Asoka Inscription,  Photo,  Quote

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၇)

အသောကခြေရာတွေနောက် လိုက်ရင်း ဟိုရောက်ဒီရောက်နဲ့ ခရီးသွားဟန်လွှဲ အသောကကျောက်စာနဲ့ သက်ဆိုင်တဲ့ စာအုပ်တစ်အုပ် ရလာတယ်။ Meena Talimရဲ့ Edicts of King Aśoka: New Visionပါ။ ဒီစာအုပ်ထဲကနေ Englishဘာသာပြန်အသစ်တစ်မျိုးလည်း ပိုရလာတယ်။ ထူးခြားတာက အသောကကျောက်စာတွေကို ပါဠိလို ပြန်ရေးထားတာပဲ။ ဒီလို ပြန်ရေးထားတော့လဲ ဖတ်ရတာ အရသာတစ်မျိုး ရှိသွားပြန်ရော။ ဒါလဲ ရောဂါတစ်မျိုးပဲ နေမှာပဲ။ ဟိုဟိုဒီဒီ စိတ်ကူးတဲ့ရာ ကဗျာလေးတွေကို ပါဠိလို ဘာသာပြန်ပေးဖြစ်တဲ့ အကျိုးပေးလဲ ဖြစ်နိုင်တယ် 🙂 ။ ကိုယ်လေ့လာနေတဲ့ ကျောက်စာတွေကို ပါဠိလို ပြန်ရေးပေးထားတဲ့ စာအုပ်ကြီးနဲ့ တဲ့တဲ့သွားတိုးဖြစ်တာ ကံကောင်းတာပဲ။

Girnarမူ Major Rock Edict (၁)ကနေ (၁၄)အထိပါ။  Prakritမူနဲ့ English, မြန်မာဘာသာပြန်တွေကိုတော့ တင်ထားပြီးတာ ကြာပါပြီ။ ဒီမှာ ပြန်ကြည့်နိုင်ပါတယ်။ စာအုပ်ထဲမှာပါတဲ့ Roman Transcriptနဲ့ ပါဠိမူအသစ်ကိုတော့ မြန်မာလို ပြန်ရိုက်ဖို့ နည်းနည်း ပျင်းနေတာနဲ့ ဖုန်းနဲ့ပဲ scanဆွဲလိုက်တယ်။

RE_01RE_02RE_03RE_04RE_05RE_06RE_07RE_08RE_09RE_10RE_11RE_12RE_13RE_14

0 Comments

Leave a Reply to နတ္ထိ Cancel reply

Your email address will not be published. Required fields are marked *