Music,  Myanmar Song,  Photo,  Translation

ကျော်ဟိန်း-နတ္ထိအခန်း (ပါဠိ)

မင်းသားတွေ အဆိုတော်လုပ်ရင် သိပ်နားမထောင်ချင်ဘူး။ အဆိုတော်တွေ သရုပ်ဆောင်လုပ်ရင်လည်း သိပ်မကြည့်ချင်ဘူး။ ဒါပေမယ့် ဒီလူ့ကိုတော့ ခွင့်လွှတ်မိတယ်။ ရုပ်ရှင်တွေဆို အရူးအမူး။ သီချင်းတွေကိုလည်း အစွဲအလန်း။ ကော်ပီတွေလည်း ကြိုက်မိတာပဲ။ မူရင်းသီချင်းတွေကိုလည်း ဆက်နားထောင်ဖြစ်တာပဲ။ ဘာကြိုက်တာလဲ မေးရင် အကုန် ကြိုက်တယ် ပြောရမှာပဲ။ ကူရှင်ကျောင်းထွက် (ယခု အထက ၄အလုံ)ချင်း တူတာလေးကိုလည်း ကြိုက်တာပါပဲ။ ဒီနေ့တော့ အမှတ်တရ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ ကော်ပီသီချင်းပါ။ (ကိုယ်တိုင်ရေးသီချင်းတွေကိုလည်း ကြုံရင် ဘာသာပြန်ပါဦးမယ်)။ မောင်သစ်မင်းရဲ့ စကားလုံးတွေနဲ့ ကိုကျော့်ရဲ့ နတ္ထိအခန်းပါ။

အတ္ထိတာ ဟိ ၀ယဂတာ

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ

သင်္ခါရဓမ္မောယေဝ

 

ကိဉ္စိ နတ္ထိ တသ္မိံ ခုဒ္ဒဂဗ္ဘေ

နတ္ထိယေဝ

ဩလောကေန္တော ဒိဋ္ဌံ ဒိဋ္ဌံ

နတ္ထိတာယ ပရိပုဏ္ဏံ

 

မယာ သမ္ပတ္တေ တသ္မိံ ဂဗ္ဘေ

သုညေဟိ အ၀ရုဒ္ဓသာသော

မနုဿလောကော ဟိ ဧကဂဗ္ဘော

ပဿ

 

ပဝိသိတွာ နိက္ခန္တာ

တသ္မိံ ဂဗ္ဘေ

ကေနစိပိ နိစ္စံ အလဒ္ဓံ

တသ္မိံ ဂဗ္ဘေ

 

အဂ္ဂိသိခါဟိ ဈာပိတေ

ခုဒ္ဒဂဗ္ဘေ

စုတာ ဘသ္မီဂတာ

ဘဝေါ နာမေ အဏ္ဍေ

သောကဂ္ဂိနာ ဈာပိတာ ဘသ္မီဂတာ

 

တမှာ ဌာနာ

သီဃံ နိဂ္ဂမံ ဝိ၀ရ

တဒဋ္ဌာနာ ဗဟိ နိဂ္ဂမဒွါရံ ဝိ၀ရ

 

အဝသိတုကာမော

တတ္ထ၊ ယတ္ထ သဗ္ဗေန သဗ္ဗံ နတ္ထိ

 

မယာ သမ္ပတ္တေ တသ္မိံ ဂဗ္ဘေ

သုညေဟိ အ၀ရုဒ္ဓသာသော

မနုဿလောကော ဟိ ဧကဂဗ္ဘော

ပဿ

 

ပဝိသိတွာ နိက္ခန္တာ

တသ္မိံ ဂဗ္ဘေ

ကေနစိပိ နိစ္စံ အလဒ္ဓံ

တသ္မိံ ဂဗ္ဘေ

 

အဝိဟရိတုကာမော

တတ္ထ၊ ယတ္ထ သဗ္ဗေန သဗ္ဗံ နတ္ထိ

တဒဋ္ဌာနာ ဝိမုတ္တောကာသံ

ဥပကရ

[youtube https://www.youtube.com/watch?v=WrPK2ajhxY0&w=560&h=315]

နတ္ထိအခန်း (ဆို – ကျော်ဟိန်း။ ရေး – မောင်သစ်မင်း)

ရှိနေခြင်းဟာ ပျက်နေဆဲ

ဖြစ်တည်ရင်း ကုန်ဆုံး

သင်္ခါရသဘောပဲကွယ်

 

ဘာမှ မရှိဘူး ဒီအခန်းငယ်ထဲ

နတ္ထိပဲ

ကြည့်လေတိုင်း တွေ့သမျှ

မရှိခြင်း ပြည့်နှက်နေ…

 

ငါရောက်ခဲ့ရာ ဒီအခန်းထဲ

သုညများနဲ့ မွန်းကျပ်နေပြီ

လူလောကဆိုတာ အခန်းတစ်ခန်းပဲ

ကြည့်စမ်း…

 

၀င်လာပြီး ပြန်ထွက်သွားခဲ့ကြ

ဒီအခန်းမှာ

ဘယ်အရာမှ ကြည်ရှည်မြဲခွင့်မရ

ဒီအခန်းမှာ..

 

မီးလျံများ လောင်ကျွမ်းနေသော

အခန်းငယ်ထဲ

ကွယ်လွန်သူတွေ ပြာကျသွားရသလို

ဘဝဆိုတဲ့ ဥခွံထဲ

သောကမီး လောင်ကာ ပြာမှုန်ဖြစ်သွား

 

ဒီနေရာက

မြန်မြန် ထွက်ပေါက်တစ်ခု ဖွင့်ပေးပါ..

ဒီနေရာက အပြင်ကို ထွက်တဲ့ တံခါး ဖွင့်ပေးပါ.

 

မနေချင်ဘူး

ဘာဆို ဘာမှ မရှိတဲ့ အခန်းမှာ

 

ငါရောက်ခဲ့ရာ ဒီအခန်းထဲ

သုညများနဲ့ မွန်းကျပ်နေပြီ

လူလောကဆိုတာ အခန်းတစ်ခန်းပဲ

ကြည့်စမ်း…

 

၀င်လာပြီး ပြန်ထွက်သွားခဲ့ကြ

ဒီအခန်းမှာ

ဘယ်အရာမှ ကြည်ရှည်မြဲခွင့်မရ

ဒီအခန်းမှာ..

 

မနေချင်ဘူး

ဘာဆိုဘာမှ မရှိတဲ့ အခန်းမှာ

ဒီနေရာက လွတ်မြောက်ခွင့်

ကျေးဇူးပြုစမ်းပါ…