Travel
အက်ခရာမဲ့ ဝဒေနာ
ယမုနာ မြစ်ကမ်းနဘေးက
အဖြူရောင်နွဲ့နွဲ့ တေးတစ်ပုဒ်
စာသားမဲ့နေဆဲ…။
ခရီးထွက်ဖြစ်တယ်။ ခရီးလမ်းက လွမ်းမောစရာလား…ရင်မောစရာလား…မိန်းမောစရာလား… မက်မောစရာလား…ရယ်မောစရာလား…ဆိုတာ ဝေခွဲလို့မရနိုင်ပေမယ့် မောတော့မောတယ်။
သွားတာက တစ်နေရာ။ ဒါပေမယ့် ဆက်စပ်သလိုလို ရှိတယ်လို့ ထင်မိတာနဲ့ ဒီနှစ်ဆောင်းနှောင်းပိုင်းတုန်းက သွားဖြစ်ခဲ့တဲ့ နေရာလေးကို သတိရမိတယ်။ “တာ့ဂ်ျမဟာ” ပါ။ အဲဒီနေရာကို ရောက်တော့ ဘာပြောရမှန်း မသိနိုင်လောက်အောင် ခံစားရတယ်။ အင်း…မောနေလို့လားမသိ။
0 Comments
  • mathetzin
    ခရီးသွားပုံတွေရော အာသောက သမိုင်းရောလေ့လာဖတ်ရလို့ 
    ခင်မင်စွာဖြင့်
    မသက်ဇင်
Leave a Reply to mathetzin Cancel reply
Your email address will not be published. Required fields are marked *