Thingyan

  • Asoka Inscription,  History,  Quote,  Thingyan

    အသောကရဲ့ အက္ခရာများ-၉ (အပိုင်း၂)

    “ဟာ…မင်္ဂလာ မရှိလိုက်တာ” ဒီလို ဒီလို မတွေ့မကြုံ မခံစားရစေဖို့…. ဒေ၀ါနံပိယ ပိယဒသီမင်းသည် ဤသို့ မိန့်ကြား၏။ ဤလောက၌ လူတို့သည် မင်္ဂလာကြီးငယ် ပြုလုပ်နေကြ၏။ အနာရောဂါ ဖြစ်သောအခါ ထိမ်းမြားသောအခါ သားသမီးရသောအခါ ခရီးထွက်သောအခါနှင့် အခြားအခါတို့၌ မင်္ဂလာကြီးငယ် ပြုလုပ်လေ့ရှိကြ၏။ ထိုမှတပါး သားသမီးရသော မိန်းမများသည် အထူးထူးအထွေထွေ အကျိုးမရှိ သိမ်ဖျင်းသော မင်္ဂလာများကို ပြုလုပ်တတ်ကြ၏။ စင်စစ် ထိုမင်္ဂလာများကို ပြုလုပ်သော်လည်း အကျိုး ကျေးဇူးမရှိ။တရားမင်္ဂလာသာ အကျိုးကြီး၏။ ယင်းတို့မှာ ကျေးကျွန်-သူခစားတို့အား ကောင်းစွာ ကြည့်ရှုခြင်း, ဆရာသမားတို့အား ကောင်းစွာ ဆည်းကပ်ခြင်း, သတ္တ၀ါတို့အား ကောင်းစွာ စောင့်ရှောက်ခြင်း, ရဟန်းပုဏ္ဏားတို့အား ကောင်းစွာပူဇော်ခြင်းတို့ ဖြစ်၏။ ဤနည်းတူစွာ အခြားအလားတူ ပြုလုပ်ခြင်းတို့သည်လည်း တရားမင်္ဂလာမည်၏။ “ဤတရားမင်္ဂလာသည် ကောင်းမြတ်၏။ အလိုရှိသော အကျိုးကို ပြီးမြောက်စေ၏”ဟု အဖ,သား, ညီအကို, အရှင်, သခင်, အဆွေ, ခင်ပွန်း, အိမ်နီးချင်းတို့သည် ဟောပြောကြရမည်။ထို့ပြင် အလှူဒါနဟူသည် ကောင်းမြတ်၏။ ဤလောက၌ တရားအလှူ, တရားချီးမြှောက်ခြင်းကဲသို့သော လှူဒါန်းချီးမြှောက်ခြင်းမျိုးမရှိ”ဟု အဆွေ, ခင်ပွန်း, အသိ, အကျွမ်း, ဆွေမျိုး, ဥာတကာ, အပေါင်းအသင်းတို့သည် မပြတ်မလပ် ဟောပြောကြရမည်။ “ဤတရားမင်္ဂလာ, တရားအလှူ, တရားချီးမြှောက်ခြင်းတို့ကို ပြုသဖြင့် နတ်ရွာရောက်နိုင်၏။ ယင်းသို့ နတ်ရွာရောက်ကြောင်း အထူးချီးမြှောက်ခြင်းမျိုး တစုံတရာမရှိ” ဟု ဟောပြောကြရမည်။(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်) Thus saith His Sacred and Gracious Majesty the King: People perform various ceremonies. In troubles, marriages…


    အသောကရဲ့ အက္ခရာများ-၉ (အပိုင်း၁)

    အတာကူးတဲ့ တန်ခူးလ အခါသမယမှာ စိတ်ရောကိုယ်ပါ အေးမြကြည်သာစွာဖြင့် ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ရေသဘင် ဆင်ယဉ်နွှဲပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း…. မင်္ဂလာရှိကြစေဖို့…။ ရာစုဟောင်းများက မင်္ဂလာ နှစ်မျိုး…. ဥစာဝစမင်္ဂလာ…အပေါစားမင်္ဂလာဓမ္မမင်္ဂလာ…တရားမင်္ဂလာ မင်္ဂလာဆောင်နိုင်ကြပါစေဗျာ…။ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ဧ၀ံ အာဟ, အထိ ဇနော ဥစာ’ဝစံ မံဂလံ ကရောတိ, အာဗာဓေသု ၀ါ အာဝါဟ-၀ိဝါဟေသု ၀ါ ပဇောပဒါယေ ၀ါ ပ၀ါသမှိ ၀ါ, ဧတာယေ စ အံနာယေ စ ဧဒိသာယေ ဇနော ဥစာ’၀စံ မံဂလံ ကရောတိ၊ အတြ တု အ၀ကဇနိယော ဗဟူကံ စ ဗဟုဝိဓံ စ ခုဒကံ စ နိလထိယံ စ မံဂလံ ကလောတိ၊ သေ ကဋ၀ိယေ စေ၀ ခေါ မံဂလေ အပ-ဖလကေ စ ခေါ၊ အယံ တု ခေါ မဟာဖလေ မံဂလေ, ယေ ဓံမမံဂလေ၊ အတြ အယံ ဒါသ ဘဋကမှိ သမျာပဋိ ပတိ, ဂုရူနံ အပစိတိ, ပါဏေသု သံယမော, သမဏဗြဟ္မဏာနံ ဒါနံ, ဧသေ စ အံနေ စ ဧတာရိသေ ဓံမမံဂလေ နာမ။သေ ၀တ၀ိယေ ပိတုနာပိ, ပုတေနပိ, ဘာတိနာပိ, သုဝါမိကေနပိ, မိတသံထုတေန, အာဝ ပဋိဝိသိယေနပိ၊ အယံ သာဓု, ဣဒံ ကဋ၀ိယေ မံဂလေ အာဝတသ အထသ နိဖတိယာ, ‘ဣမံ ကထ‘မိထိ၊…


    အသောကရဲ့ အက္ခရာများ-၈

    ပျော်ခဲ့ဖူးပါသည်။ မြူးခဲ့ဖူးပါသည်။ စိုခဲ့ဖူးပါသည်။ ရွှဲခဲ့ဖူးပါသည်။ ပိတောက်ရနံ့များနဲ့ ယစ်မူးခဲ့ဖူးပါသည်။ တချိန်တခါဆီက သင်္ကြန်များ…။ ငြိမ်းခဲ့ဖူးပါသည်။ အေးခဲ့ဖူးပါသည်။ ကြည်ခဲ့ဖူးပါသည်။ ရွှင်ခဲ့ဖူးပါသည်။ ညောင်ညိုပင်ရိပ်မှာ ချွေးသိပ်ခဲ့ဖူးပါသည်။ တရံတခါဆီက သင်္ကြန်များ…။ အပျော်လမ်း…အငြိမ်းလမ်း…လျှောက်…လှမ်း…မဆုံးနိုင်သော သင်္ကြန်ခရီး တစ်နှစ်ပြီးတစ်နှစ်…။ ဒီကျောက်စာမှာလဲ ခရီး နှစ်မျိုး..၀ိဟာရယာတ..ပျော်ပွဲစားထွက်ခြင်း၊ဓမ္မယာတ…တရားခရီးထွက်ခြင်း၊မြန်မြန်သွားရင် မြန်မြန်ရောက်မှာပါပဲ…။ အတိကံတံ အံတလံ ရာဇာနော ၀ိဟာရ-ယာတံ နာမ နိခမိသု၊ ဣဟ မိဂ၀ိယာ အံနာနိ စ ဧဒိသာနိ အဘိရမာနိ အဟံသု၊ သေ ဒေ၀ါနံ ပိယော ပိယ-ဒသိရာဇာ ဒသ၀သာ’ဘိသိတော သံတော နိခမိ သံဗောဓိံ၊ တေ ‘နေသာ ဓံမ ယာတာ အတြ (အယံ) ဟောတိ၊ သမဏဗြာဟ္မဏာနံ ဒသနေ စ ဒါနေ စ ထေရာနံ ဒသနေ စ ဟိရံဏ-ပဋိဝိဓာနေ စ ဇန-ပဒသဇနသ ဒသနေစ ဓံမ’နုသဌိ စ ဓံမ ပရိပုဆာ စ တတော’ ပယာ ဧသာ ဘူယ ရတိ (အဘိရာမော) ဟောတိ၊ ဒေ၀ါနံ ပိယသ ပိယဒသိနော ရဥော ဘာဂေ အံဉေ ။ ရှည်လျားစွာသော ကာလပတ်လုံး ဘုရင်မင်းမြတ်တို့သည် ကျောင်းကန် ဘုရားသို့ ထွက်စံ ဖူးမျှော်ခြင်းမည်သည်ကို ပြုတော်မူလေ့ ရှိကြကုန်ပြီ၊ ဤသို့ ထွက်စံတော်မူရာ၌ သားသမင် လိုက်လံပစ်ခတ် ပျော်ပါးခြင်း, ထိုမှတပါး ဤနှင့် အလားတူ ပျော်ပါးမြူးထူးခြင်းတို့လည်း ပါဝင်ကြကုန်ပြီ၊ ထိုသို့သော မင်းတို့ ခရီးထွက်စံ ကြွမြန်းခြင်း အလေ့များအတိုင်း မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု…


    အသောကရဲ့ အက္ခရာများ-၇

    အဝေးရောက်နေသူတွေကတော့ ဟိုတွေးး ဒီတွေးနဲ့ သင်္ကြန်အခါကို ဖြတ်သန်းနေရတာပဲဗျာ။ ဒီအချိန်ဆိုရင်တော့ ဖြူနီဝါပြာ ရောင်စုံဖြာနေမှာ သေချာနေပေမယ့် ဆွတ်ဆွတ်ပျံ့ပျံ့ ပိတောက်ရနံ့ကို လွတ်လွတ်လပ်လပ် ခံစားနိုင်ဖို့ အခွင့်အလမ်းတွေကလဲ ရှားမှရှား။ ဒီလိုနဲ့ပဲ ရွှေဝါရောင် ပိတောက်တွေ နွမ်းတချို့ ကြွေတချို့…။ဘာပဲပြောပြော multicolorအချိန်အခါမှာ multicultureအစအနလေးကို ဒီကျောက်စာထဲမှာ တွေ့လိုက်ရတော့ reconciliationဆိုတာ နွေလယ်အိပ်မက် မဟုတ်ပါဘူးလို့ နှစ်သစ်ကူးမှာ ပိတောက်ဝါတွေကို တိုင်တည်လိုက်ချင်တယ်…။ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ သ၀တြ ဣဆတိ သဝေ ပါသံဍာ ၀သေယုံတိ၊ သဝေ ဟိတေ သံယဓံ စ ဘ၀သုဓိံ စ ဣဆံတိ၊ ဇနော စ ဥစာ’၀စ-ရာဂေါ၊ တေ သဝံ ၀ါ ကရိသံတိ, ဧကဒေသံ ၀ါ ပိ ကသံတိ, ၀ိပုလေ ပိ စ ဒါနေ၊ ယသ နထိ သံယမော, ဘ၀သုဓိ, ကတံ ဉ တာ, ဒါဠ ဘတိတာ ၀ါ နိစာ ဗာဠံ။ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် မိမိနိုင်ငံတော် အရပ်ရပ် ထက်ဝန်းကျင်၌ ကိုယ်တော့် အယူဘာသာနှင့် မတူ ထူးခြားများပြား ထူးထွေသော အယူရှိသူတို့ကိုပင် မိမိ၏့ တိုင်းနိုင်ငံတော် ထက်ဝန်းကျင်၌ နေထိုင်ရန် လိုလားနှစ်သက်တော်မူ၏၊ ထိုသို့လိုလားတော်မူကြောင်းကား, ထိုအယူရှိသူ အာလုံးတို့သည်ပင် မကောင်းမှုကို မပြုရန် စောင့်စည်းခြင်းကို၎င်း, ဘ၀၏ စင်ကြယ်ရေးကို၎င်း လိုလားနှစ်သက်ကြကုန်၏၊ စင်စစ်ဆိုသော်ကား, ဤကပ္ပါလောကကြီး၌ လူတို့မည်သည်…