မင်းကိုနိုင်-မျက်ရည်စိုဝတ်စုံ (ပါဠိ)
မျက်ရည်များနဲ့ ခံစားဖြစ်တယ်။ သီချင်းတစ်ပုဒ်ကိုပါ။ သူ့အချိန်နဲ့သူ အဓိပ္ပါယ်ရှိနေမယ့် ဝေါဟာရတွေကို သူ့အချိန်နဲ့သူ ခံစားမိပါတယ်။ ဒီရက်ပိုင်းမှာ သတိတရ ခံစားမိတာကာ ရွှေဝါရောင်ယဉ်ကျေးမှုဟာ လိုအပ်တဲ့အခါ သွေးနီရောင် သမ်းလာတတ်တဲ့ ပေါက်ကွဲမှုကိုပါ။ မှတ်မှတ်ရရ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်ပါတယ်။ မင်းကိုနိုင် ရေးစပ်ပြီး ခင်မောင်တိုး သီဆိုထားတဲ့ “မျက်ရည်စိုဝတ်စုံ”ပါ (https://www.facebook.com/watch/?v=745569992963366&extid=2hVN0b2AVq8fUu44)
ဧကော ဧကာယ အညမညံ ပမောဒတ္ထာယ
ယံ ဝါ တံ ဝါ ကတ္တုကာမာ
တွမဟံ စိန္တိတကာလေ
ဧကေကာ ဇာနိတကာလေ
အဘိလာသရေဏဟတမှိ ဩလောကနကာလေ
အဟော… ကာဠမေဃ၀ုဋ္ဌိ
.
အဿုတိန္တ၀တ္ထာနိ ဧကေကာ
ဧကတော ပရိဒဟိတွာ အပက္ကမော
ကာလော ဥပဂတော
အနုဿရဏေန ဣတရေတရံ ပရိ၀တ္တိတုံ
ပီဠာယော၀ သန္တိ၊ ယဒိ အာဒါတုံ ဒါတုံ သက္ကောတိ
.
သုခုမမာယာင်္ဂုလိနစ္စမှိ
အဘိရမန္တော သမေက္ခန္တော
သတ္ထကော ဝိယ ကောသတော နိက္ခန္တော
စဏ္ဍကမ္မာနံ ယုဒ္ဓါကာရာ
ပဂ္ဃရိတလောဟိတာ ဧကေကာ ဟိံသိတော
သဝိမှယော
မျက်ရည်စိုဝတ်စုံ
ဆို- ခင်မောင်တိုး။ ရေး- မင်းကိုနိုင်
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စိတ်ချမ်းမြေ့ရန်
ရှာကြံလုပ်ပေးတော့မယ်လို့
မင်းနဲ့ကိုယ် စိတ်ကူးတတ်ချိန်
ကိုယ်စီအသိနဲ့ နားလည်ချိန်
လွမ်းငွေ့တို့ မှုံရာ မော်ကြည့်တဲ့အခါ
သြော်… မိုးတွေ ညိုလို့
.
မျက်ရည်စိုစို ဝတ်စုံတွေ ကိုယ်စီ
အတူ ဆင်မြန်းပြီး ခွဲရမယ့်
အချိန်အခါကို ရောက်ပြီ
အမှတ်တရ အပြန်အလှန် လဲလှယ်ရန်
နာကျင်မှုများပဲရှိတယ် ယူရဲပေးရဲရင်
.
နူးညံ့တဲ့မာယာ လက်ချောင်းအကမှာ သာယာငေးမောနေတုန်း
ဓားတစ်စင်းလို ဓါးအိမ်က ထွက်လာ…..
ကံကြမ္မာရိုင်းရဲ့ သိုင်းကွက်များ
သွေးစက်စက်ဒဏ်ရာ ကိုယ်စီ ထိခိုက်နာ အံ့အားသင့်နေတုန်း