• English Song,  Music,  Photo,  Translation

    အသွေးအရောင်

    တုဝံ သဟ သောကာတုရစက္ခူဟိ မာ ဝိသာဒေယျာသိ။ အဟဉှိ ဇာနာမိ ဒုက္ကရံ ဓိတိံ ကာတုံ ဣမသ္မိံ မဟာဇနကာယေ တွံ ဝိဿရေယျာသိ သဗ္ဗေန သဗ္ဗံ အထ အန္ဓကာရော အဇ္ဈတ္တေ တဝ သမ္မတ္ထော ကာတုံ တုဝံ အတိခုဒ္ဒကံ   တထာဟံ ပဿာမိ တဝ ပကတိဝဏ္ဏေ ဝိရောစမာနေ အဟံ ပဿာမိ တဝ ပကတိဝဏ္ဏေ တသ္မာဟံ ပိယာယာမိ တုဝံ မာ ဘာယိ တေသံ ပကာသိတုံ တဝ ပကတိဝဏ္ဏေ ပကတိဝဏ္ဏာ သောဘိတာ ဣန္ဒာယုဓံ ဝိယ   ပါတုကရောဟိ မေ သိတံ အထ မာ ဒုမ္မနော၊ နာဟံ သက္ကောမိ သရိတုံ ယဒါဟံ ပဿိံ တုဝံ ဟသန္တံ သစေ အယံ လောကော ပါပေတိ တုဝံ ခိတ္တစိတ္တံ အထ တယာ ဂဟိတံ သဗ္ဗံ တံ၊ ယံ သဟိတံ တွံ ပက္ကောသာဟိ မံ တွံ ပန ဇာနာသိ၊ အဟံ တတ္ထ   အထာ.ဟံ ပဿိဿာမိ တဝ ပကတိဝဏ္ဏေ ဝိရောစမာနေ အဟံ ပဿာမိ တဝ ပကတိဝဏ္ဏေ တသ္မာဟံ ပိယာယာမိ တုဝံ မာ ဘာယိ တေသံ ပကာသိတုံ တဝ ပကတိဝဏ္ဏေ ပကတိဝဏ္ဏာ သောဘိတာ ဣန္ဒာယုဓံ ဝိယ   သစေ အယံ လောကော ပါပေတိ…

  • Asoka Step,  Photo,  Travel

    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၂)

    ဝိဝရ ဒြါရံ။ ဥဇု ဝတ မေဂၢါ ပဋိပႏၷကႆ။ ဂစ္ဆ ပဒါနုပဒံ အနုဗန္ဓိတွာ။ တံခါး ဖွင့်ပါ။ လမ်းလျှောက်သူအတွက် လမ်းဖြောင့်ဆဲ။ ခြေရာကောက်ရင်း သွားပေါ့။ Dehradunသို့ သွားရန် အကြောင်းတိုက်ဆိုင်လာပုံက ဆန်းသည်။ Indian Society for Buddhist Studies၏ ၁၂ကြိမ်မြောက် နှစ်ပတ်လည် Conferenceကို တက်ရောက်၍ စာတမ်းဖတ်ရန် စိတ်ကူးရှိခဲ့သည်။ မူလက ထိုပွဲကို Uttarakhandပြည်နယ်၊ Haridwarမြို့တွင် ကျင်းပရန် စီစဉ်ထားသည်။ Haridwarမြို့သို့ ရောက်ဖူးပြီးဖြစ်သောကြောင့် သွားလိုသည့် ဆန္ဒမှာ အနည်းငယ်သာ​ ရှိခဲ့သည်။ မည့်သည့်အကြောင်းကြောင့်မှန်းမသိ။ Conferenceကျင်းပမည့် နေရာကို ထိုမြို့မှ ကီလိုမီတာ၅၀ခန့်ဝေးသော Dehradunမြို့သို့ ပြောင်းလဲလိုက်ကြောင်းကို ဖိတ်ကြားစာ ပို့လာသည့်အခါမှ သိလိုက်ရသည်။  အတိုင်းမသိ ပျော်ရွှင်မိသည်။ အမှန်တကယ် ရောက်လိုသည့် နေရာကား Dehradunပင်။ ဟိမဝန္တာတောင်ခြေ Doonတောင်ကြားရှိ ပင်လယ်ရေပြင်အထက် ပေ၂၂၀၀ခန့်တွင် တည်ရှိသော ထိုမြို့နှင့် မလှမ်းမကမ်းတွင် အသောကကျောက်စာကြီး ရှိနေသည်ကို သိထားသောကြောင့်ပင်ဖြစ်သည်။ ထိုကျောက်စာကြီးသို့ ခရီးစဉ်အိပ်မက်ကား အကောင်အထည် ပေါ်ခဲ့လေပြီ။ Dehradunရှိ Doonတက္ကသိုလ်သည် နိုဝင်ဘာဆောင်းဦးတွင် အေးမြလှပ၍ နေချင့်စဖွယ်ဖြစ်သည်။ တည်ထောင်သည်မှာ မကြာသေးသည့်အတွက် ဆောက်လုပ်ဆဲလုပ်ငန်းများကို တွေ့နေရသည်။ မနက်စောစော ကျောင်းဝင်းအတွင်း လမ်းလျှောက်ရသည်မှာ အရသာရှိလှသည်။ နေအထွက်နှင့် ပင်မကျောင်းဆောင်ကြီးကို မြင်ရသည်မှာလည်း ခမ်းနားလှသည်။ ထိုအဆောက်အဦထဲတွင် Conferenceကျင်းပသည်။ Conferenceတွင် အသောကကျောက်စာသင်ခန်းစာများကို ပို့ချပေးခဲ့သည့် Delhiတက္ကသိုလ်မှ ဆရာနှင့်လည်း ဆုံဖြစ်၍ Kalsiကျောက်စာကြီးနှင့် ပတ်သက်သော အချက်အလက်များကို မေးမြန်းစုံစမ်းဖြစ်သည်။ ကံကောင်းခြင်းလက်ဆောင်ပင်။ မိတ်ဟောင်းဆွေဟောင်းများနှင့်လည်း တွေ့ရသည်။  Indian Society for Buddhist Studiesကို စတင်…

  • Memo,  Pāḷi Kabya,  Photo

    မုန်းစကားမဆိုတဲ့ မိမိMal

    ဂန္ထပရိယာပုဏနလေသေန ယေ မံ ဇီဝိတာ ဝေါရောပေတုံ အာရဘန္တိ။ တထာပိ နာဟံ အကုဒ္ဓါ တေသု။ သုသုခံ ဝတ ဇီဝိတုကာမာ ပညာပရိဟာနိံ ပန ဘီတာ.မှိ။ စာဖတ်လို့ အသေသတ်ပေမယ့် မကျေမနပ် မဖြစ်ပါဘူး အနေတတ်ချင်တဲ့ ငါ ပညာငတ်မှာပဲ စိုးရိမ်တယ်…။ inspiration >>> Malala’s speech

  • Memo,  Pāḷi Kabya,  Personal,  Photo

    တစ်ကောင်တစ်လေ

    ဥပ္ပတိတုကာမောပိ။ နာဟံ ပက္ခီ။ ဌိတော အဿုမုခေါ။ ဒုက္ကရံ ဂေဟံ ပစ္စာဂန္တုံ။ ပျံချင်တယ်ဆိုမှ တောင်ပံက မပါ… မတ်တပ်ရပ်လို့ လမ်းမှာငို…  အိမ်ပြန်ဖို့ မရေရာ…။ . *** မဇ္ဈိမဒေသရောက် ၈နှစ်ပြည့် အမှတ်တရ