• History,  Memo,  Note,  Photo

    ဒုက္ခအလှသစ္စာ

    Punjabပြည်နယ် Chandigarhမြို့ Government Museum and Art Galleryထဲမှာ ခင်းကျင်းပြသထားတဲ့ Gandhara Sculpture တွေဟာ ဘီစီ၁ရာစုကနေ အေဒီ၃ရာစုအတွင်းက ထုဆစ်ခဲ့တဲ့ ရှေးဟောင်းကျောက်ဆစ်ရုပ်တုတွေလို့ ဆိုတယ်။ ၁၉၄၇ခုနှစ် India partitionမှာ Lahoreပြတိုက်ကနေ ဝေစုအဖြစ် ရယူခဲ့လို့သာ Chandigarhပြတိုက်ထဲမှာ ရောက်နေတာ။ Indiaမှာ Calcuttaပြတိုက်ပြီးရင် Chandigarhပြတိုက်ထဲမှာ ရှိတဲ့ Gandhara Sculptureတွေဟာ ဒုတိယအများဆုံးလို့ဆိုတယ်။ ဒီဂန္ဓာရကျောက်ဆစ်ရုပ်တုတွေနဲ့ နီးနီးနားနား ရှိနေတာဟာ တကယ့်ကို ကံကောင်းတာပါပဲ။ Chandigarhမှာ နေခိုက်  ၅နှစ်ကျော် ၆နှစ်အတွင်းမှာ မှတ်မှတ်ရရ ၃ကြိမ်တော့ ရောက်ခဲ့တယ်။ Panjabတက္ကသိုလ်နဲ့ ၃ကီလိုမီတာလောက်ပဲ ဝေးပေမယ့် အကြောင်းညီညွတ်မှပဲ သွားဖြစ်ခဲ့တယ်။ ခင်းကျင်းပြသထားတဲ့ ဂန္ဓာရလက်ရာကျောက်ဆစ်ရုပ်တု ၆၀၀ကျော်ထဲမှာ ဗုဒ္ဓရုပ်ပွားတော်တွေ ဗောဓိသတ္တရုပ်ပွားတော်တွေ ဒေဝတာရုပ်တုတွေ အရွယ်စုံ တွေ့ရတယ်။ ဗုဒ္ဓဖြစ်စဉ်တွေကို ဖော်ပြထားတဲ့ ကျောက်ထွင်းဗုဒ္ဓဝင်တွေကိုလဲ တွေ့ရတယ်။ ထူးထူးခြားခြား ဂန္ဓာရမှာ စတင်မွေးဖွားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကြားမှာ မွေးဖွားခြင်းနဲ့ မိခင်ကို ကိုယ်စားပြုတဲ့ ကျောက်ဆစ်လက်ရာ ၃ခုကို တွေ့ရတယ်။ “ဇာတိပိ ဒုက္ခာ”နဲ့ “ခီဏာ ဇာတိ”တို့ရဲ့ အကွာအဟကို ကိုယ်တိုင် သိမြင်ပြီး သူတပါးတို့ကို သိမြင်စေနိုင်မယ့် သားတစ်ဦးကို မွေးဖွားပေးခဲ့တဲ့ မိခင်ရဲ့ ပုံရိပ်ဟာ လူသားအားလုံးအတွက် အနှိုင်းမဲ့တဲ့ စံအနေနဲ့ ထာဝရ တည်ရှိနေဦးမှာပါ…။ (၁) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၃ရာစုလက်ရာ) (၂) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၂ရာစုလက်ရာ) (၃) သိဒ္ဓတ္ထမွေးဖွားခြင်း (အေဒီ ၂ရာစုနှောင်းပိုင်းလက်ရာ)

  • Cakka Gāthā,  Gāthā,  Memo,  Photo

    ဘဝ, ဓမ်မနဲ့ Transformer

    Chandigarhက မြို့သစ်။ ရာစုနှစ်နဲ့ ချီနေတဲ့ ရှေးဟောင်းပစ္စည်းတွေ ကြည့်ချင်ရင် Government Museum and Arts Galleryကို သွားရတယ်။ ပြတိုက်ထဲမှာ အကြိုက်နှစ်သက်ဆုံး ပြခန်းက Gandāra Sculptureပြခန်းပါ။ Punjabပြည်နယ်ရဲ့ မြို့တော် Lahoreက Pakistanထဲ ပါသွားတော့ Lahoreပြတိုက်ထဲက Gandāra Artတွေကို Chandigarပြတိုက်အတွက် တစ်ဝက်ခွဲပြီး ယူထားတယ်လို့ ပြောတယ်။ ကံကောင်းတာပါပဲ။ Chandigarhမှာ နေရင်းနဲ့ ဗုဒ္ဓဝင်ဆိုင်ရာ Gandāra Sculptureတွေကို လေ့လာဖူးမျှော်ခွင့်ရတာ။ ရှေးဟောင်းသုတေသနဆိုင်ရာ ကျွမ်းကျင်သူတွေအတွက်ရော ဗုဒ္ဓဝင်ဆိုင်ရာလက်မှုအနုပညာကို တန်ဖိုးထားသူတွေ အတွက်ရော Gandāra Sculptureတွေဟာ အလွန် အရေးပါတယ်လို့ ဆိုကြတယ်။ ကိုယ့်အတွက်တော့ ပြခန်းထဲမှာ ငြိမ်းအေးစွာ စံပါယ်နေကြတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖူးမြင်ရတာ “ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ”ဆိုတဲ့ ဒေသနာကို ဒိဋ္ဌဓမ္မကြုံတွေ့နားလည်မိသလိုလို ခံစားမိတယ်။ ဒီနေ့ ပြတိုက်ထဲမှာ ရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်ရင်း ဝါဆိုလပြည့်နေ့အတွက် အမှတ်တယဖြစ်စရာတွေ ပြန်တွေ့တယ်။ Gandāraလက်ရာ တရားဦးဓမ္မစက် ဟောမြွက်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်ပုံတွေပါ။ A.D. ၂ရာစုနဲ့ ၃ရာစုက Gandāraဒေသမှာ ဓမ္မစက်တွေ လည်နေခဲ့တယ်ဆိုတာကို မှတ်တမ်းမှတ်ရာအနေနဲ့ ဓမ္မစက္ကမုဒြာ ဗုဒ္ဓဆင်းတုတော်တွေက အခိုင်အမာ သက်သေပြနေကြတယ်။ ဝဓာယ ဘဝစက္ကဿ၊ ဝဋ္ဋဒုက္ခာဝစာရိနော။ ဝတ္တေသိ ပဝရံ စက္ကံ၊ ဝရညူ ဘဝပါရဂူ။ ၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက် သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ ဘ၀ပါရဂူဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။ ဘဝနဲ့ စက်။ ဓမ္မနဲ့ စက်။ အလင်္ကာမြောက်တဲ့ အသုံးအနှုံးတွေ။ ဒုက္ခ + ဒုက္ခသမုဒယခရီးစဉ်လား။ ဒုက္ခနိရောဓ +…

  • Asoka Step,  Photo,  Travel

    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၃)

    ပဗ္ဗတေယျာ.ယံ နဒီ၊ သီတောဒကာ နီလောဒကာ၊ ဂစ္ဆ၊ ပဝိသ၊ နှာယ၊ ခေဒံ ဝိနောဒေတုံ မလံ ဝိသောဒေတုံ၊ တောင်ကျမြစ် အေးမြမြ… ပြာလွလွ… သွား… ဝင်… ချိုး… အနွမ်းပြေ… အညစ်ပြေ…. Doonတောင်ကြားရှိ လမ်းကလေးသည် ဖြူးနေသည်။ စိမ်းလို့ စိုလို့ပင်။ လမ်းတဖက်တချက်တွင် တောင်ရိုးကြောကို ကောင်းစွာ မြင်ရသည်။ တောင်ခါးပန်းတွင် လှေခါးထစ် လယ်ကွက်များ၊ အခြေပိုင်းတွင် လယ်ကွင်းများကို တွေ့ရသည်။ လမ်းကြောအတိုင်း Kata Patharရွာသို့ တက်သွားသည်။ ဟိမဝန္တာတောင်တန်းပေါ်ရှိ Yamunotriမှ မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttarakhandပြည်နယ် Doonတောင်ကြားထဲရှိ Kata Patharရွာတွင် မြေပြန့်ပိုင်းကို စတင်၍ ရောက်ရှိသည်ဟု ဆိုကြသည်။ Kata Patharသည် တောင်ရိုးလေးပေါ်တွင် ရှိသည်။ ယမုနာမြစ်ကြောင်းကို တောင်ရိုးပေါ်မှ လှမ်းမြင်နေရသည်။ မြစ်ကမ်းနားရောက်အောင် အတော် ဆင်းရသေးသည်။ စာသင်ကျောင်း တစ်ကျောင်းအတွင်းမှ ဖြတ်ဆင်းလာပြီး လယ်ကွင်းများကို ဖြတ်ရသည်။ ရာသီကား ဆောင်းဦးပေါက်ဖြစ်၍ ကောက်ရိတ်ပြီးချိန်ဖြစ်သည်။ ကမ်းပါးရံပေါ်မှ တသွင်သွင်စီးနေသော မြစ်ကို တွေ့ရသည်။ ရွာသားများ ရေလမ်းကြောင်းကို ရွာဘက်သို့ စီးစေရန် ပြင်နေကြသည်။ နွေဦးရာသီ ရေသွင်းစိုက်ပျိုးရေးအတွက်ဖြစ်မည်။ ကမ်းပါးယံနားရှိ တောလမ်းလေးအတိုင်း ဆက်ဆင်းရာ မြစ်ကမ်းနံဘေးရောက်သည်။ ယမုနာမြစ်ရေသည် မယုံနိုင်လောက်အောင် ပြာလဲ့ပြီး ကြည်လင်နေသည်။ ကမ်းပါးနှစ်ဘက်တွင် ကျောက်တုံးကြီးငယ်တို့သာ တွေ့ရသည်။ တောင်ရိုးများက ယမုနာမြစ်ကို ကာရံထားကြသည်။ ပတ်ဝန်းကျင်သည် ငြိမ်သက်နေသည်။ ရေစီးသံကိုသာ ကြားရသည်။ မြစ်ကမ်းအထိ သွားပြီး တသွင်သွင်စီးနေသည့် ရေစီးကို တို့ထိကြည့်မိသည်။ စိမ့်စိမ့်လေး အေးမြနေသည်။ ဤမျှလောက် သန့်စင်ကြည်လင်နေသည့် မြစ်ထဲတွင်မှ ရေချိုးမဆင်းလိုက်ရလျှင် လူမိုက်ဖြစ်သွားနိုင်သည်။…

  • Asoka Step,  Photo,  Travel

    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၂)

    ဝိဝရ ဒြါရံ။ ဥဇု ဝတ မေဂၢါ ပဋိပႏၷကႆ။ ဂစ္ဆ ပဒါနုပဒံ အနုဗန္ဓိတွာ။ တံခါး ဖွင့်ပါ။ လမ်းလျှောက်သူအတွက် လမ်းဖြောင့်ဆဲ။ ခြေရာကောက်ရင်း သွားပေါ့။ Dehradunသို့ သွားရန် အကြောင်းတိုက်ဆိုင်လာပုံက ဆန်းသည်။ Indian Society for Buddhist Studies၏ ၁၂ကြိမ်မြောက် နှစ်ပတ်လည် Conferenceကို တက်ရောက်၍ စာတမ်းဖတ်ရန် စိတ်ကူးရှိခဲ့သည်။ မူလက ထိုပွဲကို Uttarakhandပြည်နယ်၊ Haridwarမြို့တွင် ကျင်းပရန် စီစဉ်ထားသည်။ Haridwarမြို့သို့ ရောက်ဖူးပြီးဖြစ်သောကြောင့် သွားလိုသည့် ဆန္ဒမှာ အနည်းငယ်သာ​ ရှိခဲ့သည်။ မည့်သည့်အကြောင်းကြောင့်မှန်းမသိ။ Conferenceကျင်းပမည့် နေရာကို ထိုမြို့မှ ကီလိုမီတာ၅၀ခန့်ဝေးသော Dehradunမြို့သို့ ပြောင်းလဲလိုက်ကြောင်းကို ဖိတ်ကြားစာ ပို့လာသည့်အခါမှ သိလိုက်ရသည်။  အတိုင်းမသိ ပျော်ရွှင်မိသည်။ အမှန်တကယ် ရောက်လိုသည့် နေရာကား Dehradunပင်။ ဟိမဝန္တာတောင်ခြေ Doonတောင်ကြားရှိ ပင်လယ်ရေပြင်အထက် ပေ၂၂၀၀ခန့်တွင် တည်ရှိသော ထိုမြို့နှင့် မလှမ်းမကမ်းတွင် အသောကကျောက်စာကြီး ရှိနေသည်ကို သိထားသောကြောင့်ပင်ဖြစ်သည်။ ထိုကျောက်စာကြီးသို့ ခရီးစဉ်အိပ်မက်ကား အကောင်အထည် ပေါ်ခဲ့လေပြီ။ Dehradunရှိ Doonတက္ကသိုလ်သည် နိုဝင်ဘာဆောင်းဦးတွင် အေးမြလှပ၍ နေချင့်စဖွယ်ဖြစ်သည်။ တည်ထောင်သည်မှာ မကြာသေးသည့်အတွက် ဆောက်လုပ်ဆဲလုပ်ငန်းများကို တွေ့နေရသည်။ မနက်စောစော ကျောင်းဝင်းအတွင်း လမ်းလျှောက်ရသည်မှာ အရသာရှိလှသည်။ နေအထွက်နှင့် ပင်မကျောင်းဆောင်ကြီးကို မြင်ရသည်မှာလည်း ခမ်းနားလှသည်။ ထိုအဆောက်အဦထဲတွင် Conferenceကျင်းပသည်။ Conferenceတွင် အသောကကျောက်စာသင်ခန်းစာများကို ပို့ချပေးခဲ့သည့် Delhiတက္ကသိုလ်မှ ဆရာနှင့်လည်း ဆုံဖြစ်၍ Kalsiကျောက်စာကြီးနှင့် ပတ်သက်သော အချက်အလက်များကို မေးမြန်းစုံစမ်းဖြစ်သည်။ ကံကောင်းခြင်းလက်ဆောင်ပင်။ မိတ်ဟောင်းဆွေဟောင်းများနှင့်လည်း တွေ့ရသည်။  Indian Society for Buddhist Studiesကို စတင်…

  • Gāthā,  Memo,  Photo

    အမိ…ရေ

    စိရံ ဇီဝတု ယမုနာ၊ မဟာမာတာ အနာဝိလာ ။ နမော တေ ဇီဝါပါဒက၊ နမော တေ သီတလံ ဒဒ။ အမိ ယမုနာ အသက်ရှည်ကြာ စင်ကြယ်ပါစေ ။ အသက်မွေးတတ်သူ အအေးပေးတတ်သူ သင့်အား ဦးညွှတ်ပါ၏ ။ . ယမုနာကယ်ဆယ်ရေး

  • Asoka Inscription,  Asoka Step,  Travel

    ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၁)

    Indiaနိုင်ငံ Uttarakhandပြည်နယ် Lower Himalayaတောင်တန်း ပင်လယ်ရေပြင်အထက် ပေ၂၁၀၀၀ခန့် အမြင့်ရှိ Yamunotriရေခဲမြစ်မှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttar Pradeshပြည်နယ် Allahabadမြို့တွင် ဂင်္ဂါမြစ်ထဲသို့ စီးဝင်သွားသည်။ ကီလိုမီတာ ၁၄၀၀ခန့် ရှည်လျားသည့် ယမုနာမြစ်သည် Indiaနိုင်ငံ၏ ရှေးဟောင်း ခေတ်သစ်သမိုင်းတို့ကို သယ်ဆောင်စီးမျှောလျက်ရှိသည်မှာ ရာစုနှစ်ပေါင်းများစွာ ရှိနေပြီ။ ယမုနာမြစ်တစ်ကြောနှင့် ပတ်သက်သော Indiaနိုင်ငံ၏ သမိုင်းကြောင်းများထဲမှ ရာဇဝင်တွင် အထင်ကရ ဘုရင်တစ်ပါးဖြစ်သည့် အသောကနှင့် ပတ်သက်သော အချက်အလက်များကို အထူးပြု၍ ပြောလိုသည်။ စာပေကျမ်းဂန်ထဲမှ အချက်အလက်များနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိချက်များသည် အသောကမင်း၏ စံတင်လောက်သော ခမ်းနားကြီးကြယ်မှုကို အထောက်အပံ့ပြုနေကို တွေ့ရမည်ဖြစ်သည်။ ထိုတွင် ရှေးဟောင်းအထောက်အထား ခိုင်လုံစွာ ပြနိုင်သည့် အသောကကျောက်စာများသည် အသောကသုတေသီတို့အတွက် အလွန် အရေးပါသည့် မှတ်တမ်းများ ဖြစ်နေသည်ကို တွေ့ရသည်။ B.C. ၃ရာစု မောရိမင်းနွယ် အသောကမင်း စိုးစံစဉ် ဇမ္ဗူဒိပ်၌ ရေးထိုးထားခဲ့သော ကျောက်စာများကို A.D. ၁၈ရာစုနှောင်းပိုင်းတွင် စတင် ရှာဖွေတွေ့ရှိခဲ့ကြပြီး ထိုအချိန်မှ စ၍ အသောကလေ့လာရေးဆိုင်ရာ သုတေသနလုပ်ငန်းများသည် ၂၁ရာစုတိုင် အဆက်မပြတ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ယမုနာမြစ်ရိုးတစ်လျှောက်တွင် အသောကကျောက်စာများကို ရှာဖွေတွေ့ရှိထားသည်။ မြစ်ဖျားပိုင်းတွင် (၁) Kalsiကျောက်စာကြီး၊ မြစ်လယ်ပိုင်းတွင် (၂) Delhi-Topra ကျောက်စာတိုင်ကြီး၊ (၃) Delhi-Meerut ကျောက်စာတိုင်ကြီး၊ (၄) Delhi-Bahapur ကျောက်စာငယ်၊ မြစ်ဆုံးပိုင်းတွင် (၅) Allahabad-Kosam ကျောက်စာတိုင်ကြီး၊ (၆) Kosambiကျောက်စာတိုင်ငယ်နှင့် (၇) Queenကျောက်စာတိုင်ငယ်တို့ ရှိကြသည်။ အိန္ဒိယတွင် နေထိုင်စဉ်ကာလ ဆယ်စုနှစ် သုံးပုံနှစ်ပုံအတွင်း သွားရင်းလာရင်းဖြင့် ယမုနာမြစ်ဖျားမှ မြစ်ဆုံးပိုင်းအထိ…

  • Pāḷi Kabya,  Photo

    ကဏ္ဍကောစ

    ပဗၺေတာ ဝနသေ႑ာ ဝလာဟေကာ ကိၪၥာပိ စေ႑ာ။ တထာပိ ပုပၹံ အစ႑ံ။ တောင်ရိုင်း တောရိုင်း တိမ်ရိုင်း ဘာတွေ ဘယ်လို ရိုင်းရိုင်း… ပွင့်ပန်းတွေ ယဉ်ပါစေ…။

  • Photo,  Quote,  Travel

    နောက်ကြည့်မြစ်

    နဒီ ပဗ္ဗတေယျာ ဒူရင်္ဂမာ သီဃသောတာ ဟာရဟာရိနီ သန္ဒတေဝ ဝတ္တတေဝ ဤသကမ္ပိ န နိဝတ္တတိ။ တောင်ပေါ်က ဆင်းလာတဲ့ မြစ် ခရီးဝေး သွားတယ်။ ရေစီးလည်း သန်တယ်။ မျှောသမျှ သယ်တယ်။ မနားဘူး။ မရပ်ဘူး။ နောက်ပြန် မလှည့်ဘူး။ ဒါပေမယ့် နောက်ပြန်ကြည့်ဖို့ ကြိုးစားမိတယ်…။