နောက်ဆုံးအိပ်မက် မှောင်လွန်းနေဆဲ
သတိရမိတယ်။ အနော်ရထာလမ်းပေါ် ၃၄လမ်းထောင့်က စပယ်ဦးတေးသံသွင်းဆိုင်ရှေ့မှာ ရပ်ပြီး ခွေမထွက်ခင် အမြည်းဖွင့်ပြတဲ့ ခိုင်ထူးသီချင်းအသစ်တွေ နားထောင်ခဲ့ရတာ။ ၈၈မတိုင်မီ တိတ်ခွေခေတ်ပေါ့။ ကြာခဲ့ပြီလို့ ဆိုရပေမယ့် ငယ်စဉ်က စွဲငြိခဲ့ရတဲ့ သူ့သီချင်းတွေ ခုထိကို စူးစူးနစ်နစ် ရှိနေဆဲပါ။ တေးဖွဲ့သူရဲ့ စာသားတွေကလဲ အကြောင်းအရာတစ်ခုကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ ဆိုကြတယ်။ ဘဝပုံရိပ် သမိုင်းပုံရိပ် တစ်ခုခုပေါ့။ ဒီနေ့တော့ အမှတ်တရ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ တေးရေး ကိုနေဝင်း တေးဆို ခိုင်ထူးရဲ့ “နောက်ဆုံးအိပ်မက်”ပါ။ ကြွေနေဆဲ… ပြိုနေဆဲ…မှောင်လွန်းနေဆဲ…
ဟရိတာနိ
ပဏ္ဏာနိ ပတိတာနိ
မေ အဿု တိန္တံ
ကေစိ ၀တ အပ္ပေါဿုကာ
သူရာနိ
သေလာနိ ပရိပတိတာနိ
မမတ္ထာယ ဝိဿဇ္ဇနံ ပရိယိဋ္ဌံ
ကေစိ ၀တ အပ္ပေါဿုကာ
ဧကနိဒ္ဒံ
အနောက္ကန္တာ ရတ္တိ အန္ဓကာရာ
ဧကောဝ အဟံ ရောဒန္တော
ဟဒယေ အတိကောပေါ
နိဿဒ္ဒါနိ
သုပိနာနိ အဝသိဋ္ဌာနိ
မေ စိတ္တာနိ သန္ဓာဝန္တာနိ
ကေစိ ၀တ အပ္ပေါဿုကာ
ဧကနိဒ္ဒံ
အနောက္ကန္တာ ရတ္တိ အန္ဓကာရာ
ဧကောဝ အဟံ ရောဒန္တော
ဟဒယေ အတိကောပေါ
ဟဒယေ အယံ အန္တိမော
နောက်ဆုံးအိပ်မက် (ဆို-ခိုင်ထူး။ ရေး-ကိုနေဝင်း)
စိမ်းမြ
သစ်ရွက်တို့ ကြွေနေဆဲ
ငါ့မျက်ရည် စိုနေတုန်းပေါ့
တစ်ချို့တွေ နေနိုင်လွန်းတယ်
ရဲရင့်
ကျောက်ခက်တို့ ပြိုနေဆဲ
ငါ့အတွက် အဖြေ ရှာနေတုန်းပေါ့
တစ်ချို့တွေ နေနိုင်လွန်းတယ်
တစ်ရေးမှ
မပျော်တဲ့ည မှောင်လွန်းနေဆဲ
တစ်ယောက်ထဲ ငါ ငိုနေတုန်း
ရင်ထဲမှာ မကျေနပ်ဆုံး
တိတ်ဆိတ်
အိပ်မက်တို့ ကျန်နေဆဲ
ငါ့စိတ်တွေ နှင်နေတုန်းပေါ့
တစ်ချို့တွေ နေနိုင်လွန်းတယ်
တစ်ရေးမှ
မပျော်တဲ့ည မှောင်လွန်းနေဆဲ
တစ်ယောက်ထဲ ငါ ငိုနေတုန်း
ရင်ထဲမှာ မကျေနပ်ဆုံး
အသည်းမှာ ဒါနောက်ဆုံး