Memo,  Music,  Myanmar Song,  Pāḷi,  Photo,  Translation

ထူးအိမ်သင်-မြို့ပြလရောင်တမ်းချင်း (ပါဠိ)

super bluemoon

တေးစာသားတွေကို လိုသလို အဓိပ္ပါယ်မျိုးစုံ နားလည်ခံစားလို့ရနိုင်အောင် နိမိတ်ပုံတွေနဲ့ ရေးထားရင် အလင်္ကာမြောက်ရုံသာမက ဂီတဝင်မြောက်တယ်လို့ ဆိုရမှာပဲ။ နားထောင်တယ် ထပ်နားထောင်တယ်။ ထပ်တလဲလဲ နားထောင်တယ်။ ကြားတယ်၊ ကြိုက်တယ်၊ ကြွေတယ်။

ကိုငှက်ရဲ့ သီချင်းတွေ ပါဠိဘာသာပြန်ခဲ့ဖူးတယ်။ လွမ်းတသသ August 14ရက်နေ့တွေမှာပါ။ ဒီတစ်ခါတော့ သူ့မွေးနေ့အမှတ်တရ July 1stမှာ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ “မြို့ပြလရောင်တမ်းချင်း”ပါ။

နဂရရတ္တိံ  ကဋုကံ သမတိက္ကမံ

အန္တောဟဒယေ

ဧကမာလာ ဂဠိတာ

မာကြုရီပဘာယော

နဂရနိမိတ္တာယော နူန

ကမ္ပိတဟဒယေန အဘိလသိတာ

သန္တိစန္ဒိကာ

အနိဂ္ဂမဒွါရံ

မဂ္ဂေသု ပဋိပန္နော

အန္တောဟဒယေ

ဘဝါဓိပ္ပါယော နဋ္ဌော

နိယတံ ဥယျုတ္တာ

ယန္တမယမနုဿာ

မယာ အတိစ္ဆိတာ

သန္တိစန္ဒိကာ

နဂရဿ ဖလိတဟဒယရတ္တိ

စန္ဒိကာ အဘိလသိတာ

နဂရဿ ဖလိတဟဒယရတ္တိ

စန္ဒိကာ အဘိလသိတာ

နဂရဿ ဖလိတဟဒယရတ္တိ

နီယွန်နာနာ၀ဏ္ဏပဘာဟိ

အာရကာ စန္ဒိမာ

နဂရရတ္တိံ 

ပိပါသာယ ဈာပေန္တော

အန္တောဟဒယေ

နိကုလာ၀ကသကုဏာ အာဟိဏ္ဍန္တာ

(ဧကမာလာ ဂဠိတာ)

သာ နု ကတ္ထ၊ အဟော… စန္ဒိကေ

ဣဓဘ၀ါယာသာနံ

အတိဒူရတော စန္ဒိကာ

စန္ဒိကေ

မြို့ပြလရောင်တမ်းချင်း (ရေး/ဆို – ထူးအိမ်သင်)

မြို့ပြညတွေ ခါးသီးစွာ ဖြတ်သန်းရင်း

နှလုံးသားထဲမှာ

ပန်းလေးတပွင့်ဟာ ကြွေလွင့်

မာကြူရီမီးတွေ

မြို့ပြနိမိတ်ပုံပေါ့လေ..

ရင်ခုန်စွာ တမ်းတ

ငြိမ်းချမ်းရေး လရောင်လေး..

ထွက်ပေါက်မဲ့စွာ

လမ်းများပေါ် ကျက်စားရင်း

နှလုံးသားထဲမှာ

ဘဝရဲ့အဓိပ္ပါယ် ပြယ်လွင့်

ပုံသေလှုပ်ရှားနေ

ယန္တရားစက်ရုပ်လူသားတွေ

ငါအလိုချင်ဆုံးက

ငြိမ်းချမ်းရေးလရောင်လေး

မြို့ပြရဲ့ အသည်းကွဲတဲ့ည..

လရောင်လေးကို လွမ်းတယ်..

မြို့ပြရဲ့  အသည်းကွဲတဲ့ည..

လရောင်လေးကို လွမ်းတယ်..

မြို့ပြရဲ့ အသည်းကွဲတဲ့ည..

နီယွန်ရောင်စုံမီးတွေ

ဝေးခဲ့တဲ့ လမင်းလေး

မြို့ပြညတွေ

မွတ်သိပ်စွာ လောင်ကျွမ်းရင်း

နှလုံးသားထဲမှာ

အသိုက်မဲ့ငှက်တွေ လေလွင့်

(ပန်းလေးတပွင့်ဟာ ကြွေလွင့်)

သူ ဘယ်မှာများလဲ…ဟူး…လရောင်လေးရေ

ဒီဘဝအမောများရဲ့

ဟိုးအဝေးက လရောင်လေး..

လရောင်လေးရေ

(၁) ငါတရားစီရင်တော်မူခန်း ပါဠိversion

(၂) မြို့ပြညများ ပါဠိversion

Leave a Reply

Your email address will not be published. Required fields are marked *