• Myanmar Poem,  Pāḷi,  Poetry,  Translation

    ဇော်ဂျီ-ရှိန်းဆာယာ (ပါဠိ)

    မန်းရွှေပြည်ရဲ့ သင်္ကြန်အခါဟာ မင်္ဂလာရှိစွာနဲ့ ကဗျာဆန်နေပါတယ်။ မန်းတောင်ရိပ်ခိုရင်း ဒီသင်္ကြန်တွင်းမှာ သတိတရ ကဗျာတစ်စုံကို ခံစားမိနေတာ။ အလွတ်ရတဲ့ ကဗျာတွေထဲမှာ ဒီကဗျာ တစ်စုံလည်း ပါတယ်။ ဒီကဗျာကို ပါဠိဘာသာပြန်ဖို့ စိတ်ကူးနေတာလည်း နှစ်အတော် ကြာခဲ့ပြီ။ ခုမှပဲ အကြောင်းညီညွတ်တော့တယ်။ ဧပြီလမှ မွေးဖွားခဲ့သူ ဆရာကြီးဇော်ဂျီ အမှတ်တရပါ။ ဒီကဗျာ ပါဠိဘာသာပြန်အတွက် လိုအပ်တဲ့ ဓာတ်ပုံမှာတော့ မန်းရွှေမြို့တော်ရဲ့ ကျုံးနံဘေး ၂၀၁၉ လမ်းလျှောက်သင်္ကြန်မှာ အလှဆင်ထားတဲ့ ရုပ်သေးရုပ်တွေထဲက ဇော်ဂျီပျံလေးကို သင်္ကြန်အကျ နေအတက်မှာ ရိုက်ထားတာပါ။ မန်းရွှေပြည်ရဲ့ သင်္ကြန်အခါဟာ မင်္ဂလာရှိစွာနဲ့ ကဗျာဆန်နေပါတယ်။ ပဉ္စလိကာနစ္စကလာယံ ဇောဂီ စ ယဋ္ဌိ လင်္ဃဟနံ ပက္ခန္ဒနံ တဿ ပကာရံ သောဟံ ပဿံ ကိလမိတော ၀တ သိဒ္ဓိဆာယာ မဟာနုဘာဝါ တိရောဘာဝူပဂမနိဒ္ဓိ သိဒ္ဓိဆာယာယ သောဟံ ဘီတော စိတ္တ၀ိဂမော အဟော သိဒ္ဓိဆာယာ အတိမဟာ ယဒါ တိရောဘာဝူပဂမနံ စိတ္တ၀ိဂမော ဆာယိကော ဒုဗ္ဗစ္စော ပဂဗ္ဘော သဒါ လောဘမာနေဟိ ယုတ္တော ဟိံသကော နိစ္စံ အနိစ္စံ တံ သမ္ပဇာနံ သတိကောဋ္ဌကဿ ဒဠှီကရဏေန စိတ္တ၀ိဂမော ၀ိပဿိတွာ ဂဟိတော ဘဝေ ကလ္လံ နူန ၀ီမံသနံ။ ဇော်ဂျီနှင့် ရှိန်းဆာယာ +++ ရုပ်သေးစင်ပေါ် ဇော်ဂျီနှင့် တောင်ဝှေး အခုန်အပျံနှင့် သူ့ဟန်ကို သည်ဖေကြည့် မောမိသည်လေး ရှိန်းဆာယာ ပိုမောက် ကိုယ်ပျောက်သည့် တန်ခိုး ရှိန်းဆာယာ သည်ဖေကြောက် စိတ်ပျောက်မှာ စိုး စမ်းကြည့်ဖို့ပဲ +++ ရှိန်းဆာယာ ပိုမောက်…

  • Memo,  Myanmar Poem,  Poetry,  Translation

    သစ္စာရဲ့ အပွေ့အဖက်

    သတ္တလောကေ မနုဿတ္တဘာဝေါ ဇရာဗျာဓိမရဏဓမ္မော အဟော.. သစ္စံ၊   တထာပိ တယိ ကာင်္လကတေ တဝ ဇာတိဘူမိ တုမှာကံ ဘူမိ ဝေပုလ္လပ္ပတ္တာ ပတိဋ္ဌိတဗ္ဗာ   တဝ ကုလဝံသော ဘာသာ ဝိတ္ထာရိကပ္ပတ္တာ ပတိဋ္ဌိတဗ္ဗာ   ယတ္ထ တေ အဉ္ဇလိကမ္မံ ပုညဘာဂေါ စေတိယံ သစ္စာလောကော ဉာဏဒီပေါ စ သြဘာသယံ ပဘာသယံ သံတိဋ္ဌတု . သင်သေသွားသော် ဇော်ဂျီ   သြော် – လူ့ပြည်လောက၊ လူ့ဘဝကား အိုရ နာရ၊ သေရဦးမည် မှန်ပေသည်တည့်။   သို့တပြီးကား၊ သင် သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။   သင်၏မျိုးသား၊ စာ စကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။   သင် ဦးချ၍၊ အမျှဝေရာ စေတီသာနှင့်၊ သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။