• Pāḷi Kabya,  Photo

    ပေါက်တူးတစ်လက်သို့ တမ်းချင်း

    ခေဏယ် မာ ဝိေဇၩယ် ဝိဒၶံေသယ်။ မာ ဒူေသယ်။ တိခဏအယသူလာနံ အန္တရေ ဒီဃာ သောကာတုရဿ ရတ္တိ။ ခဏ္ဍာခဏ္ဍိကာနံ အန္တရေ ဒီဃာ အဿုမုခဿ ရတ္တိ။ တူးချင်တူးပါ မဆွပါနဲ့ ဖြိုချင်ဖြိုပါ မဖျက်ပါနဲ့ အချွန်အထက်တွေကြားမှာ ရတက်မအေးတာ ကြာပြီ။ အပြိုအပျက်တွေကြားမှာ ငိုကြွေးရတာ ကြာပြီ။

  • Pāḷi Kabya,  Photo,  Travel

    အရိုင်းလမ်း

    ကန္တာရော… အပ္ပါကိဏ္ဏော အပ္ပသဒ္ဒေါ အပ္ပနိဂ္ဃေါသော။ တထာပိ ဥစ္စော စေဝ နိန္နော စ ပဗ္ဘာရော စ ဂမ္ဘီရော စ။ ဇင်္ဃာဗလေနေဝ ဂစ္ဆ အဘိက္ကမ မာ နိဝတ္တ…။ ဒူရာ ဝါ အတိဒူရာ ဝါ ခေမန္တဘူမိ…။ ကန္တာရခရီး… လူသူကင်းဝေး နားအေးပါးအေး တိတ်တိတ်ဆိတ်ဆိတ် မြင့်လိုက် နိမ့်လိုက် ချိုင့်လိုက် နက်လိုက်…။ ခြေကျင်သာ ချီတက်ပါ ရှေ့ဆက်ပါ နောက်မဆုတ်နဲ့…။ ဘေးကင်းရာမြေ ဝေးချင်ဝေးနိုင်တယ်။

  • Note,  Photo,  Travel

    ရေစုန်မြောတဲ့ မြစ်

    Mansarovar  (အနောတတ်အိုင်) ကနေ မြစ်ဖျားခံလာသတဲ့။ Senge Khabab (ခြင်္သေ့ခံတွင်း) ကနေ စတင် စီးဆင်းလာသတဲ့။ ရာဇဝင်ထဲလဲ ပါရဲ့။ နဒီဝင်ထဲလဲ ပါရဲ့။ တောင်ပေါ်က ဆင်းလာတဲ့ မြစ် တောင်ပေါ် ပြန်မတက်တော့ဘူးတဲ့။ ဒီမြစ်ရဲ့ ကောက်ကြောင်းတွေက တောင်စဉ်အထပ်ထပ် တောစဉ်အထပ်ထပ် ဝေ့လို့ဝိုက်လို့။ အေးတဲ့နေရာမှာ အေးတယ်။ ဖွေးတဲ့နေရာမှာ ဖွေးတယ်။ နွေးတဲ့နေရာမှာ နွေးတယ်။ စွေးတဲ့နေရာမှာ စွေးတယ်။ ကမ်းပါးတစ်နေရာမှာ… ထိုင်တွေးမနေနဲ့ မှိုင်ငေးမနေနဲ့ ဣန္ဒုမြစ်ရေနဲ့ ဆေးကြောလိုက်ပါ…။

  • Pāḷi Kabya,  Photo,  Travel

    အကြည့်

    ဥဒ္ဓံ ဝါ အဓော ဝါ ဣတော စိတော ဝါ ဥလ္လောကေတိ သြလောကေတိ ဝိပေက္ခတိ အောက် ထက် ဟို ဒီ မော့ကြည့် ငုံ့ကြည့် ငဲ့ကြည့်