• English Song,  Memo,  Music,  Photo,  Translation

    ငြိမ်း in one

    သင်္ကပ္ပေ နတ္ထိ သဂ္ဂေါ၊ သုက္ကရမေဝ၊ ယဒိ တွံ အာရဘသိ၊ နတ္ထိ နိရယော အမှာကံ ဟဋ္ဌာ၊ ဥပရိ ပန အာကာသောယေဝ၊ သင်္ကပ္ပေ သဗ္ဗဇနာ ဇီဝန္တာ အဇ္ဇတ္ထာယ၊   သင်္ကပ္ပေ န သန္တိ ရဋ္ဌာနိ၊ န ဒုက္ကရံ ကာတုံ၊ နတ္ထိ၊ ယဒတ္ထာယ ဝဓိတဗ္ဗံ ဝါ မရိတဗ္ဗံ၊ အထာပိ နတ္ထိ ဒိဋ္ဌိ၊ သင်္ကပ္ပေ သဗ္ဗဇနာ ဇီဝန္တာ သန္တိန္ဒြိယာ၊   တွံ….. တွံ ဘာသေယျာသိ၊ အဟံ သုပိနဂတောတိ၊ တထာပိ နာဟံ ဧကကော၊ ပတ္ထေမိ အညဒါ တွံ ဧကီဘူတော အမှေဟိ သဟ၊ အထ လောကော ဧကီဘာဝဂတော၊   သင်္ကပ္ပေ န သန္တိ ပရိဂ္ဂဟာ၊ မညာမိ တွံ သက္ကောသိ အနပေက္ခာ၊ ယတ္တ ဂိဒ္ဓါ ဝါ ခုဒါ၊ မနုဿာနံ ဘာတိကတ္တံ သင်္ကပ္ပေ သဗ္ဗဇနာ သဟ ဝိဘဇန္တာ သဗ္ဗလောကံ၊   တွံ….. တွံ ဘာသေယျာသိ၊ အဟံ သုပိနဂတောတိ၊ တထာပိ နာဟံ ဧကကော၊ ပတ္ထေမိ အညဒါ တွံ ဧကီဘူတော အမှေဟိ သဟ၊ အထ လောကော ဧကီဘာဝဂတော၊ Imagine there’s no heaven It’s easy if you try No hell below us Above us only…

  • Asoka Inscription,  Asoka Step,  Photo,  Travel

    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၄)

    သေတဝရဝါရဏော.ယံ ဂဇတမော။ သုဝဏ္ဏပဗ္ဗတေ ရဇတပဗ္ဗတေ စရိတွာ၊ ဇမ္ဗုဒီပံ ပဒက္ခိဏံ ကတွာ၊ ဒက္ခိဏပဿံ ဖာလေတွာ၊ ကုစ္ဆိံ ပဝိဋ္ဌသဒိသော။ ဆင်ဖြူတော်မြတ် ရွှေငွေရောင်လျံ တောင်မြင့်မိုရ်၌ ကျင်လည် ဇမ္ဗုဒိပ်ကျွန်းကို လင်္ကျာရစ်လှည့်လည် လင်္ကျာနံပါးကို ဖွင့်လှစ် ဝမ်းကြာတိုက်သို့ သက်ဆိုက်သကဲ့သိုပင်တည်း။ ယမုနာမြစ်သည် Kata Patharရွာလေးမှ ၁၀ကီလိုမီတာနီးပါး ဆက်၍ စီးဆင်းသွားသည့်အခါ Kalsiရွာကို ရောက်သည်။ Kalsiသည် Uttarkhanပြည်နယ်၏ မြို့တော် Dehradunမှ ၅၀Kmခန့် ဝေးသည်။ တောင်ရိုးလေးပေါ်ရှိ ရွာလေးသည် မြို့ကြီးများကဲ့သို့ ဆူညံပွက်လောရိုက်မနေဘဲ ငြိမ်သက်နေသည်။ ထူးထူးထွေထွေ ရှာနေစရာမလို။ ရွာဈေးလမ်းနံဘေးတွင် အသောကကျောက်စာလမ်းညွှန် ဆိုင်းဘုတ်ထောင်ထားသည်ကို တွေ့ရသည်။ လမ်းကျဉ်းလေးအတိုင်း ဆင်းသွားရာ ကျောက်စာတိုက်ကို သပ်ရပ်သန့်ရှင်းနေသော ပန်းခြံလေးအလယ်တွင် တွေ့လိုက်ရသည်။ နေရာလေးက ငြိမ်းအေးသည်။ ကျောက်စာတိုက်ထဲတွင် ရှေးဟောင်းသုတေသနဌာနက တာဝန်ယူထိမ်းသိမ်းထားသော Kalsi Rock Edictဟု ခေါ်ကြသည့် ကျောက်စာကြီး ရှိနေသည်။ Mr. Forrestက ၁၈၆၀တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၁၂တွင် ပြည်နယ်အစိုးရမှ ကျောက်စာတိုက်ဆောက်လုပ်ပေးခဲ့သည်။ ကျောက်တုံးကြီးသည် အမြင့် ၁၀ပေ အလျား ၁၀ပေ အနံ ၈ပေခန့်ရှိပြီး အရှေ့ဘက်ခြမ်းနှင့် ဘယ်ဘက်ခြမ်းတို့တွင် ဗြဟ္မဏီအက္ခရာ၊ ပရာကရစ်ဘာသာဖြင့် ကျောက်စာများ ရေးထိုးထားသည်။ အမှတ်စဉ် (၁)မှ (၁၄)အထိ ပါဝင်သည်ဟု အသောကကျောက်စာ ပညာရှင်များက ဆိုသည်။ (ကျောက်စာမူနှင့် ဘာသာပြန်များ) ကျောက်စာတိုက်ထဲသို့ ဝင်ကြည့်၍ မရ။ မျက်နှာစာကိုမူ ဖွင့်ထား၍ ကျောက်တုံးကြီးကို ကောင်းစွာ မြင်ရသည်။ ကျောက်တုံးကြီး ရှေ့တွင် ရပ်လျက် ကျောက်စာများကို ဖတ်ဖို့ရန် စိတ်ကူး မရ။ ကျောက်တုံးကြီးရှေ့သို့ ရောက်ဖြစ်သည့်အနေအထားကိုပဲ…