Myanmar Poem
-
နိုင်ဇော်-မီးလျှံ (ပါဠိ)
ကဗျာမှာလည်း အရောင်နဲ့ အဆင်းနဲ့။ ပန်းချီမှာလည်း စာနဲ့ ပေနဲ့။ အစပ်အဟပ်တည့်ချင်ရင်လည်း တည့်မယ်။ တည့်ချင်မှလည်း တည့်မယ်။ အလှသစ်ပန်းချီပြခန်းမှာ ခင်းကျင်းတဲ့ နိုင်ဇော်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲမှာ (The Valour of the nature By Artist Khin Zaw/Naing Zaw) The Other Sideပန်းချီကားလေးကို ခံစားမိရင်း သူ့ကဗျာစာအုပ်လေးလည်း လက်ဆောင်ရခဲ့လို့ အရောင်ထွက်တဲ့ ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ကြည့်မိတယ်။ နိုင်ဇော်ရဲ့ “မီးလျှံ”ပါ။ မနုဿုပတ္တိတိယာ အဇ္ဈတ္တဂ္ဂိယာ ဇီဝိတမတ္တမ္ပိ အပ္ပဟောနကံ သူရိယရံသီ အဗန္ဓနဉ္စ ဧကစ္စာနိ ပုပ္ဖာနိပိ အာကင်္ခါနိ ပုပ္ဖါနိ ဝိယ အာလောကေနေဝ ဝိကသိတာနိ အန္ဓကာရေန ဩနဒ္ဓကာလေ မနုဿတ္တသောဘာ အပရိပုဏ္ဏာ ယတ္ထ ကတ္ထထစိ ဂတော ယော ကောစိ သမယော ယေန ကေနစိ ပရိက္ခေပေါ သူရိယရံသိသဒိသာ အန္တောဟဒယေ မေတ္တကရုဏာယော အာဟရ သူရိယရံသိပက္ခံ သဒါ အဘိမုခံ ကရ တထေဝ အန္ဓကာရဆာယာယော သကပိဋ္ဌိပဿေ ဘဝေယျာထ။ မီးလျှံ – နိုင်ဇော် လူတစ်ယောက် ဖြစ်တည်မှု ရဲ့ အတွင်း မီးဓာတ် အတွက် အသက် ရှင်သန်ရရုံကဖြင့် မလုံလောက်ပါ နေရောင်ခြည် ၊ နှောင်ကြိုးမဲ့ခြင်း နဲ့ ပန်းကလေး တစ်ချို့လည်း လိုသေးတာပါ ပန်းကလေးတွေက အလင်း ရောင်ခြည် ရှိမှသာ ပွင့်နိုင်သလို အမှောင်နဲ့ ထုံးဖွဲ့ နှောင်ထားတဲ့ အခါ လူ့ဘ၀ အလှ မပြည့်စုံနိုင်ပါ။ ဘယ်နေရာကို သွားသွား ၊ ရာသီက ဘယ်သို့ ရှိရှိ၊…
-
ပန်ဒိုရာ-သုံးဆယ့်တစ် (ပါဠိ)
ဇီဝနဲ့ Sapiensကို ဆက်စပ်တွေးမိတဲ့အခါ “ပါဏောတိ စေတ္ထ ဝေါဟာရတော သတ္တော, ပရမတ္ထတော ဇီဝိတိန္ဒြိယံ”လို့ ပိဋကတ်မှာ ဆိုထားတာကို သတိရတယ်။ ဇီဝိတိန္ဒြေကို ကဗျာဆန်ဆန် အသက်သွင်းနိုင်ဖို့ ခေတ်သစ်ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ဖြစ်တယ်။ ပန်ဒိုရာရဲ့ သုံးဆယ့်တစ်ပုံအစုအဝေး ကဗျာတွေထဲက နောက်ဆုံးတစ်ပုဒ်ပါ။ သီတလခုဒ္ဒဇာလာစလမာနာ သမ္ပဇ္ဇလိတာခုဒ္ဒပါဒတလံ ခုဒ္ဒဟတ္ထတလံကမ္မပစ္စယေန ဒုလ္လဘံဂဗ္ဘာသယေ ပဝါဟိတေ ပ္လဝနတောဧကမုခေန ရောဒနံ ဟသနံ ဘုဉ္ဇနံ ပိဝနံ ပန်ဒိုရာ၊ (၂၀၁၉)၊ သုံးဆယ့်တစ်ပုံအစုအဝေးနှင့် ဘလက်ကော်ဖီ၊ ရန်ကုန်၊ စိတ်ကူးချိုချို၊ နှာ ၄၁။ အေးမြမီးတောက်ငယ်လှုပ်လှုပ်ရွရွ တောက်လောင်နေခြေဖဝါးပေါက်စ လက်ဖဝါးပေါက်စကံကောင်းလို့ အကြောင်းတိုက်ဆိုင်သွားတဲ့ ဒုလ္လဘဝမ်းအိမ်ငယ်ရေပေါလော မျောထွက်လာမှပါးစပ်တစ်လုံးနဲ့ ငိုရရယ်ရ စားသောက်ရ။
-
ဇော်ဂျီ-ရှိန်းဆာယာ (ပါဠိ)
မန်းရွှေပြည်ရဲ့ သင်္ကြန်အခါဟာ မင်္ဂလာရှိစွာနဲ့ ကဗျာဆန်နေပါတယ်။ မန်းတောင်ရိပ်ခိုရင်း ဒီသင်္ကြန်တွင်းမှာ သတိတရ ကဗျာတစ်စုံကို ခံစားမိနေတာ။ အလွတ်ရတဲ့ ကဗျာတွေထဲမှာ ဒီကဗျာ တစ်စုံလည်း ပါတယ်။ ဒီကဗျာကို ပါဠိဘာသာပြန်ဖို့ စိတ်ကူးနေတာလည်း နှစ်အတော် ကြာခဲ့ပြီ။ ခုမှပဲ အကြောင်းညီညွတ်တော့တယ်။ ဧပြီလမှ မွေးဖွားခဲ့သူ ဆရာကြီးဇော်ဂျီ အမှတ်တရပါ။ ဒီကဗျာ ပါဠိဘာသာပြန်အတွက် လိုအပ်တဲ့ ဓာတ်ပုံမှာတော့ မန်းရွှေမြို့တော်ရဲ့ ကျုံးနံဘေး ၂၀၁၉ လမ်းလျှောက်သင်္ကြန်မှာ အလှဆင်ထားတဲ့ ရုပ်သေးရုပ်တွေထဲက ဇော်ဂျီပျံလေးကို သင်္ကြန်အကျ နေအတက်မှာ ရိုက်ထားတာပါ။ မန်းရွှေပြည်ရဲ့ သင်္ကြန်အခါဟာ မင်္ဂလာရှိစွာနဲ့ ကဗျာဆန်နေပါတယ်။ ပဉ္စလိကာနစ္စကလာယံ ဇောဂီ စ ယဋ္ဌိ လင်္ဃဟနံ ပက္ခန္ဒနံ တဿ ပကာရံ သောဟံ ပဿံ ကိလမိတော ၀တ သိဒ္ဓိဆာယာ မဟာနုဘာဝါ တိရောဘာဝူပဂမနိဒ္ဓိ သိဒ္ဓိဆာယာယ သောဟံ ဘီတော စိတ္တ၀ိဂမော အဟော သိဒ္ဓိဆာယာ အတိမဟာ ယဒါ တိရောဘာဝူပဂမနံ စိတ္တ၀ိဂမော ဆာယိကော ဒုဗ္ဗစ္စော ပဂဗ္ဘော သဒါ လောဘမာနေဟိ ယုတ္တော ဟိံသကော နိစ္စံ အနိစ္စံ တံ သမ္ပဇာနံ သတိကောဋ္ဌကဿ ဒဠှီကရဏေန စိတ္တ၀ိဂမော ၀ိပဿိတွာ ဂဟိတော ဘဝေ ကလ္လံ နူန ၀ီမံသနံ။ ဇော်ဂျီနှင့် ရှိန်းဆာယာ +++ ရုပ်သေးစင်ပေါ် ဇော်ဂျီနှင့် တောင်ဝှေး အခုန်အပျံနှင့် သူ့ဟန်ကို သည်ဖေကြည့် မောမိသည်လေး ရှိန်းဆာယာ ပိုမောက် ကိုယ်ပျောက်သည့် တန်ခိုး ရှိန်းဆာယာ သည်ဖေကြောက် စိတ်ပျောက်မှာ စိုး စမ်းကြည့်ဖို့ပဲ +++ ရှိန်းဆာယာ ပိုမောက်…
-
မောင်အောင်ပွင့်-မြစ်ဆိပ် (ပါဠိ)
ကဗ်ာဆိုတာ ဘာလဲ။ ဘယ္သူ သိမလဲ။ အဖွဲ့အသီ အဆက်အစပ် အရေးအသား အသုံးအနှုံးတွေနဲ့ အပြုအမူ အလုံးအထည် အရောင်အဆင်း အရိပ်အငွေ့တွေကို ပေါ်လွင်စေဖို့ ဖန်တီးရတာမျိုးပါ။ ဒါတွေကို နားလည်ဖို့ထက် ဒါမျိုးတွေ ဖန်တီးနိုင်စွမ်းရည်ကို အလေးအမြတ် ခံစားနိုင်ဖို့ လိုမှာပါ။ ဒီနေ့တော့ အမှတ်တရ ကဗျာတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ် Onlineပေါ်မှာ ကဗျာက version ၂မျိုး ဖြစ်နေတာမို့ ၂မျိုးလုံး ဘာသာပြန်ကြည့်မိတယ်။ မောင်အောင်ပွင့်ရဲ့ “မြစ်ဆိပ်”ပါ။ ကဗျာဆရာတစ်ယောက် “ပါရင်္ဂတ” တဖက်ကမ်းကို အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးမိပါတယ်။ ဂေါဏာ ပန တဿ ဥပရိပဒံ အက္ကမန္တာ အဟံ ဂေါဏာနံ ဥပရိပါဒပဒါနိ အက္ကမန္တော ဂေါဏာပိ မေ ပဒံ ပုန အက္ကမန္တာ တဒဟုမဇ္ဈနှိကေ ရဇာကိဏ္ဏာ နဒီတီရံ ဩတရန္တာ မနုေဿာ နု ခေါ ပုဗ္ဗင်္ဂမော ဂေါဏာ နု ခေါ ပုဗ္ဗင်္ဂမာ… ပတောဒံ နိဿာယ ပဋိက္ကမန္တော ပစ္ဆတော ဥပရိတီရေ တဿ ပဋိရူပံ အဝိသဒံ ဟိတွာ ပဘာသယံ ဇိဏ္ဏဘာဝေါ သီဃတရော…။ တခင်္ဏေ သောပိ ဂေါဏာ ဝိယ ပါနိံ ပိဝတိယေဝ…။ ===+++=== နွား တွေက သူ့ ခြေရာပေါ် နင်း ငါက နွားခြေရာတွေပေါ် တက်နင်း နွားတွေက ငါ့ခြေရာကို ပြန်နင်းတက် အဲဒီ နေ့ခင်းက ဖုန်တထောင်းထောင်းထဲ မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ လူက ဦးဆောင်တာလား နွားတွေက ဦးဆောင်တာလား …။ နှင်တံကို ထောက်မှီလို့ နောက်ရို့ရပ်ကျန်ခဲ့တဲ့ ကမ်းပေါ်က သူ့ရုပ်ပုံ…
-
အမြီးအမောက် အလွဲ
၁၇/၀၇/၁၇နေ့မှာ ဖတ်မိတဲ့ ကဗျာတစ်ပုဒ်က ရိုးသလိုလိုနဲ့ ဆန်းနေတာ။ ဒါနဲ့ပဲ ပါဠိဘာသာပြန်ဖြစ်တယ်။ မင်းကိုနိုင်ရဲ့ ကဗျာပါ။ ခေါင်းစဉ်တော့ မတွေ့မိဘူး။ “အမြီးအမောက် အလွဲ”လို့ပဲ အမည်ပေးချင်မိတယ်။ တခါတလေတော့လဲ ကြောင်တတ်တာပါပဲ…။ ===+++=== နိလီနပရိယေသနကီဠာယံ နိစ္စမေဝ အာဝိဘူတော မုဒုဗိဠာရဿ ဝါလဓိ၊ ကသ္မာ တဿ မာတုယာ ဒိဋ္ဌောပိ အဒိဋ္ဌော ဝိယ၊ . ကီဠာသု ဟိ ယေန အတိဝိယ ဇိတံ၊ န စ သောပိ ပမုဒိတော။ ယော ပန တုဋ္ဌပမုဒိတော၊ သောဝ ဇိတဝါ။ ===+++=== တူပုန်းတိုင်း အမြီးအမြဲပေါ်နေတဲ့ ကြောင်ကလေး ဘာကြောင့် သူ့အမေက မမြင်ယောင်ဆောင်ပေး……။ . ကစားပွဲတွေမှာ “ အနိုင်ဆုံးသူက ပျော်တာမဟုတ်၊ အပျော်ဆုံးသူက နိုင်တာ…။” (မင်းကိုနိုင်)
-
Phoenixနှင်းဆီ
ပါဠိဂါထာတွေ မရေးဖြစ်တာ အတော် ကြာနေပြီ။ ဆယ်စုနှစ် တစ်ခုစာလောက်ကို ကြာနေပြီ။ အရင်ကတော့ ဂါထာတွေ ဖွဲ့သီရရင် ပျော်နေတာ။ ခုနောက်ပိုင်းတော့ ဘယ်လိုဖြစ်တယ်မသိ။ သူများတွေ ရေးထားတဲ့ ကဗျာတွေ ပါဠိဘာသာပြန်ရတာကို ပိုသဘောကျလာတယ်။ နှစ်သက်မိတဲ့ သီချင်းတွေ ကဗျာတွေ အကြောင်းသင့်ရင် ဘာသာပြန်ဖြစ်တယ်။ ပါဠိစာပေက အငြိမ်လိုင်းဆိုတော့ အရမ်းလှုပ်နေတဲ့ စာပေဂီတတွေနဲ့တော့ တသားထည်း ပုံစံချလို့ မရဘူး။ တစ်ချို့ ကဗျာဂီတတွေက တည်ငြိမ်တယ်။ ဒါဆို ပါဠိဘာသာပြန်ဖို့ အတော် အဆင်ပြေတာ။ အခုလည်း ကဗျာတစ်ပုဒ် ဘာသာပြန်မိတယ်။ အမိကို တမ်းတနေတတ်တဲ့ အမိမြေကို လွမ်းလျနေတတ်တဲ့ သူတစ်ယောက်အနေနဲ့ အမိကို ဖွင့်ဟတိုင်တည်ချင်တဲ့ စကားလုံးတွေ အများကြီးထဲက သိပ်သည်းကျစ်လစ် ထိရောက်စွဲနစ်ဖွယ် “မိခင်၏ နှောင်ကြိုးတို့ကို ဖြေပါအံ့” အစချီတဲ့ ကဗျာစာသားလေးတွေကို နှစ်သက်မိတာ အမှန်ပါ။ ဖတ်မိတာတော့ ကြာပါပြီ။ အခုမှပဲ ဘာသာပြန်ဖြစ်တယ်။ အမှတ်တယပါ။ အမိ ငြိမ်းအေးပါစေ… အမိမြေ ငြိမ်းအေးပါစေ… မာတုယာ ဗန္ဓနာနိ ဝိနိဗ္ဗေဌေဿာမိ၊ တိဗ္ဗဝေဒနံ တိကိစ္ဆာပေဿာမိ၊ ဓီတုယာ ထာမဝီရိယေန အာဗာဓာ ဝုဋ္ဌာပေဿာမိ။ . ပေါသကဿ ဥပကာရံ အဇာနန္တာနံ တေသံ ဇာနနတ္ထာယ အနုနယဗလံ ဓီတုယာ ဒေဟိ။ . အာဂတာဂတေ အန္တရာယေ ဓီတာ န ဘာယာမိ။ . ဧကဘဝေ ဧကမေဝ မရဏံ၊ ယေန ကေနစိ ကာရဏေန မရဏပ္ပတ္တိ၊ အနစ္ဆရိယာ ဧသာ ဓီတုယာ။ . ဓီတုယာ သင်္ကပ္ပါ ယဒါ ပရိပူရိတာ၊ တဒါ တုမှေပိ ပမောဒထ။…
-
သစ္စာရဲ့ အပွေ့အဖက်
သတ္တလောကေ မနုဿတ္တဘာဝေါ ဇရာဗျာဓိမရဏဓမ္မော အဟော.. သစ္စံ၊ တထာပိ တယိ ကာင်္လကတေ တဝ ဇာတိဘူမိ တုမှာကံ ဘူမိ ဝေပုလ္လပ္ပတ္တာ ပတိဋ္ဌိတဗ္ဗာ တဝ ကုလဝံသော ဘာသာ ဝိတ္ထာရိကပ္ပတ္တာ ပတိဋ္ဌိတဗ္ဗာ ယတ္ထ တေ အဉ္ဇလိကမ္မံ ပုညဘာဂေါ စေတိယံ သစ္စာလောကော ဉာဏဒီပေါ စ သြဘာသယံ ပဘာသယံ သံတိဋ္ဌတု . သင်သေသွားသော် ဇော်ဂျီ သြော် – လူ့ပြည်လောက၊ လူ့ဘဝကား အိုရ နာရ၊ သေရဦးမည် မှန်ပေသည်တည့်။ သို့တပြီးကား၊ သင် သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာ စကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။ သင် ဦးချ၍၊ အမျှဝေရာ စေတီသာနှင့်၊ သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
-
အပြာရောင်စိန်ခေါ်သံ
ဥဏှကာလေ ဟိမပါတသမယေ သန္တတ္တော အတိသီတော ခုဒ္ဒဂဗ္ဘေ အနာလောကော အဝါတော န သူရိယော န စန္ဒော န မနုေဿာ န ဇနော နိသိဒါမိ နိသိန္နော၊ အနိသိန္နော သြလောကေမိ နိပဇ္ဇာမိ နိပန္နော၊ အနိပန္နော စိန္တေမိ န ပဝတ္တိ န ဂီတံ န ပါဌော န ကာဗျံ န ဒေသနာ န သာကစ္ဆာ အဟောသိကမ္မံ သံသာရော မမ လောကော အတိခုဒ္ဒကော ခုဒ္ဒဂဗ္ဘေ စင်္ကမန္တော အယောဒွါရေ တိဋ္ဌန္တော တိဋ္ဌံ တိဋ္ဌံ ဒိဝသော ဝီတိနာမိတော ဟိယျော ဒိဝသော ဝီတိနာမိတော အဇ္ဇ ဒိဝသော ဝီတိနာမိတော သွေ ဒိဝသော ဝီတိနာမိတော ဝီတိနာမိတော ဝီတိနာမိတော ဝီတိနာမိတော ဝီတိနာမိတဗ္ဗံ ယံ သဗ္ဗံ ဧကဒိဝသော နု ဝီတိနာမိတဗ္ဗော၊ ဧကဇီဝံ နု ခေပိတံ ဧကမာသော နု ဝီတိနာမိတဗ္ဗော၊ ဧကဘဝေါ နု ခေပိတော ဧကသံဝစ္ဆရော နု ဝီတိနာမိတဗ္ဗော၊ ဧကကာလော နု ခေပိတော န ဒုဗ္ဗလော န မုဒု ယဒိ နိဃာဋိ၊ ပဟဋာ။ ယဒိ အယောကူဋာ၊ ပဟရဏံ သစ္စံ အမှာကံ ပက္ခံ ရဋ္ဌဇနော အမှာကံ ပက္ခော ကာလစက္ကံ အမှာကံ ပက္ခံ ဘဂဝါ အမှာကံ ပက္ခော ဇာနာထ နူန ပသုယျာနေ ဗျဂ္ဃေါ ဝိယ ပဉ္ဇရေ အာဝတ္တန္တော…
-
မုန်တိုင်းထဲမှ ပန်းနုရောင်အို
ပါဝုဿကမေဃော၊ ဥဋ္ဌိတစဏ္ဍဝါတော၊ ဝိဇ္ဇုပ္ပဘာ၊ အဘိဂဇ္ဇိတာ၊ နဒီပေါက္ခရဏီတီရေ၊ ဥဂ္ဂစ္ဆနဥဒကံ၊ ဝိဇ္ဇုကလာပါ၊ သမ္ဖုဋ္ဌဝလာဟကာ၊ ဘိန္နဘာဝပ္ပတ္တော၊ ဇိဏ္ဏရုက္ခောပိ၊ ယာဝ ပထဝိတလာ၊ သန္နမိတော၊ သဗ္ဗေန သဗ္ဗံ၊ ဝိနဋ္ဌံ၊ ဝိဝဏ္ဏံ၊ ဘိန္နဇိဏ္ဏံ၊ ခဏ္ဍာခဏ္ဍံ၊ ရတ္တိံ မဟာမေဃော၊ အဘိပ္ပဝုဋ္ဌော။ သဗ္ဗရတ္တိံ၊ ဝဇိရံဝ၊ ဧကတာရကမ္ပိ၊ အသောဘိတံ၊ အနောဘာသိတံ၊ အန္ဓကာရေ၊ တိဗ္ဗမေဃေ၊ စဏ္ဍာနာဒရပ္ပတ္တေ၊ အန္တရဓာယန္တေ၊ ဘိန္နဆိဒ္ဒါ၊ ဘူမိတလာ၊ သူရင်္ကုရော၊ အာရုဏုဂ္ဂမနေ၊ တနုကမကုဠော၊ နိက္ခန္တော၊ ပုန နဝံ၊ သမ္ဖုလ္လော။ . “မုန်တိုင်းထဲမှ ကဗျာ” (ဒဂုန်တာရာ) မိုးသက်ဆင်သည် လေပြင်းဖက်၍၊ ပြိုးပြက်လျှပ်စစ် တထစ်ထစ်တည့်၊ ချောင်းမြစ်အိုင်ကမ်း ဘောင်ဘင်ယမ်းသည်၊ လျှပ်ပန်းကောက်ကွေ့ တိမ်ကိုဝှေ့လျက်၊ အက်၍ကွဲသွင် အိုသစ်ပင်လည်း၊ မြေပြင်အောက်ထိ ကွေးညွှတ်အိ၍၊ ရှိရှိသမျှ ပျက်စီးကြသား၊ အလှကင်းမဲ့ ကျိုးပဲ့ယွင်းကာ၊ စိတ်စိတ်မွှာသည် ညခါ မုန်တိုင်း၊ တိုက်သတည်း။ . တညဥ့်ယံလုံး စိန်လျှံတင့်တင့်၊ ကြယ်တစ်ပွင့်မျှ ကြွားဝင့်အလျဉ်း၊ မလင်းမဲမဲ မှောင်မိုက်ထဲ၌၊ သဲသဲမုန်တိုင်း ရိုင်းစိုင်းစော်ကား၊ ရပ်စဲသွားသော် ပပ်ကြားအက်ကွဲ၊ မြေညွန့်ထဲမှ ရဲရင့်ကင်းငုံ၊ လင်းအရုဏ်ဝယ် မှုန်မှုန်ပုရစ်၊ ထွက်ပြူလှစ်သည် အသစ်ပြန်လည် ပွင့်သတည်း။ ။
-
ချူချာတဲ့ ကြောင်
ဒုက္ကရံ နူန။ သဉ္စာလိတာပိ သဒ္ဒနိမိတ္တံ ကာတုံ၊ နိဿဒ္ဒါ ဝတ ကိင်္ကိဏိကာ။ ဒုက္ကရံ နူန။ ဣဓ ပန ဝိဝရဏကာလော၊ လောဏိကနောနီတံ ခေဠာသကာနံ၊ ဘိတ္တိယော ဒန္တေဟိ ဃံသန္တာ၊ ဒိဋ္ဌေ ဒိဋ္ဌေ ဥလ္လောကေန္တာ၊ ဂါဓေ စိဋိစိဋာယန္တာ နိလီယန္တာ ကေစိ မန္တေန္တာ ဒုက္ခယန္တာ တေနေဝ ကာင်္လကတာ။ ဒုက္ကရံ နူန။ အဗဒ္ဓံ ဝိမုတ္တံ၊ အဓောမုခါ ခီရကုမ္ဘီ၊ ဝိကိဏ္ဏာ မူသိကလောမတစာ၊ လောဟိတပဂ္ဃရဏဉ္စ နခဝိလေခနဉ္စ၊ တထာပိ သုဝေ၊ ရောမန္ထယမာနော သာမိနော ပလ္လင်္ကေ သြက္ကန္တနိဒ္ဒေါ။ ဒုက္ကရံ နူန။ ဗိဠာလောတိ နိဋ္ဌံ ဂစ္ဆတိ။ ဗိဠာလောတိပိ သင်္ခံ န ဂစ္ဆတိ။ ပန်ဒိုရာရဲ့ ခြူ ကိုဘယ်သူ ကြောင် ဆွဲပေးမလဲ ကဗျာကို ဘာသာပြန်ထားတာပါ။