Asoka Inscription,  Quote

အသောကရဲ့ အက္ခရာများ-၂၁

-ဒေ၀ါနံ ပိယေ ပိယဒသိ လာဇာ

-ဟေ၀ံ အာဟာ။ ဓံမေ သာဓူ။ ကိယံ စု ဓံမေတိ။ အပါသိနဝေ ဗဟု ကယာနေ

-ဒယာ ဒါနေ သစေ သောစယေ။ စခုဒါနေ ပိ မေ ဗဟုဝိဓေ ဒိံ နေ ဒုပဒ-

-စတုပဒေသု ပခိဝါလိစလေသု ၀ိဝိဓေ မေ အနုဂဟေ ကဋေ အာပါန-

-ဒါခိနာယေ အံနာနိ ပိ စ မေ ဗဟူနိ ကယာနာနိ ကဋာနိ။ ဧတာယေ မေ

-အဌာယေ ဣယံ ဓံမလိပိ လိခါပိတ။ ဟေ၀ံ အနုပဋိပဇံတု စိလံ

-ထိတိကာ စ ဟောတူ တီတိ။ ယေ စ ဟေ၀ံ သံပဋိပဇီသတိ သေ သုကဋံ ကဆတီ တိ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ၀ှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားမြတ်ကြီး ဤသို့ မိန့်ပြန် ထားရှိတော်မူပြီ၊– တရား၌ ကောင်းမွန်စွာ လိုက်နာ-ပြုကျင့်ခြင်း မည်သည်ကား သတ္တ၀ါတို့အား သနားကြင်နာ ကိုယ်ချင်း စာခြင်း, စွန့်ကြဲးပေးကမ်း လှူဒါန်းခြင်း, ကိုယ်-နှုတ်-စိတ် သုံးပါးကို တရားအတိုင်း ဖြောင့်မတ် တည့်မှန်ခြင်း, ကိုယ်ကျင့်, နှုတ်ပြော, စိတ်ထား သုံးပါးလုံး စင်ဖြူခြင်း– ဤသို့သော ကောင်းမှုများစွာကို အသစ်-အသစ် ဖြစ်ပွား စေခြင်း ဖြစ်၏၊ ဤတရားတော်တို့ အနက် ငါ မင်းတရားသည် ထူးထွေ စားစား မြောက်မြားစွာသော ဒါန-ပေးကမ်း စွန့်ကြဲးခြင်းကို ပြုလုပ် ပေးလှူတော်မူအပ်၏၊ အခြေ ၂ချောင်းရှိသူ လူအပေါင်း, အခြေ လေးချောင်းရှိ သားအပေါင်းတို့၌ ၄င်း, အထွေထွေ အစားစား အရေအတွက် မရ, မြောက်မြားလှသော ခြီးမြှောက်-ထောက်ပံ့ခြင်းကိုလည်း ငါမင်းမြတ်သည် အသက် သတ်ရေး ငြိမ်းအေးချမ်းသာစေခြင်း တိုင်အောင် ပြုလုပ်တော်မူ၏။

ငါမင်းမြတ်သည် ဤမှ တပါး မြောက်မြားစွာသော (ဒယာ, သစ္စ, သောစေယျ စသည်) ကောင်းမှု ကုသိုလ်တို့ကိုလည်း ပြုလုပ်– ကျင့်ဆောင်တော် မူအပ်ကုန်၏၊ ဤသို့သော တရားကျင့်ရေးများ အလို့ငှါပင် ငါမင်းမြတ်သည် ဤတရားကျောက်စာတော်ကို ရေးသား တည်ထား တော်မူစေအပ်၏၊ ဤသို့ ညွှန်ပြခဲ့သည့် နည်းတူ တုမူ လိုက်နာ၍ ကျင့်ဆောင်ကြကုန်, အရှည် အမြင့် တရားကျင့်ရေး၌ တည်တန့်သူတို့လည်း ဖြစ်ကြကုန်၊ ယင်းသို့ ညွှန်ပြတိုင်း တရားတော်ကို လိုက်နာ ကျင့်ဆောင် သူတို့သည်ကား မိမိတို့၏့ ပစ္စက္ခ–တမလွန် ၂တန်သော ချမ်းသာနှင့်တကွ ၀ဋ်ဒုက္ခ ငြိမ်းရာ ဧးမြစွာသော နိဗ္ဗာန်–ချမ်းသာ တိုင်အောင် ပြုလုပ်သူ မည်ကုန်သတည်း၊– ဤသို့ အသောက မင်းတြားကြီး မိန့်ပြန် ထားရှိတော်မူပြီ။[1]

…..

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ဤသို့ အမိန့်တော်ရှိ၏။

တရားတော်ကို လိုက်နာကျင့်ဆောင်ခြင်းသည် ကောင်း၏။ တရားတော်သည်ကား အဘယ်နည်း။ မကောင်းမှုမှ ကြဉ်ရှောင်ခြင်း၊ များစွာသော ကောင်းမှုတို့ကို ပြုခြင်း၊ သနားခြင်း၊ ပေးလှူခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကိုစိတ်သန့်စင်စေခြင်းတို့ပေတည်း။

အမျိုးမျိုးသော နည်းတို့ဖြင့် (ပညာ)မျက်စေ့အလှူကို ငါပေးခဲ့လေပြီ။ အခြေနှစ်ချောင်းနှင့် အခြေလေးချောင်းတို့အား၎င်း၊ အတောင်ရှိသော ငှက်များနှင့် ရေ၌ ကျက်စား ငါးစသော သတ္တ၀ါတို့အား၎င်း၊ အထူးထူးအပြားပြား သနားငဲ့ညှာချမ်းသာပေးခဲ့လေပြီ။ အသက်၏ အလှူကို ပေးခြင်းစသော အခြား များစွာသော ကောင်းမှုတို့ကိုလည်း ငါပြုခဲ့လေပြီ။

ဤအတိုင်း လိုက်နာကျင့်ဆောင်ကြစေခြင်း အကျိုးငှါ ဤတရားကဗျည်းကို ရေးထိုးစေခဲ့၏။ မြဲစွာ တည်ပါစေသတည်း။ ဤအတိုင်း ကျင့်သုံး ဆောက်တည်သူတို့သည် ကောင်းသောအမှုကို ပြုသည်မည်လတံ့။[2]

…..

“Thus spake king Devftnampiya Piyadasi: — ‘In religion is the chief excellence; but religion consists in good works: in the non-omission of many acts: — mercy and charity, purity and chastity; — (these are) to me the anointment of consecration. Towards the poor and the afflicted, towards bipeds and quadrupeds, towards the fowls of the air and things that move in the waters, manifold have been the benevolent acts performed by me. Out of consideration for things inanimate even many other excellent things have been done by me. To this purpose is the present edict promulgated; let all pay attention to it (or take cognizance thereof), and let it endure for ages to come: — and he who acts in conformity thereto, the same shall attain eternal happiness, (or shall be united with Sugato).’ ”[3]

…..

Thus saith His Sacred and Gracious Majesty the King: ‘”The Law of Piety is excellent.” But wherein consists the Law of Piety? In these things, to wit, little impiety, many good deeds, compassion, liberality, truthfulness, purity. The gift of spiritual insight I have given in manifold ways; whilst on two-footed and four-footed beings, on birds and the denizens of the waters, I have conferred various favours, even unto the boon of life ; and many other good deeds have I done.

For this my purpose I have caused this scripture of the Law of Piety to be written, that men may walk after its teaching and that it may long endure. And he who will thus follow its teaching will do well.’[4]

…..

Thus saith His Sacred and Gracious Majesty the King: Good is Dharma. But what does Dharma include? (It includes) freedom from self-indulgence, abundance of good deeds, kindness, liberality, truthfulness, and purity. The gift of spiritual insight, too, has been bestowed by me in various ways, and for two-footed and four-footed beings, for birds and denizens of waters, I have ordained manifold kindnesses up to the boon of life. Similarly, many other good deeds have been performed by me.

For this purpose have I caused this religious Edict to be inscribed in order that (people) might follow it, and that it might be of long duration. And he who will follow it completely will perform a meritorious deed.[5]

…..

Thus speaks the Beloved of the Gods, the king Piyadassi: Dhamma is good. And what is Dhamma? It is having few faults and many good deeds, mercy, charity, truthfulness, and purity.

I have given the gift of insight in various forms. I have conferred many benefits on man, animals, birds, and fish, even to saving their lives, and I have done many other commendable deeds. I have had this inscription of Dhamma engraved that men may conform to it and that it may endure. He who conforms will do well.[6]

…..

Thus saith king Priyadarsi, the Beloved of the Gods: Dharma is good. But what does Dharma include? (It consists of these things) freedom from depravity, maximum welfare (of people), generosity, liberality, truthfulness and purity. The gift of divine sight has also been bestowed by me in many ways. Various obligations have been made by me on bipeds and quadrupeds, birds and aquatic animals. (I have given them) even upto te boon of life. And many other virtuous deeds have been done by me. For this matter I have caused this Dharmalipi to be inscribed so that they may follow it and that it may become permanent. He who does so will do something which is good.[7]


[1] အရှင်အာဒိစ္စ၀ံသ, အသောကမင်းတရားကြီး၏့ ကျောက်စာတော်၊

[2] ဦးဖိုးလတ်, အသောကကျောက်စာများ၊

[3] Tr. Prinsep, Alexander Cunningham, Inscriptions of Asoka.

[4] V. A. Smith, Asoka, the Buddhist Emperor of India.

[5] R.K. Mookerji, Asoka.

[6] Romila Thapar, Asoka and the Decline of the Mauryas.

[7] Naresh Prasad Rastogi, Inscriptions of Asoka.

0 Comments

  • pandora

    And what is Dhamma? It is having few faults and many good deeds, mercy, charity, truthfulness, and purity.

    Having few faults က မကောင်းမှုမှ ကြဉ်ရှောင်ခြင်းလား။ မကောင်းမှုနည်းနည်းပါးပါးရှိတာလား။ မကောင်းမှုမှ ကင်းစင်ခြင်းလို့ မဖြစ်နိုင်လို့ ကြဉ်ရှောင်ခြင်းလို့ပဲ လုပ်ရပ်ကိုအသားပေး ပြောတာလား။း)

Leave a Reply

Your email address will not be published. Required fields are marked *