Gāthā
-
ဘဝ, ဓမ်မနဲ့ Transformer
Chandigarhက မြို့သစ်။ ရာစုနှစ်နဲ့ ချီနေတဲ့ ရှေးဟောင်းပစ္စည်းတွေ ကြည့်ချင်ရင် Government Museum and Arts Galleryကို သွားရတယ်။ ပြတိုက်ထဲမှာ အကြိုက်နှစ်သက်ဆုံး ပြခန်းက Gandāra Sculptureပြခန်းပါ။ Punjabပြည်နယ်ရဲ့ မြို့တော် Lahoreက Pakistanထဲ ပါသွားတော့ Lahoreပြတိုက်ထဲက Gandāra Artတွေကို Chandigarပြတိုက်အတွက် တစ်ဝက်ခွဲပြီး ယူထားတယ်လို့ ပြောတယ်။ ကံကောင်းတာပါပဲ။ Chandigarhမှာ နေရင်းနဲ့ ဗုဒ္ဓဝင်ဆိုင်ရာ Gandāra Sculptureတွေကို လေ့လာဖူးမျှော်ခွင့်ရတာ။ ရှေးဟောင်းသုတေသနဆိုင်ရာ ကျွမ်းကျင်သူတွေအတွက်ရော ဗုဒ္ဓဝင်ဆိုင်ရာလက်မှုအနုပညာကို တန်ဖိုးထားသူတွေ အတွက်ရော Gandāra Sculptureတွေဟာ အလွန် အရေးပါတယ်လို့ ဆိုကြတယ်။ ကိုယ့်အတွက်တော့ ပြခန်းထဲမှာ ငြိမ်းအေးစွာ စံပါယ်နေကြတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖူးမြင်ရတာ “ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ”ဆိုတဲ့ ဒေသနာကို ဒိဋ္ဌဓမ္မကြုံတွေ့နားလည်မိသလိုလို ခံစားမိတယ်။ ဒီနေ့ ပြတိုက်ထဲမှာ ရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်ရင်း ဝါဆိုလပြည့်နေ့အတွက် အမှတ်တယဖြစ်စရာတွေ ပြန်တွေ့တယ်။ Gandāraလက်ရာ တရားဦးဓမ္မစက် ဟောမြွက်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်ပုံတွေပါ။ A.D. ၂ရာစုနဲ့ ၃ရာစုက Gandāraဒေသမှာ ဓမ္မစက်တွေ လည်နေခဲ့တယ်ဆိုတာကို မှတ်တမ်းမှတ်ရာအနေနဲ့ ဓမ္မစက္ကမုဒြာ ဗုဒ္ဓဆင်းတုတော်တွေက အခိုင်အမာ သက်သေပြနေကြတယ်။ ဝဓာယ ဘဝစက္ကဿ၊ ဝဋ္ဋဒုက္ခာဝစာရိနော။ ဝတ္တေသိ ပဝရံ စက္ကံ၊ ဝရညူ ဘဝပါရဂူ။ ၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက် သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ ဘ၀ပါရဂူဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။ ဘဝနဲ့ စက်။ ဓမ္မနဲ့ စက်။ အလင်္ကာမြောက်တဲ့ အသုံးအနှုံးတွေ။ ဒုက္ခ + ဒုက္ခသမုဒယခရီးစဉ်လား။ ဒုက္ခနိရောဓ +…
-
လောကီသား (recap)
၁၆နှစ် ရှိခဲ့ပြီ။ ဒီဂါထာအပိုင်းအစလေး ရေးခဲ့တာ ၁၆နှစ်ရှိခဲ့ပြီ။ ၁၉၉၈ခုနှစ်World Cupရယ် Father’s Dayရယ် ၂ခုပေါင်းဆုံတဲ့အခိုက် ရေးဖြစ်ခဲ့တာ။ ပါဠိစာပေမှာ ဣန္ဒဝဇီရဂါထာမျိုးက တစ်ပါဒမှာ အက္ခရာ၁၁လုံးစီ ပါတယ်။ ဒါကို ဘောလုံး၂သင်း အနေအထားရအောင် ၂ပါဒပဲ ရေးဖြစ်တယ်။ အနီအသင်းနဲ့ အနက်အသင်း ၂သင်း။ ပုံထဲမှာ အနက်အသင်းက အနီအသင်းဘက်မှာ Free Kickကန်နေတဲ့ ပုံစံလေး ဖော်ထားတယ်။ လွန်ခဲ့တဲ့ ၁၆နှစ်တုန်းကတော့ လက်နဲ့ ပုံစံဆွဲတာ။ ခုတော့ ဘောလုံးကွင်းlayoutကို onlineပေါ်က ရှာယူပြီးတော့ စာလုံးလေးတွေ နေရာချထားလိုက်တာပဲ။ ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော၊ ပုတ္တော နု တာဒိဿ ဝဓတ္ထိကော သော။ . ဗိမ္ဗိသာရသည် အဇာတသတ်အတွက် အသက်စွန့်ခဲ့ပြီးသားပါ။ ဒီသားက ဒီအဖေ့ကိုမှ အသေသတ်ချင်သတဲ့။ . အခု ၂၀၁၄ World Cupနဲ့ Father’s Dayကြုံလာပြန်တော့မှ ဒီဂါထာလေးကို သတိရမိတယ်။ ၁၉၉၈မှာ ဒီဂါထာလေးကို ရေးခဲ့စဉ် ဖခင်တစ်ယောက်အပေါ် ထားခဲ့တဲ့ သဘောထားက အခု ၂၀၁၄ရောက်တော့ အပြောင်းအလဲ ဖြစ်မသွားပါဘူး။ တစ်ခုပဲ ထူးခြားတယ်။ ရေမြေခြားနေတဲ့ ဖခင်နဲ့ ဘဝခြားသွားတာပါပဲ။ ဒါကို သိလိုက်ရတဲ့ အချိန်မှာလဲ ထိထိခိုက်ခိုက် မခံစားဖြစ်ခဲ့ဘူး။ ဝေးကွာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီမို့ ဝေးသထက်ပိုဝေးသွားတာလို့ပဲ မြင်မိတယ်။ သိတတ်တဲ့ အရွယ်ရောက်ကထဲက နီးဖို့အကြောင်း မမြင်ခဲ့လို့ ဝေးဝေးကနေလဲ မလွမ်းဖြစ်ခဲ့ဘူး။ ဘာကြောင့် ဝေးခဲ့ရ ဘယ်လို ဝေးခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဖခင်အပေါ် စွဲစွဲနစ်နစ် အတွေးအမြင်တွေ မထားခဲ့ဘူး။ ကိုယ့်ကိုကိုယ်လဲ စူးစူးနစ်နစ် အငိုအကြွေးတွေ မရှိခဲ့ဘူး။…
-
နတ္ထိနေ့
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရေးခဲ့တဲ့ ကဗျာ ၂ပုဒ်။ တစ်ပုဒ်က “န” နောက်တစ်ပုဒ်က “အတ္ထိ” န+အတ္ထိ = နတ္ထိ . ၁။ “န” မာတာ ဟိ ပုတ္တဿ ဗဟူပကာရာ၊ တသ္မာ ဂဝေသိံ ဣဓ ဧ၀ရူပံ။ တဿာယ ဆာယာပိ မယာ န ဒိဋ္ဌာ။ သာ ဂစ္ဆိ မေ စက္ခုပထံ ဇဟိတွာ။ . ၂။ “အတ္ထိ” ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊ သြက္ကန္တနိဒ္ဒေါ.မှိ တမေ၀ သုတွာ။ မာတာ ပ၀တ္တေသိ သုဂီတသဒ္ဒံ၊ ပုတ္တဿ အန္တောဟဒယေ ၀သိတွာ။ ပြာသိုလပြည့်နေ့မှာ Pamphletလေး ရိုက်ပြီး အမှတ်တရ ဝေဖြစ်ခဲ့တာ။ တချို့သောသူတွေအတွက် ပါဠိ၊ တချို့အတွက် မြန်မာ တချို့အတွက် English ခု ပြန်ဖတ်ကြည့်တော့ ကဗျာဆန်နေတုန်းပဲ။ ကိုယ်ပိုင်ခံစားချက်တွေကတော့ ကဗျာမဆန်ခဲ့ဘူး။ မရှိတော့တာကိုမှ တမ်းတတတ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ ဘဝဟာ နတ္ထိပါပဲ။ ကဗျာဆန်တဲ့ ကဗျာ၂ပုဒ်ကနေ မွေးလာတာ ကဗျာမဆန်တဲ့ နတ္ထိပါ…။ …. သားကျောင်းနေတဲ့ ကိုမင်းထက်ရဲ့ “န+အတ္ထိ” interpretationပါ။ သူ့blogကနေ ကူးလာတာ…။ မရှိတော့တဲ့အမေ …………………….. ငယ်စဉ်တောင်ကျေး ကလေးဘ၀မှာ အမေ့မျက်နှာ ငေးကာမော်ကြည့် ငါပျော်မိခဲ့။ ဒုက္ခဟူသမျှ အမေကသာ ရှေ့မှာရပ်တည့် ငါမသိအောင် ဖုန်းဖိကွယ်ကာ နေပေးရှာခဲ့။ သူ့သားသမီး ခရီးရှေ့ရေး အစဉ်တွေးကာ မဆွေးသောချစ် မအေးသောရင် စဉ်ပူပင်လျှက် နေ့စဉ်လုပ်ငန်း သူမပန်းခဲ့။ အော်…အခုတော့ ဒီမြေမှာ ဒီမေမနေတော့ပြီ ဒီရေကို…
-
အစိမ်းလမ်း (၇)
ဝေရာ ဧေကာဝ သိဒၶေတၳာ။ ဝသလံ ဒေဝ၀ါဟိနိံ။ ဝယဓမ္မံ ဝဇာပေသိ၊ ဝရသက္ခီ ဝသုန္ဓရီ။ ဘုရားလောင်း သိဒ္ဓတ္ထသည် အကူအညီမပါ တစ်ကိုယ်ထဲသာလျှင် မာရ်စစ်သည် အပေါင်းကို အောင်နိုင်တော်မူခဲ့လေပြီ။ ပထ၀ီမြေအထုက သက်သေပြုခဲ့သည် မဟုတ်ပါလား။ ပါဠိစာပေရဲ့ အလင်္ကာအလှ တစ်ခုဖြစ်တဲ့ စင်္ကြာဂါထာကို အရမ်း နှစ်သက်တယ်။ ဒီဂါထာနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတယ်။ ‘ဝ’အက္ခရာကို အလည်မှာ တည်ထားလို့ ဝစင်္ကြာဂါထာလို့ ခေါ်နိုင်မယ်။ စက်ဝိုင်းတွေနဲ့ ပုံဖော်လေ့ရှိတယ်။ ကိုယ်ပိုင်ဟန်အနေနဲ့ ဗောဓိညောင်ရွက်တွေနဲ့ ဖန်တီးထားလို့ ဗောဓိစင်္ကြာဂါထာလို့ ခေါ်ချင်တယ်။ ဒီဂါထာမျိုးတွေ မရေးဖြစ်တော့တာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိနေပြီ။ ဘဝဟာ ဒီလိုပါပဲ။ ဝလုံးကလေးကိုမှ ဝိုင်းအောင် မရေးနိုင်ဘူး။ အမြဲတမ်းလဲ မဝနိုင်ဘူး။ မဝတဝဖြစ်နေတာ များတယ်။ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲ။ ကိုယ့်လမ်းကိုယ်လျှောက်တာပါပဲ။ လမ်းဆုံးကို မရောက်ခင် လမ်းဆုံတွေ ကြုံရမှာပါ။ လမ်းမှန်ပေါ် မရောက်ခင် လမ်းမှားတွေ ကြုံရမှာပါ။ လမ်းကောင်းပေါ် မရောက်ခင် လမ်းဟောင်းတွေ ကြုံရမှာပါ။ လမ်းပေါ် မရောက်ခင် လမ်းပျောက်တွေ ကြုံရမှာပါ။ လက်ရှိအခြေအနေမှာတော့ “ဆူးခင်းလမ်း မာခေါင်ခေါင်မှာ ဖိနပ်မပါတဲ့ ငါ GPSရှာမရသကဲ့သို့” ဖြစ်နေတာ အမှန်ပါပဲ။
-
အမိ…ရေ
စိရံ ဇီဝတု ယမုနာ၊ မဟာမာတာ အနာဝိလာ ။ နမော တေ ဇီဝါပါဒက၊ နမော တေ သီတလံ ဒဒ။ အမိ ယမုနာ အသက်ရှည်ကြာ စင်ကြယ်ပါစေ ။ အသက်မွေးတတ်သူ အအေးပေးတတ်သူ သင့်အား ဦးညွှတ်ပါ၏ ။ . ယမုနာကယ်ဆယ်ရေး
-
အသကျနဲ့ ထုပျထားတဲ့ ဖကျ
စိရံ တိဋ္ဌတု ကာရုညံ၊ ဗလက္ကာရော ဝိနဿတု။ အကြင်နာ..။ အကြမ်းဖက်…။
-
Neoနမက်ကာရ−၂
“နမော တဿ” ဘုရားရှိခိုးကို တစ်ထောင်ပြည့်အောင် အနက်ပေး ဘာသာပြန်ထားတဲ့ စာအုပ်လေးကို သတိရမိတယ်။ စာအုပ်နာမည်တော့ အတိအကျ မမှတ်မိတော့ဘူး။ “နမော တဿ အနက်တစ်ထောင်”လို့ ထင်တာပဲ။ အံ့သြဖွယ်ရာပါပဲ။ ပါဌ်တစ်ချက် အနက်ဆယ်ထွေဆိုတဲ့ စကားလဲ ရှိနေတာတော့ ဟုတ်ပါတယ်။ ကိုယ့်အနေအထားနဲ့ တွေးကြည့်တော့ အတော့်ကို ခက်ခဲနေတာကို တွေ့ရတယ်။ ပါဠိဝေါဟာရတစ်ခုကို မြင်တဲ့အခါ အနက်ကို အခြေခံအားဖြင့် နားလည်မိပေမယ့် ဘာသာပြန်ဖို့ကို အတော်လေး လက်တွန့်နေမိတယ်။ ဘာသာပြန်လိုက်တိုင်း မူရင်းပါဠိရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရကို လျော့ချလိုက်သလို ဖြစ်ဖြစ်သွားတတ်တယ်။ ကိုယ့်ရဲ့ အားနည်းချက်လို့ပဲ ဆိုရမှာပါ။ မြန်မာဝေါဟာရပိုင်းမှာ ဆိုးဆိုးရွားရွား ညံ့ဖျင်းနေတဲ့ အနေအထားပါပဲ။ အခုလည်း ကိုယ်တိုင်ရေးထားတဲ့ ဂါထာတစ်ပုဒ်ကို ဘာသာပြန်ဖို့ မဝံ့မရဲဖြစ်နေတယ်။ ဂါထာက ဒီလိုပါ… ဝန္ဒေ ဝိဘဇ္ဇဝါဒိံ၊ သမန္တပဋ္ဌာနဒေသကံ ဗုဒ္ဓံ။ သုဝိစိတ္တပစ္စယနယာ၊ စတုဝီသတိ အစ္ဆရိယဓမ္မာ။
-
အလင်း အမှောင်နှင့် သူ
ဒိဝါ တပတိ သင်္ကပ္ပေါ၊ ရတ္တိမာဘာတိ သုပိနော။ မဓုရော ဝေါဟာရော တပတိ၊ သူရော တပတိ ဟဒယော။ အတွေး နေ့ခင်း အိပ်မက် ညခင်း စကား ချိုချို နှလုံး ရဲရဲ *** ဇာတ်ဆရာအတွက် မွေးနေ့လက်ဆောင်
-
ဒဿနကို ထရံပေါက်မှ ချောင်းကြည့်ခြင်း
ပႆတိ ပေသာ ပႆႏၱံ၊ အပႆႏၱဥၥ ပႆတိ။ အပၸႆေႏၱာ အပၸႆႏၱံ၊ ပႆႏၱဥၥ နပႆတိ။ ” မြင်တဲ့သူဟာ မြင်တဲ့လူကိုရော၊ မမြင်တဲ့လူကိုရော မြင်တယ်။ မမြင်တဲ့လူဟာ မမြင်တဲ့လူကိုရော မြင်တဲ့လူ ကိုပါ မမြင်ဘူး “ သိမှ သိ/မသိ ကို သိသည်၊ မသိက သိ/မသိ ကို မသိ။ မသိလျှင်တွယ်၊ သိလျှင်ပြယ်သည် တွယ်လျှင်ဘေး၊ ပြယ်လျှင်အေးသည်။ မသိက တစ်ပတ်ပတ်၊ သိ မှ အပြီးသတ်သည်။ မသိအစ သိကအဆုံး၊ ကိစ္စတုံးသည်။ ဒီပဲယင်းဆရာတော် “The End of the Long Peregrination.” He who knows not, that he knows not and knows; He who knows not, knows not that he knows not and knows; He who knows not, is attached and who knows, is detached; He who is attached, runs the risk of danger; He who knows detached, enjoys the bliss of peace; He who knows not turns around a round; He who knows, turns…
-
အတ္ထိ (သို့) ရာစုသစ်reunion
ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊ သြက္ကန္တနိဒ္ဒေါ.မှိ တမေ၀ သုတွာ။ မာတာ ပ၀တ္တေသိ သုဂီတသဒ္ဒံ၊ ပုတ္တဿ အန္တောဟဒယေ ၀သိတွာ၊ သွေးစက်လေးတွေ တေးသီဆိုသံကို နာခံရပါမှ အိပ်မက်လှလှ မက်နိုင်တဲ့ ငါ့ရဲ့ နှလုံးသားထဲမှာ ခိုနားရင်း သားချော့တေးကဗျာ ဖွဲ့နေတဲ့ အမေ…။ image: “Mother and Child” Kushana, 2nd century A.D. Mathura, Uttar Pradesh (National Museum, New Delhi, India)