-
လက်များနှင့် အတူ
နတ္ထိblog ၁၀နှစ်ပြည့် အမှတ်တရ ရွှေစည်းခုံဘုရားကျောက်စာ ပါဠိဘာသာပြန် ဗဟုဇနာ ပုတ္တဒါရေဟိ မာတာပိတူဟိ ဝိပ္ပဝါသဂတာ၊ တေသံ ဒုက္ခံ နိရုဇ္ဈေယျာမိ။ တေသံ အဿုံ ပုဉ္ဆေယျာမိ။ မေ ဒက္ခိဏဟတ္ထေန အာမိသဘောဇနံ ဒဒေယျာမိ။ မေ ဝါမဟတ္ထေန နိဝါသနပါရုပနံ ဒဒေယျာမိ။ အဿာသေယျ ယထာ မာတာ ဒါရကံ ဥရန္တရေ၊ အဟဉ္စ ရဋ္ဌဇနံ အဿာသေယျာမိ။ ရွှေစည်းခုံကျောက်စာ ဘာသာပြန် များစွာသော သူတို့သည် သားတကွဲ မယားတကွဲ မိကွဲ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့။ ငါ၏ ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့။ “Of those torn from their dear ones, if those who were sick at heart, by a course of benefits, with water of compassion, with loving-kindness which is even as a hand, he shall wipe their tears, he shall wash away their snot . With his right hand rice and…
-
Adele-Hello (ပါဠိ)
တိုက်ဆိုင်မှု မရှိပါဘူး။ ခေါ်ကြည့်တာ။ Hello… ၅နှစ်အတွင်းမှာ Adeleရဲ့ သီချင်း ၃ပုဒ်ပဲ ပါဠိဘာသာပြန်ဖြစ်တယ်။ Skyfall, Hometown Gloryနဲ့ Helloပါ။ Helloကိုတော့ သီချင်းထွက်ကတည်းက ဘာသာပြန်ဖို့ စိတ်ကူးရှိထားတာပါ။ 59th Grammy Awardsပွဲမှာ ဆုကြီးတွေ ရသွားတော့မှပဲ ဘာသာပြန်ဖြစ်တော့တယ်။ ကြိုက်တာတော့ ကြာပြီ။ ဘာပဲပြောပြော ကြုံမှ ဆုံဖြစ်တဲ့ Adeleရဲ့ Helloပါ။ အရေ အယမဟံ အဟံ စိန္တယံ တေသံ သဗ္ဗဝဿာနံ အတိက္ကန္တေ တွံ ဣစ္ဆေယျာသိ သမာဂစ္ဆိတုံ သင်္ကမိတုံ သဗ္ဗံ တေ ဝဒန္တိ ကာလော နူန ဘဝေယျ တိကိစ္ဆိတုံ တထာပိ နာဟံ သုကရောမိ တိကိစ္ဆနံ . အရေ သက္ကောသိ နု မံ သောတုံ အဟံ ကာလိဖောဏိယေ သုပိနံ ပဿယံ၊ ယေ မယံ ပုဗ္ဗေ အဟုမှ ယဒါ မယံ တရုဏတရာ မုတ္တာ အဟံ ပမုဿိံ၊ ယေန တံ ဝေဒေတိ၊ ယာဝ လောကော ပတတိ အမှာကံ ပါဒေသု . အတ္ထိ တာဒိသံ နာနတ္တံ အမှေသု အထ ဒသလက္ခာနိ ယောဇနာနိ . အရေ အပရပဿတော မယာ ပက္ကောသိတဗ္ဗမေဝ သဟဿဝါရံ တုဝံ ဝဒိတုံ၊ အဟံ သောစာမိ တဒတ္ထာယ၊ ယံ သဗ္ဗံ မယာ ကတံ တထာပိ ယဒါဟံ ပက္ကောသာမိ၊ နေဝ တွံ ဂေဟေ အသိ…
-
ဧရာဝတီ၊ ပုဂံပြည်နှင့် မြစေတီပါဠိပုံရိပ်များ
ပုဂံရဲ့ အလှအပဟာ လင်းလက်တဲ့ အခါမှ မှောင်မိုက်တဲ့ အခါမှ နေဝင်မှ နေထွက်မှ လသာမှ လမိုက်မှ မိုးရွာမှ နေပူမှ ဖုံထူမှ မြူဆိုင်းမှ တွေ့ရတတ်တဲ့ လင်းရိပ် မှောင်ရိပ် နေရိပ် လရိပ် မိုးရိပ် ဖုံရိပ် မြူရိပ် သစ်ရိပ် ဝါးရိပ် စတဲ စတဲ့ ပုံရိပ်တွေရဲ့ ခမ်းနားထည်ဝါမှု အိုမင်းယိုယွင်းမှု ပုံသဏ္ဍာန်အစုစုနဲ့ ခင်းကျင်းပြသလို့ မဆုံးနိုင်ပါဘူး။ အာရုံနိမိတ်ပုံတွေနဲ့ တကယ့်ကို မျောပါလွင့်မောစရာကောင်းလှတဲ့ ပုဂံရဲ့ အရိပ်အရောင်တွေကြားမှာ တခုတ်တရ ပုံတစ်ရာ စာတစ်လုံး သိမ်းကြုံးဆွဲငင်နေတဲ့ မှတ်သားစရာ အဖွဲ့အနွဲ့တစ်ခုကတော့ မြစေတီကျောက်စာပါ။ ပျူ မွန် မြန်မာ ပါဠိ ဘာသာစကား ၄မျိုးနဲ့ သီကုံးချယ်မှုန်းထားတဲ့ ပုဂံရဲ့ လက်ရေးပုံရိပ်တစ်ခုလို့ ပြောနိုင်တယ်။ ပိဋကတ်မှာ စာတစ်လုံး ဘုရားတစ်ဆူလို့ ဆိုကြတယ်။ မြစေတီကျောက်စာကိုတော့ စာတစ်လုံး နှလုံးတစ်စုံလို့ ဆိုနိုင်မယ်။ ပုဂံရဲ့ ရင်ခုန်သံတွေကို အတိုင်းသား ကြားရစေမယ့် မြစေတီကျောက်စာကို ဖတ်ဖို့ အကြောင်းတိုက်ဆိုင်လာတာ တကယ့်ကို ကံကောင်းခြင်းမင်္ဂလာတပါးပါပဲ။ မြစေတီကျောက်စာ ပါဠိမူကို အေးဆေး ဖတ်ဖို့ အစီအစဉ် ရှိထားတယ်။ ပုဂံပြတိုက်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၁ကြောင်း၊ မြစေတီရင်ပြင်ပေါ်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၀ကို တစ်လုံးချင်း တပုဒ်ခြင်း တစ်ကြောင်းချင်း ဖတ်သွားဖို့ပါပဲ။ တစ်နေ့ တလံ ပုဂံ ဘယ်ရွေ့ပါ့မလဲ….။
-
Adele-Hometown glory (ပါဠိ)
ရန်ကုန်…. သတိရပါတယ်။ အနဂါရိကပဲဖြစ်ဖြစ် အဂါရိကပဲဖြစ်ဖြစ် ကြွေးဟောင်းမဆပ်နိုင်သေးပေမယ့် မွေးမြေရပ်ကို သတိရတာပါပဲ။ ဒီရက်ပိုင်း မဆီမဆိုင် ပိုပိုပြီး သတိရနေသေးတယ် (YBS ပြန်စီးချင်သလိုလိုနဲ့)။ ရွှေပြည်ဌာန ဝေးသောကြောင့် ဆောင်းအေးချမ်းချမ်း တတတမ်းတမ်း အိမ်လွမ်းမိလို့ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ Adeleရဲ့ Hometown Gloryပါ။ အဟံ အနုသဉ္စရန္တော သမာနမဂံ္ဂ ယထာ.ဟံ အကာသိံ ခလိတွာ ဘိန္နေ ဝေဒိကာယံ အထ ဓီကရိတွာ မေ ပဏှိံ၊ အက္ကမိတွာ ဝိဇမ္ဘနေန မေ ပါဒေ “အတ္ထိ နု ခေါ ပိယ၊ ယမဟံ သက္ကောမိ ကာတုံ တဝတ္ထာယ အတ္ထိ နု ခေါ၊ ကဉ္စိ အဟံ ပက္ကောသေယျာမိ နတ္ထိ၊ ဗဟုပကာရာ တွံ၊ တဂ္ဃ အမ္မ၊ နာဟံ မဂ္ဂမူဠှာ သဉ္စရဏမတ္တမေဝ” မေ ဂေဟနဂရဿ သမန္တတော အနုဿရဏာနိ အဘိနဝါနိ မေ ဂေဟနဂရဿ သမန္တတော အဟော ဇနတာ၊ ယာ မယာ သမာဂတာ အစ္ဆရိယာ မေ လောကေ အစ္ဆရိယာ မေ လောကေ အစ္ဆရိယာ မေ လောကေ အစ္ဆရိယာ မေ လောကေ . အဟံ ရောစေမိ တံ နဂရေ၊ ယဒါ ဝါတော အတိဝိယ ဗဟလော နိပ္ပဘာ အဟံ ပဿိတုကာမော သဗ္ဗဇနံ ရဿနိဝါသနဓရံ လဟုကဝတ္ထဓရံ အဟံ ရောစေမိ တံ နဂရေ၊ ယဒါ ဒွေ လောကာ ပဋိဟတာ တွံ…
-
ပထမနိုင်ငံတော် (သို့) ပုဂံအတွက် မငိုပါနဲ့
သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ နေကောင်းခါစ နာလံထအချိန်မှာ ဂီတဟာ ရေရောရော မရောရော ဖျော်ရည်လို ယာမကာလိကလဲဖြစ် ပျားရည်လို သတ္တာဟကာလိကလဲဖြစ် ဆေးရည်လို ယာဝဇီဝိကလဲဖြစ် သောက်သုံးမိသူအဖို့ အဗျာပဇ္ဇပရမတာပါပဲ…။ လေးဖြူရဲ့ “ပထမနိုင်ငံတော်”ပါ…။ “ပုဂံအတွက် မငိုနဲ့ ပုဂံအတွက် မပူပါနဲ့ လက်တွေ တွဲထား” ဆိုတဲ့ သံစဉ် စာသားကို ကျန်းမာရေးမကောင်းရင် ခံစားနိုင်ဖို့ မလွယ်ပါဘူး…. *** စာသားရေးထားတဲ့ ပုံကို ဒီသီချင်းကို ရေးဖွဲ့တဲ့ ဆရာMyo Swe Thanရဲ့ FBကနေ ယူထားတာပါ။ သီချင်း ရေးဖွဲ့သူ ကိုယ်တိုင် ပါဠိဘာသာပြန်ကို အားပေးတဲ့အတွက် အထူး ဂုဏ်ယူမိတာ အမှန်ပါ။ ===+===+=== ကာလေ ဝီတိဝတ္တေ သဘာဝပထာနံ အတိက္ကန္တေ အမှာကံ အတီတပုရာဝတ္တနော အမှာကဉ္စ သဒါစာရာ ပဒံ အမှာကံ သကလာနံ ပေါက္ကံ နော သကလာနံ ဟဒယော နိပတိတကာလေ ပဋိဥဋ္ဌာနေဟိ ပုနပ္ပုနံ ဒုက္ခာနိ (ဒုက္ခာနိ ) အနေကသဟဿဝဿံ ပရိဿဇိတွာ အာဟဋာနိ အမှာကံ သကလာနံ ပေါက္ကံ နော သကလာနံ ပေါက္ကံ အဘိမုခေ အမှေဟိ လိခိတံ ပုရာဝတ္တနံ လောကေ ဝိညာပေတုံ ယာဝ သံတိဋ္ဌနာ ပဋိဝဒိတုံ အမှေဟိ လိခိတံ ပုရာဝတ္တနံ ပဋိဝဒိတုံ ယာဝ သံတိဋ္ဌနာ လောကေ ဝိညာပေတုံ အဘိနဝဇီဝိတေန ပေါက္ကံ အဘိက္ကမိတဗ္ဗံ အဘိက္ကမိတဗ္ဗံ မာ ရောဒိ ပေါက္ကတ္ထာယ မာ…
-
နတ်ထိ = ၀.၉
ကိုးကွယ်ဖို့တော့ မရည်ရွယ်ပေမယ့် လပြည့်ဝန်းပုံရိပ် ကိုးရိပ်အောက်မှာ ကဗျာ+ပါဠိဘာသာပြန် ကိုးပုဒ်ကို ခံစားမိတဲ့အခါ ကိုးစားဖို့ရော ခိုကိုးဖို့အတွက်ပါ မျှော်လင့်မိခဲ့တာ…။ . အဟောင်းအမြင်းများ နတ္ထိ + ၁၀ နတ္ထိ + ၁၈၀ နတ္ထိ + ၁၁၅၀၀ နတ္ထိ + ၄၀ နတ္ထိ + ၁၅၀၀
-
BLOGကိုး
natthi blog ၉နှစ်ပြည့်ပြီ။ (တကယ်တော့ ၂၀၀၇ မတ်လလယ်လောက်က စခဲ့တာ။ blogကို ပြင်ရင်းနဲ့ လကုန်ရက်ရောက်မှ ပိုစ့်ဟောင်းတွေ တစ်ရက်ထဲ စုတင်လိုက်မိတာ) ပထမ ဒီမှာ ရေးနေတာ။ ရပ်လိုက်တယ်။ ဒီမှာ ဆက်ရေးတယ်။ ရပ်လိုက်တယ်။ နောက်ဆုံးတော့ ပိုစ့်တွေ အကုန် ဒီကို ပြောင်းလိုက်ပြီး ဆက်ရေးခဲ့တယ် (ခု မရေးတာကို ကြာနေပြီ)။ အရောင်စုံ အသွေးစုံလှတဲ့ blogosphereထဲမှာ ၉နှစ်ကြာ ရှင်သန်နေခဲ့တဲ့ အမှတ်တရ True Colorsသီချင်းကို ပြန်လည်ခံစားဖြစ်ခဲ့တယ်။ ဒီသီချင်းက versionအမျိုးမျိုး ရှိပေမယ့် The British Paraorchestraနဲ့ ထုတ်တဲ့ versionကို နှစ်သက်မိတယ်။ blogလောကမှာ သတိတရဖြစ်မိတဲ့ bloggerက ပန်ဒိုရာ။ သူ့ရဲ့ blogသက်တမ်းနဲ့ နတ္ထိblogသက်တမ်းက မတိမ်းမယိမ်းပါ။ ရှင်သန်ခြင်းတွေ ဖြန့်ခင်းတတ်သော Blogpoet Pandora commentထားခဲ့တဲ့ True Colorsသီချင်း မြန်မာဘာသာပြန်တစ်ပုဒ်ကိုတော့ blog ၉နှစ်ပြည့်လက်ဆောင်လို့ မှတ်ယူလိုက်ပါတယ်။ အရောင်အသွေးမှန်. ကြေကွဲမျက်လုံးအစုံနဲ့ မင်း. အားမလျော့ပါနဲ့. အို… ငါ နားလည်ပါရဲ့. သတ္တိမွေးဖို့ဆိုတာ ခက်တယ်လေ. လူတွေပြည့်နှက်နေတဲ့ ဒီကမ္ဘာကြီးမှာ. မင်းဟာ အားလုံးကို မျက်ခြေပြတ်သွားနိုင်ရဲ့. ပြီးတော့ မင်းရင်ထဲက အမှောင်ထုဟာ. မင်းကိုယ်မင်း သေးငယ်တယ်လို့ ထင်မိအောင် လုပ်နိုင်ရဲ့. . ဒါပေမဲ့ မင်းရဲ့အရောင်အသွေးမှန်ကို ကိုယ်မြင်နေ. လင်းလက်တောက်ပလို့. မင်းရဲ့ အရောင်အသွေးမှန်ကို ကိုယ်မြင်ရဲ့. ဒါကြောင့်လည်း မင်းကိုကိုယ်ချစ်နေရ. ဒီတော့ သူတို့ကို အရောင်အသွေးမှန် ပြလိုက်ဖို့. တွန့်ဆုတ်ကြောက်ရွံ့မနေနဲ့လေ. မင်းရဲ့အရောင်အသွေးမှန်. အရောင်အသွေးမှန်ဟာ သိပ်ကိုလှပ. သက်တံတစ်စင်းလိုပေါ့. ဒါဆို ကိုယ့်ကိုပြုံးပြလိုက်ပါကွယ်. ဝမ်းနည်းမနေပါနဲ့တော့…
-
Blogအက္ခရသညာတော (၈)
Blogနားကို မကပ်တာတာတော့ ကြာနေပြီ။ မေ့လျော့နေတာမျိုးပါ။ မေ့ပျောက်သွားတာတော့ မဟုတ်ဘူး။ ဆယ်စုနှစ်တစ်စုစာ ဝေးကွာခဲ့တဲ့ အမိမြေကို ပြန်ရောက်ခိုက် အရင်လို မဟုတ်တော့တဲ့ ဖြစ်စဉ်တွေကို ရင်သပ်ရှုမောနေရင်း အလျင်စလို လုပ်စရာရှိတာတွေ အရင်အတိုင်း လုပ်ရင်း Blogosphereကလဲ အရင်ကနဲ့ မတူတော့ဘူးဆိုတာ သိသလိုလို ခံစားမိရင်း အမှတ်တရ အနေနဲ့ လေးဖြူရဲ့ သီချင်းတစ်ပုဒ် ဘာသာပြန်ဖြစ်တယ်။ “အရင်လိုပါပဲ”… ယထာရုစိံ ဝိစိန္တေန္တော ဝါတပါနံ အပဿန္တော.ဟံ ဗဟိရံ ခဏံ ဝိလောကေန္တော ဝါတယာနာနိ စ အဘိပတန္တာနိ ဆာယာ စ ဝိကိဏ္ဏာ မနုဿနိမိတ္တာနိ တာဒိသာနိယေဝ . ဣဓ မမတ္ထာယ ပရိကပ္ပိတာ သြသာနေ သဘာဝေနေဝ နိရုဇ္ဈနဘာဝံ ဂတာ လောကေ မမတ္ထာယ အာင်္ကခိတာ သြသာနေ နိရုဇ္ဈန္တာ သဘာဝေန သဉ္စရန္တာ ဝတ . သဒိသမေဝ သဒိသမေဝ ပကတိယာ သမာနေန ဘဝသ္မိံ သမာနေန အဘိဿဝန္တော သြသာနေ သဘာဝေနေဝ နိရုဇ္ဈနဘာဝံ ဂတော . သဒိသမေဝ သဒိသမေဝ ပကတိယာ သမာနေန ဘဝသ္မိံ သမာနေန အဘိဿဝန္တော သြသာနေ နိရုဇ္ဈန္တော သဘာဝေန သဉ္စရန္တော ဝတ . ဒိဝါ သူရိယော ယထာရုစိံ တပန္တော သကုဏာ ပက္ခန္ဒန္တာ ဥဒ္ဓံ သြလောကိတံ ဝလာဟကာ သုက္ကာ စေဝ နီလာ စ အနုဝိလောကိတာ တမောနဒ္ဓါ . ဣဓ မမတ္ထာယ ပရိကပ္ပိတာ သြသာနေ သဘာဝေနေဝ နိရုဇ္ဈနဘာဝံ ဂတာ လောကေ…
-
ဒုက္ခအလှသစ္စာ
Punjabပြည်နယ် Chandigarhမြို့ Government Museum and Art Galleryထဲမှာ ခင်းကျင်းပြသထားတဲ့ Gandhara Sculpture တွေဟာ ဘီစီ၁ရာစုကနေ အေဒီ၃ရာစုအတွင်းက ထုဆစ်ခဲ့တဲ့ ရှေးဟောင်းကျောက်ဆစ်ရုပ်တုတွေလို့ ဆိုတယ်။ ၁၉၄၇ခုနှစ် India partitionမှာ Lahoreပြတိုက်ကနေ ဝေစုအဖြစ် ရယူခဲ့လို့သာ Chandigarhပြတိုက်ထဲမှာ ရောက်နေတာ။ Indiaမှာ Calcuttaပြတိုက်ပြီးရင် Chandigarhပြတိုက်ထဲမှာ ရှိတဲ့ Gandhara Sculptureတွေဟာ ဒုတိယအများဆုံးလို့ဆိုတယ်။ ဒီဂန္ဓာရကျောက်ဆစ်ရုပ်တုတွေနဲ့ နီးနီးနားနား ရှိနေတာဟာ တကယ့်ကို ကံကောင်းတာပါပဲ။ Chandigarhမှာ နေခိုက် ၅နှစ်ကျော် ၆နှစ်အတွင်းမှာ မှတ်မှတ်ရရ ၃ကြိမ်တော့ ရောက်ခဲ့တယ်။ Panjabတက္ကသိုလ်နဲ့ ၃ကီလိုမီတာလောက်ပဲ ဝေးပေမယ့် အကြောင်းညီညွတ်မှပဲ သွားဖြစ်ခဲ့တယ်။ ခင်းကျင်းပြသထားတဲ့ ဂန္ဓာရလက်ရာကျောက်ဆစ်ရုပ်တု ၆၀၀ကျော်ထဲမှာ ဗုဒ္ဓရုပ်ပွားတော်တွေ ဗောဓိသတ္တရုပ်ပွားတော်တွေ ဒေဝတာရုပ်တုတွေ အရွယ်စုံ တွေ့ရတယ်။ ဗုဒ္ဓဖြစ်စဉ်တွေကို ဖော်ပြထားတဲ့ ကျောက်ထွင်းဗုဒ္ဓဝင်တွေကိုလဲ တွေ့ရတယ်။ ထူးထူးခြားခြား ဂန္ဓာရမှာ စတင်မွေးဖွားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကြားမှာ မွေးဖွားခြင်းနဲ့ မိခင်ကို ကိုယ်စားပြုတဲ့ ကျောက်ဆစ်လက်ရာ ၃ခုကို တွေ့ရတယ်။ “ဇာတိပိ ဒုက္ခာ”နဲ့ “ခီဏာ ဇာတိ”တို့ရဲ့ အကွာအဟကို ကိုယ်တိုင် သိမြင်ပြီး သူတပါးတို့ကို သိမြင်စေနိုင်မယ့် သားတစ်ဦးကို မွေးဖွားပေးခဲ့တဲ့ မိခင်ရဲ့ ပုံရိပ်ဟာ လူသားအားလုံးအတွက် အနှိုင်းမဲ့တဲ့ စံအနေနဲ့ ထာဝရ တည်ရှိနေဦးမှာပါ…။ (၁) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၃ရာစုလက်ရာ) (၂) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၂ရာစုလက်ရာ) (၃) သိဒ္ဓတ္ထမွေးဖွားခြင်း (အေဒီ ၂ရာစုနှောင်းပိုင်းလက်ရာ)
-
နတ်ထိ = ၁၀
မျောလွင့်သွားတဲ့ ဆယ်စုနှစ် တစ်စုကို အဖတ်ဆယ်ဖို့ ကြိုးစားရင်း blogမှာ တင်ထားတဲ့ သီချင်းဘာသာပြန် ဆယ်ပုဒ်ကို instagramမှာ တင်ခဲ့တဲ့ ဆောင်းနှင်းဆီနီနီ ဆယ်ပုံနဲ့ မျှားပြီး နေခြည်လှိုင်းထဲကနေ ပြန်ဆယ်ယူမိတယ်။ အဟောင်းအမြင်းများ နတ္ထိ + ၁၈၀ နတ္ထိ + ၁၁၅၀၀ နတ္ထိ + ၄၀ နတ္ထိ + ၁၅၀၀