• Asoka Dhamma,  Asoka Inscription,  Asoka Step,  History,  Note,  Quote

    အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၈)

    Meena Talimရဲ့ Edicts of King Aśoka: New Visionစာအုပ်ထဲက Dhauliနဲ့ Jaugadaကလိင်္ဂကျောက်စာ ပါဠိမူများပါ။  ကလိင်္ဂကျာက်စာရှိတဲ့နေရာကို သွားနိုင်ဖို့ ဘယ်လောက်များ အချိန်ယူရအုံးမလဲတော့ မသိဘူး။ အကွာအဝေးက သိပ်မများပေမယ့် အကွာအဟက များနေတာ ခက်တယ်။ အိပ်မက်ကတော့ မက်နေအုံးမှာပါ။ ကျောက်စာရှိတဲ့နေရာရောက်တော့လဲ ကျောက်တုံးကြီးတွေပေါ်က စာတွေကို ဖတ်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမြင်နဲ့ အတွေ့တွေက အနေအထားတစ်မျိုးပြောင်းသွားနိုင်တယ်။ စစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ သိနားလည်ဖို့ စစ်သားတစ်ယောက်ဖြစ်ဖို့လိုအပ်သလား။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဖြစ်ဖို့ လိုအပ်သလား။ Commander in Chiefတစ်ယောက်လို တိုက်မိန့်ပေးတတ်ဖို့ လိုသလား။ Peacemakerတစ်ယောက်လို နားချတတ်ဖို့ လိုသလား။ အသေခံဗုံးခွဲဖို့ လိုသလား။ ဝတ်ပြုဆုတောင်းဖို့ လိုသလား။ သေနတ်ပြောင်းဝက ကျည်ဆံ တစ်တောင့်လို အားကောင်းဖို့ လိုသလား။ ချိုးငှက်နှတ်ခမ်းကြားက သံလွင်ခက်လို ပျော့ပြောင်းဖို့ လိုသလား။ ဘီစီ ၃ရာစုက ရေးထိုးထားခဲ့တဲ့ ကလိင်္ဂကျောက်စာဟာ စစ်ပြေငြိမ်းရေးစာချုပ်တစ်ခု မဟုတ်တာတော့ သေချာတယ်။ စစ်အောင်ပွဲခံ မော်ကွန်းတစ်ရပ်လဲ မဟုတ်နိုင်။ ထူးခြားတာ တစ်ခုက ကလိင်္ဂကျောက်စာတွေထဲမှာ ဝိဇယဆိုတဲ့ အသုံးအနှုံး မပါတာပါပဲ။ ဓမ္မဝေါဟာရကလဲ ရှားရှားပါးပါး ၂လုံးပဲ ပါတယ်။ ကလိင်္ဂစစ်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရေးထိုးထားတဲ့ ပဓာနကျောက်စာကြီး အမှတ်စဉ် (၁၃)ကို ကလိင်္ဂဒေသမှာ မတွေ့ရတာကလဲ ထူးခြားတာပဲ။ ဘာပဲဖြစ်ဖြစ် စစ်ပွဲအပြီးမှာ ပေါ်ထွက်လာတဲ့ အသောကရဲ့ သက်ပြင်းရှိုက်သံတွေကို ကလိင်္ဂကျောက်စာကတဆင့် ခံစားကြားသိနိုင်တာကတော့ အမှန်ပါပဲ။ ကလိင်္ဂကျောက်စာကြီးတွေ ရှိရာအရပ်ကို ရောက်ရင်တော့ ဒီစစ်ပွဲကြီးပြီးရင် ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဘာသာပြန်ဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ အခုတော့ စာအုပ်ထဲက ဒီကျောက်စာကို ဖိုင်ဘာကြိုးမျှင်တွေထဲ မျှောထည့်လိုက်တော့မယ်…။

  • Asoka Inscription,  Photo,  Quote

    အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၇)

    အသောကခြေရာတွေနောက် လိုက်ရင်း ဟိုရောက်ဒီရောက်နဲ့ ခရီးသွားဟန်လွှဲ အသောကကျောက်စာနဲ့ သက်ဆိုင်တဲ့ စာအုပ်တစ်အုပ် ရလာတယ်။ Meena Talimရဲ့ Edicts of King Aśoka: New Visionပါ။ ဒီစာအုပ်ထဲကနေ Englishဘာသာပြန်အသစ်တစ်မျိုးလည်း ပိုရလာတယ်။ ထူးခြားတာက အသောကကျောက်စာတွေကို ပါဠိလို ပြန်ရေးထားတာပဲ။ ဒီလို ပြန်ရေးထားတော့လဲ ဖတ်ရတာ အရသာတစ်မျိုး ရှိသွားပြန်ရော။ ဒါလဲ ရောဂါတစ်မျိုးပဲ နေမှာပဲ။ ဟိုဟိုဒီဒီ စိတ်ကူးတဲ့ရာ ကဗျာလေးတွေကို ပါဠိလို ဘာသာပြန်ပေးဖြစ်တဲ့ အကျိုးပေးလဲ ဖြစ်နိုင်တယ် 🙂 ။ ကိုယ်လေ့လာနေတဲ့ ကျောက်စာတွေကို ပါဠိလို ပြန်ရေးပေးထားတဲ့ စာအုပ်ကြီးနဲ့ တဲ့တဲ့သွားတိုးဖြစ်တာ ကံကောင်းတာပဲ။ Girnarမူ Major Rock Edict (၁)ကနေ (၁၄)အထိပါ။  Prakritမူနဲ့ English, မြန်မာဘာသာပြန်တွေကိုတော့ တင်ထားပြီးတာ ကြာပါပြီ။ ဒီမှာ ပြန်ကြည့်နိုင်ပါတယ်။ စာအုပ်ထဲမှာပါတဲ့ Roman Transcriptနဲ့ ပါဠိမူအသစ်ကိုတော့ မြန်မာလို ပြန်ရိုက်ဖို့ နည်းနည်း ပျင်းနေတာနဲ့ ဖုန်းနဲ့ပဲ scanဆွဲလိုက်တယ်။

  • Pāḷi Kabya,  Photo

    အပွင့်လမ်း

    ဥဒကာနုဂ္ဂတာနိ ဝါ ဥဒကာနုပလိတ္တာနိ ဝါ တိဋ္ဌန္တု သူရိယရံသိသမ္ဖဿံ အာဂမယမာနာနိ။ မြုတ်နေပစေ ပေါ်နေပစေ နေရောင်ကို မျှော်လင့်နေဖို့လိုတယ်…။

  • Memo,  Myanmar Poem,  Poetry,  Translation

    လက်, အလူးအလွန့်နှင့် လူသားများ

    အတိက္ကမ၊ သဉ္ဆိန္ဒ၊ သဉ္ဆိန္ဒ သဟ ကင်္ခါယ သဉ္ဆိန္ဒ သဟ အနုပဝတ္တကင်္ခါယ သဉ္ဆိန္ဒ သတတံ သဉ္ဆိန္ဒ သဒါ ဧကဟတ္ထေန ဗဟုဟတ္ထေဟိ ဧကကဟတ္ထေန အနေကဟတ္ထေဟိ တနုကဟတ္ထေဟိ ဇိဏ္ဏကဟတ္ထေဟိ သုခုမဟတ္ထေဟိ ဆာတအဋ္ဌိကဟတ္ထေဟိ ပဗလထိရဟတ္ထေဟိ သုက္ကဟတ္ထာ ကဏှဟတ္ထာ ပီတဟတ္ထာ သစေ ယံ ယံ ဂဟိတဗ္ဗံ၊ အညတရံ ဆဍ္ဍိတဗ္ဗံ၊ (န ဧကံ၊ အနေကမေဝ) လောမဟံသာ ခါဒိတနခါ ဟဒယကမ္ပနာနိ သမ္ပတိဋ္ဌိတမူလာနိ အာကဍ္ဎိတမဟာသင်္ခလိကာ ကင်္ခိတဣတိဟိတိဟာနိ ယဒါ သဗ္ဗေ ပရိစ္စဇိတွာ ဧကာပိ ဥက္ကာ သုဓာရိတာ၊ အယံ ဝုစ္စတိ ဝိမောက္ခော။  ပန်ဒိုရာရဲ့ “လူထုဆီသို့ သယ်ဆောင်လာသော” ကဗျာကို ဘာသာပြန်ထားတာပါ။

  • Memo,  Pāḷi Kabya,  Photo

    လွတ်လပ်, လန်းဆန်း, မျှော်လင့်ခြင်းပွင့်ပန်းများ

    ပါေလယ်။ ရေကၡယ်။ ပိယာေယယ်။ သုခါေပယ်။ ယေသံ သုပိနာ အာကာသော ဝိယ အနန္တာ အပရိမာဏာ။ ကာကွယ်ပါ ။ စောင့်ရှောက်ပါ ။ ချစ်ပေးပါ ။ ချမ်းသာပေးပါ ။ အကန့်အသတ်မရှိတဲ့ အိပ်မက် ပိုင်ရှင်တွေပါ။

  • Pāḷi Kabya,  Photo

    လှစ်ဟခြင်းအနုပညာ

    ဥပၸေဇၨယ် ဘယံ ဝါ နိရႆာသံ ဝါ အႏၶကာေရာ ဝါ ။ ဝါတပါနေမဝ တသၼႎ သမေယ ဝိဝေရယ် ။ ကြောက်နေလား ကြပ်နေလား ကန်းနေလား ပြတင်းတံခါး ဖွင့်လိုက်ပါ…။