrariကို ultra-speedနဲ့ မောင်းနေရသလိုပဲ။ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ယသော ၀ါ ကိတိ ၀ါ န မဟာထာ’ ဝဟံ မနတိ၊ အညတြ ယံ ပိ ယသော ၀ါ ကိတိ ၀ါ ဣဆတိ, တဒတွာယေ အာယတိကေ စ မေ ဇနော ဓံမ-သုသူသံ သုသူသတု မေ’တိ, ဓံမ၀တံ ၀ါ အနုဝိဓိယတု မေ’တိ, ဧတကာယေ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ယသော ၀ါ ကိတိ ၀ါ ဣဆတိ၊ ယံ သ ကိံစိ ပလာကမတိ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ, တံ သဝံ ပါလတြိကာယ ၀ါ, ကိံတိ သကလေ အပပလိသဝေ ဟုဝေယာ’တိ၊ ဧသ တု ပလိသဝေ, ယံ အပုံနံ၊ ဒုကလံ စ ခေါ ဧတံ ခုဒကေန ၀ါ ဇနေန, ဥသဋေန ၀ါ အဉ တြ အဂေန ပလာကမေန၊ ဧ၀ံ စ ပလိစဇိတွာ ဧတံ စ ခေါ ခုဒကေန ၀ါ…

  • Gāthā,  Poetry,  Quote

    နှစ်သစ်ကူးပရိတ် (သို့) မေတ္တသုတ်remix

    ကြားကြားတိုင်း သတိရပါရွတ်ဖတ်တိုင်း အမှတ်ရပါမေတ္တသုတ်တော်ဟာငါတို့ရဲ့ တော်လှန်ရေး သင်္ကေတ ဖြစ်ခဲ့ပြီ။ကရဏီယမတ္ထကုသလေန၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။ ဓါးဓါးချင်းဒုတ်ဒုတ်ချင်းယှဉ်ပြိုင်ထိုးခုတ်နေမှ မဟုတ်ဘူးနာကျင်စရာများ ရှိတိုင်းခံပြင်းစရာများ ရှိတိုင်းရက်စက်မှုတွေ ကြုံတွေ့ရတိုင်းတစ်ဂါထာ တစ်ဝါကျပဲ မင်းရွတ်ဆိုလိုက်စမ်းပါသွေးသားထဲ စီးဆင်းသွားတဲ့ ချိုမြိန်မှုနဲ့မေတ္တသုတ်တော်ဟာငါတို့ရဲ့ တော်လှန်ရေး နိမိတ်ပုံ ဖြစ်တယ်။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။ ကြေကွဲတတ်ရင်အနီရောင် စွန်းထင်းခဲ့တဲ့ ဗောဓိညောင်တွေအတွက်မြေခခဲ့ရတဲ့ ဦးခေါင်းတော်တွေအတွက်ကြေကွဲလို်က်အုံးတစ်လှမ်းချင်းလှမ်းတဲ့ ခြေလှမ်းတွေအတွက်တစ်ပိုဒ်ချင်း သရဇ္ဈယ်တဲ့ သံစဉ်တွေအတွက်ဝမ်းနည်းလိုက်အုံး။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာ ၀န၀သေသာ။ဒီဃာ ၀ါ ယေ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။ လူမဆန်တဲ့ ရက်စက်မှုတွေကြားမှာ“ကရဏီယ”ကို ရွတ်ဖတ်ရင်း“န ပရောပရံ”ကို သရဇ္ဈယ်ရင်းသွေးပွက်ပွက်အန်ခဲ့ရပြီ။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။ဘူတာ ၀ သမ္ဘဝေသီ ၀ ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။ သုတ်တော်ရဲ့ ပါဒတိုင်း ပါဒတိုင်းမှာသွေးစွန်းနေတဲ့ ကျည်ဆန်တွေ ရှိတယ်သုတ်တော်ရဲ့ အက္ခရာတစ်လုံချင်းမှာမိစ္ဆာတွေရဲ့ စစ်ဖိနပ်ဒဏ်ရာတွေ ရှိတယ်နာနာကျင်ကျင် ခံစားလိုက်အုံးမေတ္တသုတ်တော်ဟာတော်လှန်ရေးရဲ့ သွေးစက်တွေ ဖြစ်တယ်။ န ပရော ပရံ…