MY QUOTE

နတ္ထိရဲ့ ပုထုဇဉ်

ဥမ္မတ္တကော ၀ိယ ဟိ ပုထုဇ္ဇနော။

သော“ဣဒံ ယုတ္တံ၊ ဣဒံ အယုတ္တ”န္တိ အ၀ိစာရေတွာ

ယဿ ကဿစိ ဥပါဒါနဿ ၀သေန

ယံ ကိဉ္စိ ဘ၀ံ ပတ္ထေတွာ

ယံ ကိဉ္စိ ကမ္မံ ကရောတိယေ၀။

ပုထုဇဉ်ကား အရူးသဖွယ်တည်း။
သင့် မသင့်ကို မစူးစမ်း
စွဲချင်ရာစွဲ
ဖြစ်ချင်ရာ တောင့်တ
လုပ်ချင်ရာ လုပ်သည်သာတည်း။

0 Comments

  • Maydarwii

    ဟုတ်ပါရဲ့ …
    မစူးစမ်း မဆင်ခြင် စွဲချင်တာစွဲပြီး လုပ်ချင်တာလုပ်နေသမျှ …
    အရူးဘ၀က လွတ်မြောက်နိုင်မှာ မဟုတ်ဘူးနော် … ။

    ကျမကို အသိတရားရအောင် လှုံ့ဆော်ပေးလိုက်တဲ့ စာတပုဒ်ပါပဲ။
    ကိုနတ္ထိကို ကျေးဇူးတင်ပါတယ်။

  • NOTHING

    “လူတို့ သဘော ရူးပေါပေါတည်း၊ သင်လဲ ရူး၏၊ ကျွနုပ်လဲ ပေါ၏။ လူမှန်လျှင် တစ်နည်းမဟုတ်တစ်နည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရူးကြ ပေါကြတာ တွေချည်းတည်း။ ကျွနုပ်သည်ကား ပေါခြင်းကိုသာမက သွပ်ခြင်းကိုပါ ပိုင်ဆိုင်ထားသော သမိန်ပေါသွပ်ပေတည်း”။ ကာတွန်းစာအုပ်ထဲက ကူးချထားတာပါ ခင်ဗျာ။

Leave a Reply to NOTHING Cancel reply

Your email address will not be published. Required fields are marked *