Asoka Inscription,  Quote

အသောကရဲ့ အက္ခရာများ – ၃၁

(၁) ဒေ၀ါနပိယေန ပိယဒသိန လာဇိန ၀ီသတိဝသာဘိသိတေန
(၂) အတန အာဂါစ မဟီယိတေ ဟိဒ ဗုဓေ ဇာတေ သကျမုနီတိ
(၃) သိလာဝိဂဍဘီ စာ ကာလာပိတ သိလာထဘေ စ ဥသပါပိတေ
(၄) ဟိဒ ဘဂ၀ံ ဇာတေ တိ။ လုံမိနိဂါမေ ဥဗလိကေ ကဋေ
(၅) အဌဘာဂိယေ စ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ၀ှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီးသည် ကိုယ်တော်မြတ် အဘိသိက် ခံယူ၍့ အနှစ်နှစ်ဆယ်မြောက်အခါ သာကီဝင်မင်းမျိုး၏့ အထွတ် ရဟန်းတို့ တမွတ်ဥသျှောင် ဖြစ်တော်မူသော ဘုရားသခင် ဖွားမြင်တော်မူရာ ဤအရပ်၌ ဖူးမြော်လာရောက်တော်မူလျက် ပူဇော်တော်မူအပ်၏၊ ထို့ပြင် (ဤနေရာ၌ ကျောက်အတိပြီးသော) (ဖွားမြင်တော်မူရာ) တိုက်ခန်းကိုလည်း တည်ထားပြုလုပ်စေ၍့ ကျောက်ကမ္ဗည်းတိုင်ကိုလည်း စိုက်ထူခဲ့၏။ ဤလုမ္ဗိနီဟု [ယခု လက်ရှိ အမည်တွင်သော] ရွာနေရာ၌ ပုဉ်းတော် သခင်ဘုရားရှင်သည် ဖွားမြင်တော်မူခဲ့ပြီးဟု မှတ်သားထားရှိတောမူခဲ့၏။ ဤကုသိုလ်၏့ အဖို့ကိုလည်း နတ်လူတို့အား ပေးဝေတော်မူ၏။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် – အရှင်အာဒိစ္စ၀ံသ)

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး အဘိသိက် ခံသည်မှ အနှစ်နှစ်ဆယ်မြောက်၌ သကျမုနိ ဗုဒ္ဓရှင်တော်ဖုရား ဖွားမြင်ရာ ဤအရပ်သို့ ကိုတော်တိုင် ကြွလာ၍ ရှိခိုးပူဇော်တော်မူ၏။ ဤအရပ်၌ ဖုန်းတော် ကြီးမြတ်တော်မူသော ဖုရားသျှင် ဖွားမြင်တော်မူသည် ဟူ၍ ကျောက်တန်တိုင်း ကန့်၍ ကျောက်တိုင်းကိုလည်း စိုက်ထူထားစေ၏။ လုမ္ဗိနိရွာအားလည်း ရှစ်ဖို့တဖို့ စည်းကြပ်ခြင်းနှင့် အခွန်တော်ကို လွတ်ငြိမ်းခွင့်ပေးတော်မူ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

‘By His Sacred and Gracious Majesty the King when he had been consecrated twenty years, having come in person and reverence having been done inasmuch as “Here was born Buddha, the sage of the Sakyas” a stone bearing a horse was caused to be made and a stone pillar was erected. Inasmuch as “Here the Holy One was born,” the village of Lummini was released from religious cesses and required to pay [only] one-eighth as land revenue.’ (V. A. Smith, Asoka, the Buddhist Emperor of India)

By His Sacred and Gracious Majesty the King, consecrated twenty years, coming in person, was worshipped (this spot), in as much as here was born the Buddha Sakyamuni. A stone bearing a figure was caused to be constructed and a pillar of stone was also set up, to show that the Blessed One was born here. The village Lummini was made free of religious cesses and also liable to pay only one-eighth share (of the produce). (R.K. Mookerji, Asoka.)

Leave a Reply

Your email address will not be published. Required fields are marked *