နတ္ထိ = 007
လျှို့ဝှက်သည်းဖို ဇာတ်ကားရယ်
သည်းတယားယား သံစဉ်ရယ်
သည်းထိတ်ရင်ဖို စာသားရယ်
Double O Seven ရုပ်ရှင်တွေထဲမှာ ပထမဆုံး ရုပ်ရှင်ရုံမှာ ကြည့်ဖြစ်ခဲ့တာ For Your Eyes Onlyပါ။ သက္ကရာဇ်နဲ့ ရုပ်ရှင်ရုံကို မမှတ်မိတော့ပါဘူး။ ၈၆/၈၇/၈၈ အချိန်ကာလတွေနဲ့ သမတ ပပဝင်း ဂုဏ် ရုပ်ရှင်ရုံတွေထဲက တစ်ခုခု ဖြစ်မှာပါ။ ခုထိ ဇာတ်သိမ်းပိုင်း တေးသွားလေးကို သတိရနေဆဲ။
Bond Themeသီချင်းတွေထဲမှာ ပထမဆုံး ပါဠိဘာသာပြန်ဖြစ်တာ Skyfallပါ။ ၂၀၁၂ အောက်တိုဘာမှာ သီချင်း ထွက်ထွက်ချင်း ဘာသာပြန်ဖြစ်တာ။ ဒုတိယ သီချင်းက No time to dieပါ။ ၂၀၂၀ ဖေဖော်ဝါရီမှာ သီချင်းထွက်ပြီး တပတ်အတွင်း ဘာသာပြန်မိခဲ့တယ်။
အမှတ်တရ Bond Theme Songတွေ စုစည်းဖို့ နောက်ထပ် သီချင်း ၅ပုဒ် ထပ်ရွေးပြီး ၂၀၂၀ ဧပြီလဆန်းထဲမှာပဲ ၅ပုဒ်လုံး ဆက်တိုက် ဘာသာပြန်လိုက်တယ်။ အမျိုးသမီးအဆိုတော်တွေပဲ သီဆိုထားတဲ့ သီချင်းတွေထဲက စိတ်ကြိုက် သီချင်း ၇ပုဒ်ကို စုစည်းတဲ့ အနေနဲ့ Ebookတစ်အုပ် ဖန်တီးမိတယ်။ “နတ္ထိ = 007”လို့ အမည်ပေးလိုက်တယ်။
၂၀၀၇ မတ်လမှာ စတင်ခဲ့တဲ့ နတ္ထိ blogပေါ်မှာ ရေးဖြစ်ခဲ့တဲ့ စာတိုပေစ ပါဠိအပိုင်းအစတွေနဲ့ ကြုံသလို ရိုက်ကူးဖြစ်ခဲ့တဲ့ မှတ်တမ်းမှတ်ရာ ဓာတ်ပုံအပိုင်းအစတွေကို ရောသမမွှေပြီး ၂၀၁၁က စလို့ နှစ်စဉ် ပုံမှန် Ebookအနေနဲ့ စုစည်းဖန်တီးဖြစ်ခဲ့တာ ၂၀၂၀မှာ နတ္ထိ Ebook Series ၁၀အုပ်မြောက်ခဲ့ပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
နတ္ထိ (၂၀၂၀ ဧပြီ)
အဟောင်းအမြင်းများ
2 Comments
Pandora
Happy birthday Ko Nat!
နတ္ထိ
Thanks so much 🙂 Pando