Gāthā,  Memo,  Personal

နတ္ထိနေ့

natthi_poem_01

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရေးခဲ့တဲ့ ကဗျာ ၂ပုဒ်။

တစ်ပုဒ်က “န” နောက်တစ်ပုဒ်က “အတ္ထိ”

န+အတ္ထိ = နတ္ထိ

.

၁။ “န”

မာတာ ဟိ ပုတ္တဿ ဗဟူပကာရာ၊

တသ္မာ ဂဝေသိံ ဣဓ ဧ၀ရူပံ။

တဿာယ ဆာယာပိ မယာ န ဒိဋ္ဌာ။

သာ ဂစ္ဆိ မေ စက္ခုပထံ ဇဟိတွာ။

 .

၂။ “အတ္ထိ”

ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊

သြက္ကန္တနိဒ္ဒေါ.မှိ တမေ၀ သုတွာ။

မာတာ ပ၀တ္တေသိ သုဂီတသဒ္ဒံ၊

ပုတ္တဿ အန္တောဟဒယေ ၀သိတွာ။

natthi_poem_02

ပြာသိုလပြည့်နေ့မှာ Pamphletလေး ရိုက်ပြီး အမှတ်တရ ဝေဖြစ်ခဲ့တာ။

တချို့သောသူတွေအတွက် ပါဠိ၊

တချို့အတွက် မြန်မာ

တချို့အတွက် English

ခု ပြန်ဖတ်ကြည့်တော့ ကဗျာဆန်နေတုန်းပဲ။

craving for set

ကိုယ်ပိုင်ခံစားချက်တွေကတော့ ကဗျာမဆန်ခဲ့ဘူး။

မရှိတော့တာကိုမှ တမ်းတတတ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ ဘဝဟာ နတ္ထိပါပဲ။

ကဗျာဆန်တဲ့ ကဗျာ၂ပုဒ်ကနေ မွေးလာတာ ကဗျာမဆန်တဲ့ နတ္ထိပါ…။

….

သားကျောင်းနေတဲ့ ကိုမင်းထက်ရဲ့ “န+အတ္ထိ” interpretationပါ။

သူ့blogကနေ ကူးလာတာ…။

 

မရှိတော့တဲ့အမေ

 ……………………..

ငယ်စဉ်တောင်ကျေး

ကလေးဘ၀မှာ

အမေ့မျက်နှာ

ငေးကာမော်ကြည့်

ငါပျော်မိခဲ့။

ဒုက္ခဟူသမျှ

အမေကသာ

ရှေ့မှာရပ်တည့်

ငါမသိအောင်

ဖုန်းဖိကွယ်ကာ

နေပေးရှာခဲ့။

သူ့သားသမီး

ခရီးရှေ့ရေး

အစဉ်တွေးကာ

မဆွေးသောချစ်

မအေးသောရင်

စဉ်ပူပင်လျှက်

နေ့စဉ်လုပ်ငန်း

သူမပန်းခဲ့။

အော်…အခုတော့

ဒီမြေမှာ ဒီမေမနေတော့ပြီ

ဒီရေကို ဒီမေမသောက်တော့ပြီ

အမေဘယ်ပျောက်

မျက်စိအောက်မှာ

မေပျောက်ရှာသူ

ငါ့တူညီမ

ဒို့ဘ၀တွေ

ဘယ်လိုနေလဲ

အမေ သိချင်နေမှာပဲ။

 

ရှိနေဆဲအမေ

……………………………..

တစ်ပုဒ်တည်းသောတေးသွား

ညီးတွားရင်းအိပ်ယာဝင်

အမေ့ရင်ခွင်ထဲ

တိုးဝင်အိပ်စက်

ဆောင်းအိပ်မက်လည်း မမက်ခဲ့ဖူး။

တစ်ထည်တည်းသောခြုံစောင်

လုံအောင်မနွေးစေနိုင်လင့်

အမေ့ရင်ကအနွေးဓာတ်

 မပြတ်ရတဲ့ငါ

ဆောင်းမှာလည်းနွေးမပျယ်

ခေါင်းမှာလည်း တွေးမကြယ်

အိပ်ယာထဲကွေးလို့ကောင်းခဲ့။

အမေ့ရဲ့အသံ

အမေ့ရုပ်ရည်

ငါကြားငါမြင်

ငါ့ရင်ကဘယ်မပျောက်

အမေဘယ်ရောက်ရောက်ပေါ့

အမေဟာ ငါ့အတွက်

ထာဝရပါပဲ။

0 Comments

  • nayla

    မာတာ နေ့မှာ အလည်လာသွားကြောင်း
    နတ္ထိဆိုတာ သုညတရဲ့ အာရုဏ်ဦး ဖြစ်ကြောင်း
    ဖွင့်ဆိုသွားပါတယ်

  • မင်းထက်

    ဒုက္ကရာ ဗဟုပုတ္တာ ယေ၊

    မာတရော ပိတရော ဗဟူ။

    ဒုက္ခံ ဒုက္ခံ ပိဝသေယျုံ၊

    ဒုက္ခိတာ မုဒုဟဒယာ။

    • နတ္ထိ

      ယဿ ယတ္ထ ပိတုဘာဝေါ ဥပ္ပဇ္ဇတိ၊ တဿ တတ္ထ ပုတ္တဘာဝေါ ဥပ္ပဇ္ဇတီတိ အာမန္တာ။

      ယဿ ယတ္ထ ပုတ္တဘာဝေါ ဥပ္ပဇ္ဇတိ၊ တဿ တတ္ထ ပိတုဘာဝေါ ဥပ္ပဇ္ဇတီတိ နော။

      ဥပ္ပဇ္ဇတိ၊ ဥပ္ပဇ္ဇိဿတီတိ အာပါဒကာနံ ပေါသကာနံ လောကဿ ဒေဿတာရာနံ တေသံ တတ္ထ…။

Leave a Reply

Your email address will not be published. Required fields are marked *