အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၇)
အသောကခြေရာတွေနောက် လိုက်ရင်း ဟိုရောက်ဒီရောက်နဲ့ ခရီးသွားဟန်လွှဲ အသောကကျောက်စာနဲ့ သက်ဆိုင်တဲ့ စာအုပ်တစ်အုပ် ရလာတယ်။ Meena Talimရဲ့ Edicts of King Aśoka: New Visionပါ။ ဒီစာအုပ်ထဲကနေ Englishဘာသာပြန်အသစ်တစ်မျိုးလည်း ပိုရလာတယ်။ ထူးခြားတာက အသောကကျောက်စာတွေကို ပါဠိလို ပြန်ရေးထားတာပဲ။ ဒီလို ပြန်ရေးထားတော့လဲ ဖတ်ရတာ အရသာတစ်မျိုး ရှိသွားပြန်ရော။ ဒါလဲ ရောဂါတစ်မျိုးပဲ နေမှာပဲ။ ဟိုဟိုဒီဒီ စိတ်ကူးတဲ့ရာ ကဗျာလေးတွေကို ပါဠိလို ဘာသာပြန်ပေးဖြစ်တဲ့ အကျိုးပေးလဲ ဖြစ်နိုင်တယ် 🙂 ။ ကိုယ်လေ့လာနေတဲ့ ကျောက်စာတွေကို ပါဠိလို ပြန်ရေးပေးထားတဲ့ စာအုပ်ကြီးနဲ့ တဲ့တဲ့သွားတိုးဖြစ်တာ ကံကောင်းတာပဲ။
Girnarမူ Major Rock Edict (၁)ကနေ (၁၄)အထိပါ။ Prakritမူနဲ့ English, မြန်မာဘာသာပြန်တွေကိုတော့ တင်ထားပြီးတာ ကြာပါပြီ။ ဒီမှာ ပြန်ကြည့်နိုင်ပါတယ်။ စာအုပ်ထဲမှာပါတဲ့ Roman Transcriptနဲ့ ပါဠိမူအသစ်ကိုတော့ မြန်မာလို ပြန်ရိုက်ဖို့ နည်းနည်း ပျင်းနေတာနဲ့ ဖုန်းနဲ့ပဲ scanဆွဲလိုက်တယ်။
0 Comments
nayla
နတ္ထိရဲ့ ကျောက်စာကိုလဲ စကင်ဆွဲပြီး တင်ပေးပါအုန်း !!!!!!
ပန်ဒိုရာ
အသောကခြေရာ ဝေဒနာများ
နတ္ထိ
အသောကဝေဒနာ ကဗျာတစ်ပုဒ်လောက် ရေးချင်သေးတယ်။ ပန်ဒိုစတိုင်နဲ့ပေါ့ 🙂