• Asoka Inscription,  Asoka Step,  Travel

    အသောကခြေရာ (၄)

    Indian National Highway No.1 လမ်းကြောအတိုင်း Delhiက ထွက်လာရင် Sonepatရောက်တဲ့အခါ Meerutလမ်းခွဲရှိတယ်။ Delhiနဲ့ Panjabနဲ့ သွားလိုက်လာလိုက်လုပ်တဲ့အခါတိုင်း ဒီလမ်းဆုံကို ရောက်တယ်။ ရောက်တိုင်း Delhi-Meerut အသောကကျောက်စာတိုင်ကို သတိရဖြစ်တယ်။ ဒီကျောက်စာတိုင်က Meerutကနေ Delhiကို ရွှေ့ထားတာ။ ဒီလမ်းကြောအတိုင်းပဲ ဆက်သွားလို့ Kurukshetraကို ရောက်ရင်လဲ Delhi-Topraကျောက်စာတိုင်ကို သတိရတယ်။ Topra Kalanက Kurukshetraလမ်းဆုံကနေ Radaur Mandalကို သွားတဲ့ လမ်းပေါ်မှာ။ အဲဒီကနေ Delhiကို သယ်ထားတာ။ Delhiစူလတန် Ferozshah Tughlaqရဲ့ အမိန့်အတိုင်း ကျောက်စာတိုင် ၂တိုင်လုံးကို Delhiကို သယ်ဖို့ ယမုနာမြစ်ကြောင်းကို အသုံးပြုခဲ့ကြတယ်။ Hindustantimes သတင်း အရ Topraရွာသားတွေက ဒီကျောက်စာတိုင်ကို ပြန်သယ်ဖို့ ရှေးဟောင်းသုတေသနဌာန(ASI)ကို တောင်းဆိုတယ်လို့ သိရတယ်။  ASIက လက်မခံတော့ ကျောက်စာတိုင်ပုံစံတူ လုပ်ပြီး ရွာက ပန်းခြံတခုထဲမှာ စိုက်ထားဖို့ စီစဉ်နေကြတယ်။  ပြန်လိုချင်သူတွေက ဒီလိုပြောတယ်… “If India can ask back Kohinoor, why can’t Topra claim its own property? ASIက ဒီလို ပြန်ပြောတယ်… “The ASI act does not permit any such transfer of archaeological monuments because it has become a part of history where it is now situated for last…

  • Note,  Pāḷi Kabya,  Photo

    အကှာအဟ

    အ၀ိဝေကာရာမော မငြိမ်မသက် အနုပသမာရာမော မငြိမ်းမချမ်း သဥပါဒိသေသနိဗ္ဗာနဓာတု ငြိမ် အနုပါဒိသေသနိဗ္ဗာနဓာတု ငြိမ်း သုဝိဒူရဝိဒူရာနိ ၀တ ဣမာနိ။ ဝေး…ဝေး…

  • Memo,  Personal,  Photo

    အနည်းအပါး

    ယဒါ မာတာ နတ္ထိ၊ ပုတ္တော မစ္ဆော ၀ိယ ပရိတ္တောဒကသရမှိ။ အမိမဲ့သား… ရေနည်းငါး…။ ယဒါ ပိတာ နတ္ထိ၊ ပုတ္တော… အဖမဲ့သား… *** မွေးဖခင်အတွက် ရက်လည်အလွမ်း

  • Asoka Inscription,  Asoka Step,  Note,  Pāḷi Kabya,  Photo

    အသောကခြေရာ (၃)

    ယထာ ပက္ခီ သကုဏော ယေန ယေနေဝ ဍေတိ, သပတ္တဘာရောဝ ဍေတိ။ တထာဟံ ဣစ္ဆာမိ ဥပ္ပတိတွာ ဂမိတုံ။ တောင်ပံဖြန့်ပြီး သွားလိုရာ သွားနိုင်တဲ့ ငှက်တစ်ကောင်လို ပျံကြည့်ချင်လိုက်တာ။ ဣဓ ပန စိတ္တံ မေ ဘာရံ၊ အတ္တဘာဝေါ ဘာရော စိတ်ကလဲ လေးလေး… အတ္တဘောကလဲ လေးလေး… ‘ဣဒံ အဇ္ဇတနာယ, ဣဒံ သွာတနာယ ဒီနေ့ အတွက် မနက်ဖြန်အတွက် အာသင်္ဂေါ အပေက္ခေါ အငြိအကပ် များများ…။ အငဲ့အကွက် များများ…။ ဒီဃော သယတော သုပိနော။ အိပ်နေရင်တော့ အိပ်မက်ရှည်မှာပဲ။ အသောကကျောက်ဆောင်စာငယ်(၁၇) (၁ဂ) (၁၉)

  • Asoka Inscription,  Asoka Step,  Note,  Quote

    အသောကခြေရာ

    “ယာတာနုယာယီ” “သွားသောသူသို့ အစဉ်လိုက်သောသူ” သွားသူ…သွား၊လိုက်သူ…လိုက်၊ gooသူ…goo.gelသူ…gel. အသောကပဓာနကျောက်ဆောင်စာ (၁) (၂) (၃) (၄) (၅/၁) (၅/၂) (၆/၁) (၆/၂) (၇) (၈) (၉/၁) (၉/၂) (၁၀) (၁၁) (၁၂/၁) (၁၂/၂) (၁၃/၁) (၁၃/၂) (၁၃/၃) (၁၄)

  • Asoka Inscription,  Quote

    အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၆)

    အသောကကျောက်စာတိုင်ငယ် ၆-တိုင် ရှိတယ်။ (၁) Sarnath (၂) Kausambi (၃) Sanchi (၄) Karuvaki Queen (၅) Lumbini (၆) Nigliva အသောကရဲ့ အက္ခရာများ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂။ အစဉ်အတိုင်းပဲ။ Sarnathကျောက်တိုင်ကို Uttar Pradeshပြည်နယ် Varanasiက မိဂဒါဝုန်မှာ တွေ့ရတယ်။ Kausambi နဲ့ Karuvaki-Queenကျောက်စာတွေကို ကောသမ္ဗီကနေ Uttar Pradeshပြည်နယ် Allahabadမြို့ ကို ရွှေ့ထားတဲ့ Allahabad-Kosamကျောက်တိုင်ကြီးမှာ တစ်စုထည်း တွေ့ရတယ်။ Sanchiကျောက်စာတိုင်ကို Madhya Pradeshပြည်နယ် Bhopalမြို့ အရှေ့မြောက်ဖက်က Sanchiစေတီနားမှာ တွေ့ရတယ်။ Lumbiniကျောက်စာတိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က လုမ္ဗိနီဥယျာဉ်မှာ တွေ့ရတယ်။ Niglivaကျောက်တိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က Niglivaရွာမှာ တွေ့ရတယ်။ [googlemaps http://maps.google.com/maps/ms?ie=UTF8&hl=en&msa=0&msid=206102350906894913692.00049f5c3f20d9c8c887a&ll=26.037042,81.079102&spn=13.794376,18.676758&z=5&output=embed&w=425&h=350] Sarnath, Kausambi နဲ့ Sanchi ကျောက်စာတွေရဲ့ အကြောင်းအရာက အခြေခံအားဖြင့် တခုထဲ။ သံဃဘေဒကကံကို မကျူးလွန်ဖို့ရာ တားမြစ်တဲ့ ကျောက်စာတွေ။ “သုခါ သင်္ဃဿ သာမဂ္ဂီ, သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့ သြ၀ါဒပါတိမောက်ရယ်၊ “သမဂ္ဂေါ ဟိ သင်္ဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ၀ိဟရတိ”ဆိုတဲ့ အာဏာပါတိမောက်ရယ် ပေါင်းစည်းထားတဲ့ သမိုင်းကြောင်း အစအနတွေကို ဒီကျောက်စာတွေမှာ တွေ့ရမှာပါ။ သံဃာအရေးအခင်းမှာ အသောက ဂရုတစိုက် ရှိပုံလေးက စိတ်ဝင်စားစရာ။ “သင်္ဃရာဇိ, သင်္ဃဘေဒ”တွေနဲ့ ပြည်ထဲရေး အဆက်အစပ်ကို တိုင်းပြည်အုပ်ချုပ်သူတွေ နားလည်ဖို့ လိုမလိုတော့ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် “သမဂ္ဂါနံ…