Myanmar Poem

  • Myanmar Poem,  Pāḷi,  Photo,  Poetry,  Translation

    ညိုမြ-အနိုင်မခံ (ပါဠိ)

    နွေဦးနှင့် အတူ လွင့်ပျံ့လာတဲ့ တော်လှန်ရေးဟာ ကဗျာမဆန်ပါဘူး။  ဒါပေမယ့် World Poetry Dayအမှတ်တရ ကဗျာတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ W.E. Henleyရဲ့ “Invictus”ကို ညိုမြ မြန်မာမှုပြုထားတဲ့ “အနိုင်မခံ”ပါ။ အမိမြေမှာ ရက်စက်ကြမ်းကြုတ်မှုကြောင့် ထိခိုက်နာကျင်ခံစားရသူတွေ အားလုံးအတွက်ပါ။ တတော ရတ္တိယာ၊ ယာ ဩနဒ္ဓတိ မံ အန္ဓကာ​ရော အာဝါဋော ဝိယ ဂမ္ဘီရော အဟံ အဘိတ္ထဝါမိ ယေ ဝါ တေ ဝါ ဒေဝေ မေ အဇေတဗ္ဗဇီဝတ္ထာယ . လောကဓမ္မာနံ ကက္ခဠမုဋ္ဌိယံ (ပတန္တော) နေဝါဟံ ကမ္ပိံ န ပရောဒိံ ကမ္မကတာနံ ဟေဋ္ဌတာဠကေဟိ မေ သီသံ လောဟိတမက္ခိတံ၊ တထာပိ အနမိတံ . ယတ္ထ ကောပေါ ပရိဒေဝါ၊ တတော ပရံ အာဝိဘူတံ ဒိဿတိ မရဏက္ခဏော အပိ စ ဘိံသနကကာလော ပဿတိ အထ ပဿိဿတိ မံ အဘီတံ . ကိဉ္စာပိ သုဂတိဒွါရံ သမ္ဗာဓံ ကိဉ္စာပိ ယမဿ လိပိပဏ္ဏေ ဒဏ္ဍေဟိ သဟ အာရောပိတော အဟံ ဣဿရော မေ နိယတိယာ အဟံ နာယကော မေ ဇီဝဿ ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ဤမှောင်မိုက်တွင်းမှ နေ၍အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ကိုဖန်ဆင်းပေးသည့် နတ်သိကြားတို့အားငါ ကျေးဇူးဆိုပါ၏။.လောကဓံ တရားတို့၏ရက်စက်ကြမ်းကြုတ်သောလက်ဆုပ်တွင်းသို့ ကျရောက်နေရသော်လည်းငါကား မတုန်လှုပ်၊ မငိုကြွေး။ကံတရား ၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ညွှတ်ကား မညွှတ်။.ဤ ဒေါသ လောဘတို့…

  • Myanmar Poem,  Pāḷi,  Poetry,  Translation

    ကေဇဝင်း-ငါတို့ ပြန်လာမယ် (ပါဠိ)

    ငါတို့ ပြန်လာမယ်ဆိုတဲ့ အသံပဲ ရင်ခုန်သံနဲ့အတူ ပဲ့တင်ထပ်နေတယ်။ နာကျင်တက်ကြွတွန်းလှန်မှုနဲ့ အတူ ကဗျာတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ ကေဇဝင်းရဲ့ “ငါတို့ ပြန်လာမယ်”ပါ။ အမှာကံ မာတာပိတုသန္တိကံ မယံ ပစ္စာဂမိဿာမ . အမှာကံ မိတ္တသဟကာရိသန္တိကံ မယံ ပစ္စာဂမိဿာမ . အမှာကံ ပိယကာယဗပ္ပသန္တိကံ မယံ ပစ္စာဂမိဿာမ . ရတ္တပိင်္ဂလဂိဉ္ဇကာဘိတ္တီဟိ ကိုလိုနီဗပ္ပမဏ္ဍလာနံ အက္ခယဿ ဥပ္ပီဠနယန္တဿ ပုရာဏပုဗ္ဗဏှာ စန္ဒိမာပိ အန္တရအယောဒ​ဏ္ဍာ ဩလောကိတာ၊ ရတ္တိယော အတိသူရစေတောပဏိဓိယာ မယံ အဘိဘုယျ မယံ ပစ္စာဂမိဿာမ . ဧကာဟသ္မိဉှိ အဓိဂတာ နိဿံသယာပိ စိရာယိတေ သစ္စိကဓမ္မိကေ မယံ ယုဇ္ဈိတွာ ဟရိတွာ အမှေ ပိယာယန္တိယာ အမှာကံ ပဇာယ သန္တိကံ အာဏာတိက္ကမေန ၀ရဓဇေန သဟ မယံ ပစ္စာဂမိဿာမ။ ငါတို့ ပြန်လာမယ် ကေဇဝင်း ငါတို့ အမိအဖတို့ထံငါတို့ ပြန်လာမယ်။ ငါတို့ မိတ်ဆွေရဲဘော်တို့ထံငါတို့ ပြန်လာမယ်။ ငါတို့ ချစ်သူ့ကိုယ်ငွေ့ထံငါတို့ ပြန်လာမယ်။ နီညိုရောင်အုတ်ရိုးမြင့်ကြီးနဲ့ကိုလိုနီအငွေ့အသက် မကုန်သေးတဲ့ဖိနှိပ်မှုယန္တရားရဲ့ မနက်ခင်းအဟောင်းတွေလမင်းကိုတောင်သံတိုင်ကြားက ချောင်းကြည့်ရ ညခင်းတွေအဝံ့စားဆုံး စိတ်ဓာတ်သားနဲ့ငါတို့ ဖြတ်ကျော်ခဲ့ကြပြီးငါတို့ ပြန်လာမယ်။ တနေ့မှာတော့ဆိုက်ရောက်လာမှာ သေချာပေမယ့်နောက်ကျတတ်တဲ့ အမှန်တရားနဲ့ တရားမျှတမှုကိုငါတို့ တိုက်ခိုက်ယူငင်ခဲ့ပြီးငါတို့ကို ချစ်တဲ့ ငါတို့ ပြည်သူတို့ထံတော်လှန်သော အလံတော်နဲ့ အတူငါတို့ ပြန်လာမယ်။ ။

  • Myanmar Poem,  Pāḷi,  Poetry,  Translation

    ကြည်အေး-တစ္ဆေ (ပါဠိ)

    “သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ” နဲ့ နှစ်ပါးသွားခဲ့တာ ကြာပေါ့။ဆောင်းညခါးခါးတွေနဲ့ ဝိုးတဝါး အိပ်မက်တွေဟာ နှစ်ပင်လိမ်နေတာလဲ ကြာပေါ့။နာနာဘာဝနဲ့ အတ္တဘာဝနဲ့ နှစ်ပိုင်းတပိုင်း ဖြစ်နေတာလဲ ကြာပေါ့။ဒီညတော့ ဝိနာဘာဝနဲ့ “တစ္ဆေ ငါကိုယ်တိုင်ပါပဲ”လို့ နှစ်ကိုယ်ကြား ပြောရမလိုပဲ….ကြည်အေးရဲ့ “တစ္ဆေ”ပါ။ (ပါဠိဘာသာပြန်ခဲ့တာ ၄နှစ် ရှိခဲ့ပြီ။ ခုမှ Blogပေါ် တင်ဖြစ်တယ်။) န သြက္ကန္တနိဒ္ဒါအဍ္ဎရတ္တေ ဝုဋ္ဌာယ နိသိန္နာသယနာနိပိ ဝလိဂ္ဂဟိတာနိအနတ္တမနာ မုဋ္ဌဿတီတာဏံ ပန အလဒ္ဓံ ဗာဟိရေပဏ္ဏေသု စတုပဉ္စတာရကာစံကားဇိဏ္ဏရုက္ခံ ပေါက္ခရဏီဇလေန ကိလိန္နံတတ္ထ စလနံ ဥက္ကုဋိကံ ဟတ္ထဂဟဏံဣတော စိတော စင်္ကမန္တီ တိဏဂုမ္ဗေသုအမနုဿာ အဟမေဝ မဉ္စမူလေဓာဝန္တီ သဏိကံ ဥဋ္ဌဟန္တီဂဗ္ဘမုခံ အာဂန္တွာ အာလိန္ဒေဧတ္ထ ဧကာ ပိသာစေန တဇ္ဇိတာဘီတာ သြလောကန္တီ ပဋိမုခံ ပရာမဋ္ဌံအဘိမုခံ ဒိဋ္ဌံ ရောဒိတုကာမာအနညာယေဝ တာယ အဟံ ဂမ္ဘီရနဒိယံနိမုဂ္ဂါ.ဟံ သီတပီဠိတာအန္တရကုက္ကိုသာခါယံ ဝိဿမန္တီဘဂဝတော ပမုခေ ဇာဏုနာ ပတိတာ ကိလမန္တီဧကာဟံ အနေကေဟိ အမှေဟိဥဋ္ဌဟန္တီ ပ္လဝန္တီ အယျသမီပံသလ္လပန္တီ ရောဒန္တီကိဉ္စိ အသုတွာဝ အယျသမီပေ“ဥဋ္ဌဟ ဂစ္ဆ ပိယံ သုပိနေ ပဿပဿသိ နနု သုပိန”န္တိ တဇ္ဇကာယ ဝဉ္စိတာမန္ဒမနသိ ဥပနိဇ္ဈာနံ တစ္ဆေ – ကြည်အေး အိပ်လို့မရညကြီးမင်းကြီး ထပြီးထိုင်နေမွေ့ရာတွေလည်း ကြေမွတွန့်လိပ်သိပ်စိတ်ညစ်တယ် သတိပြယ်လွင့်ခိုတွယ်စရာ အတည်မကျ။ အပြင်ဘက်မှာသစ်ရွက်တွေကြား ကြယ်လေးငါးပွင့်စံကားပင်အို ကန်ရေစိုစွတ်ဟိုမှာလှုပ်လှုပ် ငုတ်တုတ်လက်ကမ်းစမ်းလျှောက်သွားနေ မြက်ချုံတွေထဲတစ္ဆေ ငါကိုယ်တိုင်ပါပဲ။ ခုတင်ခြေရင်းပြေးနင်းရှပ်ရှပ် မတ်တတ်ထလိုက်ခန်းဝကိုလာ ဝရန်တာမှာသည်မှာတစ်ယောက် တစ္တေခြောက်လှန့်ကြောက်ကြောက်နှင့်ကြည့် မျက်နှာလှည့်စမ်းတည့်တည့်လှမ်းမြင် အော်ငိုချင်မိတစ်ဆင်ထဲပဲ သူနဲ့ ငါ။…

  • Myanmar Poem,  Pāḷi,  Poetry,  Translation

    ပန်ဒိုရာ-ဘလက်ကော်ဖီ-၁၈ (ပါဠိ)

    ဘလက်ကော်ဖီ (၁၈)ပန်ဒိုရာပါဠိဘာသာပြန် – နတ္ထိ ပန်ဒိုရာ။ (၂၀၁၉)။ သုံးဆယ့်တစ်ပုံအစုအဝေးနှင့် ဘလက်ကော်ဖီ။ ရန်ကုန်။ စိတ်ကူးချိုချို။ နှာ-၆၁။

  • Myanmar Poem,  Pāḷi,  Photo,  Poetry,  Translation

    ပိုင်စိုးဝေ-ငါအနုလောမပဋိလောမ (ပါဠိ)

    ငါနဲ့ ငါ့သိက္ခာတွေကို အနုလုံ ပဋိလုံ ဆင်ခြင်နိုင်ဖို့ပါ။ ကဗျာတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ ပိုင်စိုးဝေရဲ့ “ငါ အနုလောမ ပဋိလောမ”ပါ။ အဟံ အနုလောမပဋိလောမော မေ အတီတေ မေ သိက္ခာ ခလိတာ . တထာပိ မေ စိတ္တံ မယာ ပသိဗ္ဗကေ သုဋ္ဌု ပက္ခိပိတွာ မေ အတီတံ ပဒါလိတမေဝ . ဟန္ဒ မေ သဟာယကာ မေ ဆာယာ မေ အတီတမေဝ မေ စိတ္တေ မေ ဇီဝေါ ဝိသုဒ္ဓေါ . ဣဒါနိ ပန မေ ပသိဗ္ဗကေ အဟံ သိက္ခာပူရော === ငါ အနုလောမ ပဋိလောမ ပိုင်စိုးဝေ . ငါ့အတိတ်မှာ ငါ့သိက္ခာ ချော်လဲဖူးခဲ့။ . သို့ပေမယ့် ငါ့စိတ်ကို ငါ အိတ်မှာ အသေအချာထည့် ငါ့အတိတ်ကို ဆုတ်ဖြဲပစ်လိုက်ရဲ့။ . ကဲ..ငါ့မိတ်ဆွေတို့ရေ… ငါ့အရိပ်ဟာ ငါ့အတိတ်ပါပဲ ငါ့စိတ်မှာ ငါ့လိပ်ပြာ သန့်ရှင်းခဲ့။ . ခုတော့ ငါ့အိတ်မှာ ငါသိက္ခာအပြည့်အဝနဲ့။ ။

  • Myanmar Poem,  Pāḷi,  Poetry,  Translation

    သော်ဒီဝေ-တစ်ယောက်နဲ့တစ်ယောက် (ပါဠိ)

    “ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း” သီချင်းခွေ ပထမဆုံးပုဒ်က စပြီး သူ့ စာသားတွေကို ထိထိရှရှ ခံစားခဲ့ရတာ။ ၂၈-၂၉နှစ်နီးပါး ကြာမှ တေးရေးဆရာနဲ့ ကိုယ်တိုင် တွေ့ရဆုံရတော့တယ်။ မိန်ရာသီ မန္တလေး ပန်းချီပြပွဲမှာ သူ့ပန်းချီတွေ ကြည့်ပြီး စကားလုံးတစ်လုံးမှ မပါတဲ့ အရိပ်တွေ အရောင်တွေ အရေးတွေကို စူးစူးနစ်နစ် ကြိုက်မိပြန်ရော။ ကြုံရဆုံရတာ အမှတ်တရ ဖြစ်စေဖို့ သူရဲ့ “မြို့တစ်မြို့ ၊ လသုံးစင်း”ကဗျာစာအုပ်ထဲက ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ဖြစ်တယ်။ သော်ဒီဝေရဲ့ “တစ်ယောက်နဲ့တစ်ယောက်”ပါ။ ဧကော ဧကာယ အဟိတေန ဝိနာ ဧကော ဧကာယ အပိယဘူတေန ပိယေန ဧကော ဧကာယ ဟဒယေဟိ ဝိနာ ဧကော ဧကာယ မယံ ပိယာယိမှာ ဧကော ဧကာယ ကာမယမာနာပိ ဧကော ဧကာယ ရာဂရ​တ္တေနေဝ ဧကော ဧကာယ နော စုမ္ဗိတာ စုမ္ဗနာယော ဧကော ဧကာယ နော ဩဋ္ဌာ အလောဟိတာ ရိတ္တာ အပ္ပမတ္တကမ္ပိ သောစနီယာ ဧကော ဧကာယ အ၀ဉ္စိတေနာပိ ဧကော ဧကာယ အကတိကဘူတေန ကတိက၀တ္တေန ဧကော ဧကာယ မုသာဝါဒေနေဝ ဗန္ဓိတာ ဧကော ဧကာယ  မယံ ဂန္ထယိမှာ ဧကော ဧကာယ အနစ္ဆရိယေနာပိ ဧကော ဧကာယ ဩပတိတာယေဝ ဧကော ဧကာယ ယာ၀ အသတိယာ ဧကော ဧကာယ ပိ​ယေ! မယံ ဝိယုတ္တာ သာဓု တစ်ယောက်နဲ့တစ်ယောက် (သော်ဒီဝေ။ မြို့တစ်မြို့ ၊ လသုံးစင်း) +++ တစ်ယောက်နဲ့…

  • Myanmar Poem,  Pāḷi,  Poetry,  Translation

    မောင်ဒီ-အောင်ပွဲ (ပါဠိ)

    ကဗျာတစ်ပုဒ်ကို နားနဲ့ ဆတ်ဆတ် ကြားဖူးပြီးရင်… ကဗျာတစ်ပုဒ်ကို မျက်ဝါး ထင်ထင် မြင်ဖူးပြီးရင် ဒီကဗျာတစ်ပုဒ်ဟာ ရင်ဘတ်ထဲ ရောက်ဖူးနေပါပြီ။ ဒီနေ့တော့ ကိုယ်တိုင် ကြားဖူး မြင်ဖူးတဲ့ လတ်လတ်ဆတ်ဆတ် ကဗျာတစ်ပုဒ်နဲ့ နှစ်ပါးသွားရင်း ပါဠိဘာသာပြန်ဖြစ်တယ်။ ဆရာဒီရဲ့ အောင်ပွဲပါ…။ သန္တိ နာမ န စေဝ ဇယော န စ ပရာဇယော ပဥှာ ပန ဧကသင်္ချာ ဝိယ သမီကာရေဟိ ပဒါပဒေန ဧကာယ ဧကာ ဝိဿဇ္ဇိတာ ပရိယောသာနကာလေ ဝိပါကော နာမ ဝိဇယော သေသော ဟိ သုညောယေဝ အောင်ပွဲ (မောင်ဒီ) +++===+++ ငြိမ်းချမ်းရေးဆိုတာ အနိုင်ယူခြင်းမဟုတ်သလို အရှုံးပေးခြင်းလည်း မဟုတ်။ ပြဿနာဆိုတာ သင်္ချာတပုဒ်ပမာ ညီမျှခြင်းတွေ အဆင့်ဆင့်နဲ့ တဆင့်ပြီးတဆင့် ဖြေရှင်းကြရတာ။ ပြီးမြောက်သွားတဲ့အခါ ရလာဒ်မှာ အောင်ပွဲဖြစ်၍ အကြွင်းက သုညသာ။ ။