Photo,  Quote,  Travel

နောက်ကြည့်မြစ်

နဒီ ပဗ္ဗတေယျာ ဒူရင်္ဂမာ သီဃသောတာ ဟာရဟာရိနီ

သန္ဒတေဝ ဝတ္တတေဝ ဤသကမ္ပိ န နိဝတ္တတိ။

တောင်ပေါ်က ဆင်းလာတဲ့ မြစ်

ခရီးဝေး သွားတယ်။

ရေစီးလည်း သန်တယ်။

မျှောသမျှ သယ်တယ်။

မနားဘူး။

မရပ်ဘူး။

နောက်ပြန် မလှည့်ဘူး။

ဒါပေမယ့် နောက်ပြန်ကြည့်ဖို့ ကြိုးစားမိတယ်…။


Indusမြစ်ပါ။ Indiaနိုင်ငံ Jammu & Kashmir ပြည်နယ် Ladakhဒေသ ပင်လယ်ရေပြင်အထက် အမြင့်ပေ တစ်သောင်းကျော် ဟိမဝန္တာတောင်တန်းတွေရဲ့ အကြားမှာ စီးဆင်းနေတာ။ သူ့ခရီးစဉ်က မိုင်၂၀၀၀နီးပါး။

Leh-Srinagar လမ်းမကြီးဘေး တစ်လျှောက်မှာ စီးဆင်းနေတာ။

ဟိုဘက်ကမ်းရောက်ဖို့ ကူးချင်းကူး ဖြတ်ချင်ဖြတ်ပေါ့။

မြစ်ဆုံ။ Indusမြစ်နဲ့ Zansakarမြစ်။

သိပ်လှတယ်။ အရမ်း လှတယ်။

ဒါပေမယ့် ရပ်ကြည့်တဲ့ နေရာက ကားလမ်းပေါ်။

အတော် မြင့်တယ်။ အကာအရံလဲ မရှိ။

လိမ့်ကျလိုက်ရင်တော့ အတိအကျ မြစ်ဆုံထဲပဲ။

မြစ်ထဲကို စီးဝင်နေတဲ့ တောင်ကျစမ်းလေး။

လမ်းတစ်လျှောက်မှာ ဒါမျိုးတွေ အများကြီး။

မြစ်နဲ့ တောင်။

အရောင်ချင်း သိပ်မကွာဘူး။

ပြာနေတာက ကောင်းကင်

စိမ်းနေတာက သစ်ပင်

ဖြူနေတာက တိမ်စင်

မြစ်…

စီးလိုက်း ဆင်းလိုက်။

တိမ်…

မျောလိုက် လွင့်လိုက်။

ငြိမ်နေတာဆိုလို့ တောင်ပဲ ရှိတယ်။

တောင်ကြားထဲက မြစ်ရိုးတစ်လျောက် အစိမ်းရောင် တွေ့တဲ့နေရာက ခပ်ရှားရှားပါ။

ဒါတောင် နွေရာသီမို့နေမှာ။

ဆောင်းရာသီဆိုရင် ဒီလမ်းမကြီးက သွားမရတော့ဘူးတဲ့။

ကားလမ်းတွေက မြစ်နံဘေးမှာ ကွေ့ကာ ကောက်ကာပဲ။

မြစ်နားမှာ ကားလမ်းဖောက်ထားတာ အဖော်ရတယ်လို့ ထင်မိတယ်။

ကမ်းနံဘေးမှာ ငုတ်တုတ်။

ငိုင်နေသလား။

ငိုနေသလား။

မသိ။

အလုပ် လုပ်နေသည်…။

စီးဆင်းနေသည်…။

အစအန >>> ရေစုန်မြောတဲ့ မြစ်

0 Comments

  • ကိုကိုမောင်(ပန်းရနံ့)

    ကျောက်ကန္တာရထဲ အဖော်မဲ့နေတဲ့ အိန္ဒု။ အပေါ်ဖက် တိမ်ထုကလဲ ဖော်ပြုဟန်မပေါ်။ တောင်ပေါ်သားတွေတောင် လက်ဖျားခါလောက်တဲ့ မလှပမှုတွေနဲ့ လှပနေတဲ့ ရှေးခေတ် သွန်းထု မြစ်တစ်စင်း။ ရှုခင်းကတော့ ရှင်းမှရှင်းဘဲ။း)

  • မေဓာဝီ

    နောက်ကြည့်မြစ်က နောက်ကျိမြစ် ဖြစ်နေသလို …

    • နတ္ထိ

      နောက်ကျိတာကို နောက်ကြည့်မှန်ထဲကနေ ပြထားတာလေ 🙂
      တကယ်တော့ အနောတတ်အိုင်က စခဲ့တဲ့မြစ်လေ။ ခရီးက ရှည်တယ်။

  • Thae Thae

    ပုံတွေကြည့်ပြီး တခုခုကို လွမ်းသလိုလို ခံစား၇တယ် မြစ်ကြီးက အထီးကျန်နေသလိုပဲ မထင်မှတ်ပဲ ကြည့်ခွင့်ရတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်

Leave a Reply to Thae Thae Cancel reply

Your email address will not be published. Required fields are marked *