• Myanmar Poem,  Pāḷi,  Poetry,  Translation

    နိုင်ဇော်-မီးလျှံ (ပါဠိ)

    ကဗျာမှာလည်း အရောင်နဲ့ အဆင်းနဲ့။ ပန်းချီမှာလည်း စာနဲ့ ပေနဲ့။ အစပ်အဟပ်တည့်ချင်ရင်လည်း တည့်မယ်။ တည့်ချင်မှလည်း တည့်မယ်။ အလှသစ်ပန်းချီပြခန်းမှာ ခင်းကျင်းတဲ့ နိုင်ဇော်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲမှာ (The Valour of the nature By Artist Khin Zaw/Naing Zaw) The Other Sideပန်းချီကားလေးကို ခံစားမိရင်း သူ့ကဗျာစာအုပ်လေးလည်း လက်ဆောင်ရခဲ့လို့ အရောင်ထွက်တဲ့ ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ကြည့်မိတယ်။ နိုင်ဇော်ရဲ့ “မီးလျှံ”ပါ။ မနုဿုပတ္တိတိယာ အဇ္ဈတ္တဂ္ဂိယာ ဇီဝိတမတ္တမ္ပိ အပ္ပဟောနကံ သူရိယရံသီ အဗန္ဓနဉ္စ ဧကစ္စာနိ ပုပ္ဖာနိပိ အာကင်္ခါနိ ပုပ္ဖါနိ ဝိယ အာလောကေနေဝ ဝိကသိတာနိ အန္ဓကာရေန ဩနဒ္ဓကာလေ မနုဿတ္တသောဘာ အပရိပုဏ္ဏာ ယတ္ထ ကတ္ထထစိ ဂတော ယော ကောစိ သမယော ယေန ကေနစိ ပရိက္ခေပေါ သူရိယရံသိသဒိသာ အန္တောဟဒယေ မေတ္တကရုဏာယော အာဟရ သူရိယရံသိပက္ခံ သဒါ အဘိမုခံ ကရ တထေဝ အန္ဓကာရဆာယာယော သကပိဋ္ဌိပဿေ ဘဝေယျာထ။ မီးလျှံ – နိုင်ဇော် လူတစ်ယောက် ဖြစ်တည်မှု ရဲ့ အတွင်း မီးဓာတ် အတွက် အသက် ရှင်သန်ရရုံကဖြင့် မလုံလောက်ပါ နေရောင်ခြည် ၊ နှောင်ကြိုးမဲ့ခြင်း နဲ့ ပန်းကလေး တစ်ချို့လည်း လိုသေးတာပါ ပန်းကလေးတွေက အလင်း ရောင်ခြည် ရှိမှသာ ပွင့်နိုင်သလို အမှောင်နဲ့ ထုံးဖွဲ့ နှောင်ထားတဲ့ အခါ လူ့ဘ၀ အလှ မပြည့်စုံနိုင်ပါ။ ဘယ်နေရာကို သွားသွား ၊ ရာသီက ဘယ်သို့ ရှိရှိ၊…