Photo
-
Adele-Hello (ပါဠိ)
တိုက်ဆိုင်မှု မရှိပါဘူး။ ခေါ်ကြည့်တာ။ Hello… ၅နှစ်အတွင်းမှာ Adeleရဲ့ သီချင်း ၃ပုဒ်ပဲ ပါဠိဘာသာပြန်ဖြစ်တယ်။ Skyfall, Hometown Gloryနဲ့ Helloပါ။ Helloကိုတော့ သီချင်းထွက်ကတည်းက ဘာသာပြန်ဖို့ စိတ်ကူးရှိထားတာပါ။ 59th Grammy Awardsပွဲမှာ ဆုကြီးတွေ ရသွားတော့မှပဲ ဘာသာပြန်ဖြစ်တော့တယ်။ ကြိုက်တာတော့ ကြာပြီ။ ဘာပဲပြောပြော ကြုံမှ ဆုံဖြစ်တဲ့ Adeleရဲ့ Helloပါ။ အရေ အယမဟံ အဟံ စိန္တယံ တေသံ သဗ္ဗဝဿာနံ အတိက္ကန္တေ တွံ ဣစ္ဆေယျာသိ သမာဂစ္ဆိတုံ သင်္ကမိတုံ သဗ္ဗံ တေ ဝဒန္တိ ကာလော နူန ဘဝေယျ တိကိစ္ဆိတုံ တထာပိ နာဟံ သုကရောမိ တိကိစ္ဆနံ . အရေ သက္ကောသိ နု မံ သောတုံ အဟံ ကာလိဖောဏိယေ သုပိနံ ပဿယံ၊ ယေ မယံ ပုဗ္ဗေ အဟုမှ ယဒါ မယံ တရုဏတရာ မုတ္တာ အဟံ ပမုဿိံ၊ ယေန တံ ဝေဒေတိ၊ ယာဝ လောကော ပတတိ အမှာကံ ပါဒေသု . အတ္ထိ တာဒိသံ နာနတ္တံ အမှေသု အထ ဒသလက္ခာနိ ယောဇနာနိ . အရေ အပရပဿတော မယာ ပက္ကောသိတဗ္ဗမေဝ သဟဿဝါရံ တုဝံ ဝဒိတုံ၊ အဟံ သောစာမိ တဒတ္ထာယ၊ ယံ သဗ္ဗံ မယာ ကတံ တထာပိ ယဒါဟံ ပက္ကောသာမိ၊ နေဝ တွံ ဂေဟေ အသိ…
-
ဧရာဝတီ၊ ပုဂံပြည်နှင့် မြစေတီပါဠိပုံရိပ်များ
ပုဂံရဲ့ အလှအပဟာ လင်းလက်တဲ့ အခါမှ မှောင်မိုက်တဲ့ အခါမှ နေဝင်မှ နေထွက်မှ လသာမှ လမိုက်မှ မိုးရွာမှ နေပူမှ ဖုံထူမှ မြူဆိုင်းမှ တွေ့ရတတ်တဲ့ လင်းရိပ် မှောင်ရိပ် နေရိပ် လရိပ် မိုးရိပ် ဖုံရိပ် မြူရိပ် သစ်ရိပ် ဝါးရိပ် စတဲ စတဲ့ ပုံရိပ်တွေရဲ့ ခမ်းနားထည်ဝါမှု အိုမင်းယိုယွင်းမှု ပုံသဏ္ဍာန်အစုစုနဲ့ ခင်းကျင်းပြသလို့ မဆုံးနိုင်ပါဘူး။ အာရုံနိမိတ်ပုံတွေနဲ့ တကယ့်ကို မျောပါလွင့်မောစရာကောင်းလှတဲ့ ပုဂံရဲ့ အရိပ်အရောင်တွေကြားမှာ တခုတ်တရ ပုံတစ်ရာ စာတစ်လုံး သိမ်းကြုံးဆွဲငင်နေတဲ့ မှတ်သားစရာ အဖွဲ့အနွဲ့တစ်ခုကတော့ မြစေတီကျောက်စာပါ။ ပျူ မွန် မြန်မာ ပါဠိ ဘာသာစကား ၄မျိုးနဲ့ သီကုံးချယ်မှုန်းထားတဲ့ ပုဂံရဲ့ လက်ရေးပုံရိပ်တစ်ခုလို့ ပြောနိုင်တယ်။ ပိဋကတ်မှာ စာတစ်လုံး ဘုရားတစ်ဆူလို့ ဆိုကြတယ်။ မြစေတီကျောက်စာကိုတော့ စာတစ်လုံး နှလုံးတစ်စုံလို့ ဆိုနိုင်မယ်။ ပုဂံရဲ့ ရင်ခုန်သံတွေကို အတိုင်းသား ကြားရစေမယ့် မြစေတီကျောက်စာကို ဖတ်ဖို့ အကြောင်းတိုက်ဆိုင်လာတာ တကယ့်ကို ကံကောင်းခြင်းမင်္ဂလာတပါးပါပဲ။ မြစေတီကျောက်စာ ပါဠိမူကို အေးဆေး ဖတ်ဖို့ အစီအစဉ် ရှိထားတယ်။ ပုဂံပြတိုက်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၁ကြောင်း၊ မြစေတီရင်ပြင်ပေါ်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၀ကို တစ်လုံးချင်း တပုဒ်ခြင်း တစ်ကြောင်းချင်း ဖတ်သွားဖို့ပါပဲ။ တစ်နေ့ တလံ ပုဂံ ဘယ်ရွေ့ပါ့မလဲ….။
-
Adele-Hometown glory (ပါဠိ)
ရန်ကုန်…. သတိရပါတယ်။ အနဂါရိကပဲဖြစ်ဖြစ် အဂါရိကပဲဖြစ်ဖြစ် ကြွေးဟောင်းမဆပ်နိုင်သေးပေမယ့် မွေးမြေရပ်ကို သတိရတာပါပဲ။ ဒီရက်ပိုင်း မဆီမဆိုင် ပိုပိုပြီး သတိရနေသေးတယ် (YBS ပြန်စီးချင်သလိုလိုနဲ့)။ ရွှေပြည်ဌာန ဝေးသောကြောင့် ဆောင်းအေးချမ်းချမ်း တတတမ်းတမ်း အိမ်လွမ်းမိလို့ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ Adeleရဲ့ Hometown Gloryပါ။ အဟံ အနုသဉ္စရန္တော သမာနမဂံ္ဂ ယထာ.ဟံ အကာသိံ ခလိတွာ ဘိန္နေ ဝေဒိကာယံ အထ ဓီကရိတွာ မေ ပဏှိံ၊ အက္ကမိတွာ ဝိဇမ္ဘနေန မေ ပါဒေ “အတ္ထိ နု ခေါ ပိယ၊ ယမဟံ သက္ကောမိ ကာတုံ တဝတ္ထာယ အတ္ထိ နု ခေါ၊ ကဉ္စိ အဟံ ပက္ကောသေယျာမိ နတ္ထိ၊ ဗဟုပကာရာ တွံ၊ တဂ္ဃ အမ္မ၊ နာဟံ မဂ္ဂမူဠှာ သဉ္စရဏမတ္တမေဝ” မေ ဂေဟနဂရဿ သမန္တတော အနုဿရဏာနိ အဘိနဝါနိ မေ ဂေဟနဂရဿ သမန္တတော အဟော ဇနတာ၊ ယာ မယာ သမာဂတာ အစ္ဆရိယာ မေ လောကေ အစ္ဆရိယာ မေ လောကေ အစ္ဆရိယာ မေ လောကေ အစ္ဆရိယာ မေ လောကေ . အဟံ ရောစေမိ တံ နဂရေ၊ ယဒါ ဝါတော အတိဝိယ ဗဟလော နိပ္ပဘာ အဟံ ပဿိတုကာမော သဗ္ဗဇနံ ရဿနိဝါသနဓရံ လဟုကဝတ္ထဓရံ အဟံ ရောစေမိ တံ နဂရေ၊ ယဒါ ဒွေ လောကာ ပဋိဟတာ တွံ…
-
ပထမနိုင်ငံတော် (သို့) ပုဂံအတွက် မငိုပါနဲ့
သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ နေကောင်းခါစ နာလံထအချိန်မှာ ဂီတဟာ ရေရောရော မရောရော ဖျော်ရည်လို ယာမကာလိကလဲဖြစ် ပျားရည်လို သတ္တာဟကာလိကလဲဖြစ် ဆေးရည်လို ယာဝဇီဝိကလဲဖြစ် သောက်သုံးမိသူအဖို့ အဗျာပဇ္ဇပရမတာပါပဲ…။ လေးဖြူရဲ့ “ပထမနိုင်ငံတော်”ပါ…။ “ပုဂံအတွက် မငိုနဲ့ ပုဂံအတွက် မပူပါနဲ့ လက်တွေ တွဲထား” ဆိုတဲ့ သံစဉ် စာသားကို ကျန်းမာရေးမကောင်းရင် ခံစားနိုင်ဖို့ မလွယ်ပါဘူး…. *** စာသားရေးထားတဲ့ ပုံကို ဒီသီချင်းကို ရေးဖွဲ့တဲ့ ဆရာMyo Swe Thanရဲ့ FBကနေ ယူထားတာပါ။ သီချင်း ရေးဖွဲ့သူ ကိုယ်တိုင် ပါဠိဘာသာပြန်ကို အားပေးတဲ့အတွက် အထူး ဂုဏ်ယူမိတာ အမှန်ပါ။ ===+===+=== ကာလေ ဝီတိဝတ္တေ သဘာဝပထာနံ အတိက္ကန္တေ အမှာကံ အတီတပုရာဝတ္တနော အမှာကဉ္စ သဒါစာရာ ပဒံ အမှာကံ သကလာနံ ပေါက္ကံ နော သကလာနံ ဟဒယော နိပတိတကာလေ ပဋိဥဋ္ဌာနေဟိ ပုနပ္ပုနံ ဒုက္ခာနိ (ဒုက္ခာနိ ) အနေကသဟဿဝဿံ ပရိဿဇိတွာ အာဟဋာနိ အမှာကံ သကလာနံ ပေါက္ကံ နော သကလာနံ ပေါက္ကံ အဘိမုခေ အမှေဟိ လိခိတံ ပုရာဝတ္တနံ လောကေ ဝိညာပေတုံ ယာဝ သံတိဋ္ဌနာ ပဋိဝဒိတုံ အမှေဟိ လိခိတံ ပုရာဝတ္တနံ ပဋိဝဒိတုံ ယာဝ သံတိဋ္ဌနာ လောကေ ဝိညာပေတုံ အဘိနဝဇီဝိတေန ပေါက္ကံ အဘိက္ကမိတဗ္ဗံ အဘိက္ကမိတဗ္ဗံ မာ ရောဒိ ပေါက္ကတ္ထာယ မာ…
-
Blogအက္ခရသညာတော (၈)
Blogနားကို မကပ်တာတာတော့ ကြာနေပြီ။ မေ့လျော့နေတာမျိုးပါ။ မေ့ပျောက်သွားတာတော့ မဟုတ်ဘူး။ ဆယ်စုနှစ်တစ်စုစာ ဝေးကွာခဲ့တဲ့ အမိမြေကို ပြန်ရောက်ခိုက် အရင်လို မဟုတ်တော့တဲ့ ဖြစ်စဉ်တွေကို ရင်သပ်ရှုမောနေရင်း အလျင်စလို လုပ်စရာရှိတာတွေ အရင်အတိုင်း လုပ်ရင်း Blogosphereကလဲ အရင်ကနဲ့ မတူတော့ဘူးဆိုတာ သိသလိုလို ခံစားမိရင်း အမှတ်တရ အနေနဲ့ လေးဖြူရဲ့ သီချင်းတစ်ပုဒ် ဘာသာပြန်ဖြစ်တယ်။ “အရင်လိုပါပဲ”… ယထာရုစိံ ဝိစိန္တေန္တော ဝါတပါနံ အပဿန္တော.ဟံ ဗဟိရံ ခဏံ ဝိလောကေန္တော ဝါတယာနာနိ စ အဘိပတန္တာနိ ဆာယာ စ ဝိကိဏ္ဏာ မနုဿနိမိတ္တာနိ တာဒိသာနိယေဝ . ဣဓ မမတ္ထာယ ပရိကပ္ပိတာ သြသာနေ သဘာဝေနေဝ နိရုဇ္ဈနဘာဝံ ဂတာ လောကေ မမတ္ထာယ အာင်္ကခိတာ သြသာနေ နိရုဇ္ဈန္တာ သဘာဝေန သဉ္စရန္တာ ဝတ . သဒိသမေဝ သဒိသမေဝ ပကတိယာ သမာနေန ဘဝသ္မိံ သမာနေန အဘိဿဝန္တော သြသာနေ သဘာဝေနေဝ နိရုဇ္ဈနဘာဝံ ဂတော . သဒိသမေဝ သဒိသမေဝ ပကတိယာ သမာနေန ဘဝသ္မိံ သမာနေန အဘိဿဝန္တော သြသာနေ နိရုဇ္ဈန္တော သဘာဝေန သဉ္စရန္တော ဝတ . ဒိဝါ သူရိယော ယထာရုစိံ တပန္တော သကုဏာ ပက္ခန္ဒန္တာ ဥဒ္ဓံ သြလောကိတံ ဝလာဟကာ သုက္ကာ စေဝ နီလာ စ အနုဝိလောကိတာ တမောနဒ္ဓါ . ဣဓ မမတ္ထာယ ပရိကပ္ပိတာ သြသာနေ သဘာဝေနေဝ နိရုဇ္ဈနဘာဝံ ဂတာ လောကေ…
-
ဒုက္ခအလှသစ္စာ
Punjabပြည်နယ် Chandigarhမြို့ Government Museum and Art Galleryထဲမှာ ခင်းကျင်းပြသထားတဲ့ Gandhara Sculpture တွေဟာ ဘီစီ၁ရာစုကနေ အေဒီ၃ရာစုအတွင်းက ထုဆစ်ခဲ့တဲ့ ရှေးဟောင်းကျောက်ဆစ်ရုပ်တုတွေလို့ ဆိုတယ်။ ၁၉၄၇ခုနှစ် India partitionမှာ Lahoreပြတိုက်ကနေ ဝေစုအဖြစ် ရယူခဲ့လို့သာ Chandigarhပြတိုက်ထဲမှာ ရောက်နေတာ။ Indiaမှာ Calcuttaပြတိုက်ပြီးရင် Chandigarhပြတိုက်ထဲမှာ ရှိတဲ့ Gandhara Sculptureတွေဟာ ဒုတိယအများဆုံးလို့ဆိုတယ်။ ဒီဂန္ဓာရကျောက်ဆစ်ရုပ်တုတွေနဲ့ နီးနီးနားနား ရှိနေတာဟာ တကယ့်ကို ကံကောင်းတာပါပဲ။ Chandigarhမှာ နေခိုက် ၅နှစ်ကျော် ၆နှစ်အတွင်းမှာ မှတ်မှတ်ရရ ၃ကြိမ်တော့ ရောက်ခဲ့တယ်။ Panjabတက္ကသိုလ်နဲ့ ၃ကီလိုမီတာလောက်ပဲ ဝေးပေမယ့် အကြောင်းညီညွတ်မှပဲ သွားဖြစ်ခဲ့တယ်။ ခင်းကျင်းပြသထားတဲ့ ဂန္ဓာရလက်ရာကျောက်ဆစ်ရုပ်တု ၆၀၀ကျော်ထဲမှာ ဗုဒ္ဓရုပ်ပွားတော်တွေ ဗောဓိသတ္တရုပ်ပွားတော်တွေ ဒေဝတာရုပ်တုတွေ အရွယ်စုံ တွေ့ရတယ်။ ဗုဒ္ဓဖြစ်စဉ်တွေကို ဖော်ပြထားတဲ့ ကျောက်ထွင်းဗုဒ္ဓဝင်တွေကိုလဲ တွေ့ရတယ်။ ထူးထူးခြားခြား ဂန္ဓာရမှာ စတင်မွေးဖွားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကြားမှာ မွေးဖွားခြင်းနဲ့ မိခင်ကို ကိုယ်စားပြုတဲ့ ကျောက်ဆစ်လက်ရာ ၃ခုကို တွေ့ရတယ်။ “ဇာတိပိ ဒုက္ခာ”နဲ့ “ခီဏာ ဇာတိ”တို့ရဲ့ အကွာအဟကို ကိုယ်တိုင် သိမြင်ပြီး သူတပါးတို့ကို သိမြင်စေနိုင်မယ့် သားတစ်ဦးကို မွေးဖွားပေးခဲ့တဲ့ မိခင်ရဲ့ ပုံရိပ်ဟာ လူသားအားလုံးအတွက် အနှိုင်းမဲ့တဲ့ စံအနေနဲ့ ထာဝရ တည်ရှိနေဦးမှာပါ…။ (၁) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၃ရာစုလက်ရာ) (၂) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၂ရာစုလက်ရာ) (၃) သိဒ္ဓတ္ထမွေးဖွားခြင်း (အေဒီ ၂ရာစုနှောင်းပိုင်းလက်ရာ)
-
အမိုက်ဖြေလင်္ကာ
အမိုက်အမဲ အမိုက်အမှောင် အမိုက်အမှား …. မိုက်မလင်းနိုင်တဲ့ ခဏများမှာ…. “အာလောကော ဥဒပါဒိ”လေး တွင်တွင် ရွတ်ရင်း သီချင်းတစ်ပုဒ် ဘာသာပြန်ဖြစ်တယ်။ J.Loရဲ့ “Feel the light”တဲ့။ မကြာမီ ရုံတင်တော့မယ့် “Home”ဆိုတဲ့ animationကားထဲက ဇာတ်ဝင်တေးတစ်ပုဒ်ပါ။ အမိမြေမှာ အမှောင်ခွင်း၍ အလင်းဆောင်မည့် Light, Liberty, Learning ပညာရေးလှုပ်ရှားမှုများကို အားပေးလျက်…။ ဣဓာ.ဟံ ယာမိ ဣဓာ.ဟံ ယာမိ ဝေဒယာမိ သုန္ဒရတရံ ဣဒါနိ ဝေဒယာမိ သုန္ဒရတရံ ဣဒါနိ ဣဓာ.ဟံ ယာမိ ဣဓာ.ဟံ ယာမိ သုန္ဒရတရံ ဣဒါနိ ဝေဒယာမိ သုန္ဒရတရံ ဣဒါနိ သရသိ နု တွံ ယဒါ မယံ နိပတိတာ အာကင်္ခိသိ နု တွံ မံ ဝိစာရေတုံ သဟ မေဃနာဒေန ယာဝါဟံ သရာမိ ယဒါ ကာလော ဃနပ္ပတ္တော ယံ ဒဿတိ သဗ္ဗဒါ၊ တံ ပန ဧကက္ခဏံ ကရ သီဃံ၊ ကရ သီဃံ နတ္ထိ အဓိကံ အာဂမယမာနံ ယာဝ မယံ အရဟာမ ရက္ခာဝရဏံ ဝေဒယ အာလောကံ ဇောတယံ အန္ဓကာရေ သရ၊ ယံ အမှေဟိ ဝိဿရိတံ ဇာနာမ.ဟံ တံ ဒီဃံ ပဟာရံ တထာပိ မယံ ပစ္စာဟရန္တာ တံ သဗ္ဗံ မယံ ပစ္စာဟရန္တာ တံ သဗ္ဗံ ဝေဒယ…
-
LLAP
ဆောင်းနှောင်းညနေခင်းတွေမှာ ပန်းခင်းထဲ လမ်းလျှောက်ရင်း ပန်းတစ်ပွင့် ဖန်ဆင်းသူကိုယ်စား လန်းပါစေ…မနွမ်းပါစေနဲ့…လို့ မျှော်လင့်ခြင်းများစွာနဲ့ ဆုတောင်းပေးမိတယ်။ ဆောင်းကုန်လို့ နွေကူးရင် အရာရာ ပြောင်းလဲသွားတော့မှာကိုလဲ သိနေတာပဲ။ ဒီလိုအချိန်မှာ Live Long And Prosperဆိုတဲ့ စကားလေးကို နှစ်သက်မိနေတာ အမှန်ပါ။ အမှတ်တရအနေနဲ့ Leonard Nimoyရဲ့ နောက်ဆုံး Tweetလေးကို ဘာသာပြန်ဖြစ်တယ်။ ဇီဝိတဉှိ ဥယျာနမိဝ၊ သက္ကာ သမ္ပုဏ္ဏခဏေ အဓိဂန္တုံ၊ တထာပိ န သင်္ဂေါပိတံ၊ အညတြ အနုသရဏေန၊ ဇီဝ စိရံ သမိဒ္ဓံ A life is like a garden. Perfect moments can be had, but not preserved, except in memory. LLAP — Leonard Nimoy (@TheRealNimoy) February 23, 2015
-
ဘောင်ဘင်မခတ်တဲ့ အဋ္ဌုပ္ပတ္တိ
ဒီနေ့မနက်စောစောမှာ ကြည့်လိုက်ရတဲ့ 63rd Miss Universe 2014 Live Showရဲ့ အရသာက ပေါ့ရွှတ်ရွှတ်ဖြစ်သွားတယ်။ အဲဒီပွဲ ကြည့်အပြီးမှာ ဖတ်လိုက်ရတဲ့ ကဗျာတစ်ပုဒ်ကြောင့်ပါ။ ပန်ဒိုရာရဲ့ “ကျွန်မတင်ပါးသို့ ဂါရဝ”မြန်မာဘာသာပြန်ကို အရင် ဖတ်မိတာ။ မူရင်းက Lucille Cliftonရဲ့ “homage to my hips”ပါ။ ထုံးစံအတိုင်း ကြုံကြိုက်လို့ ပါဠိဘာသာပြန်ဖြစ်တယ်။ ဘာသာပြန်ပြီးမှပဲ စဉ်းစားမိတယ်…။ ဒီကဗျာကို အဿာဒ၊ အာဒီနဝ၊ နိဿရဏ၊ ဖလ၊ ဥပါယ၊ အာဏတ္တိနဲ့ ဒေသနာဟာရထုတ်ကြည့်ရင် ကောင်းမလားလို့ …။ ဣမာနိ ဇဃနာနိ မဟန္တဇဃနာနိ တာနိ ဣစ္ဆန္တိ သြကာသံ အပရာပရံ သဉ္စာလေတုံ တာနိ န ယောဇန္တိ ထောကေသု အပ္ပကေသု ဌာနေသု။ ဣမာနိ ဇဃနာနိ ဝိမုတ္တဇဃနာနိ တာနိ န ရုစ္စန္တိ နိဝါရိတတ္တံ ဣမာနိ ဇဃနာနိ နေဝ ဒါသတ္တံ တာနိ ဂစ္ဆန္တိ၊ ယံ ယံ ဂန္တုကာမာနိ တာနိ ကရောန္တိ၊ ယံ ယံ ကတ္တုကာမာနိ ဣမာနိ ဇဃနာနိ အတိမဟန္တဇဃနာနိ ဣမာနိ ဇဃနာနိ ဣန္ဒဇာလဇဃနာနိ အဟံ သဉ္ဇာနိံ တာနိ ပရိဇပ္ပိတုံ မန္တံ ပုရိသေ အထ ဘမာပေတုံ တံ ဘမရိကံ ဝိယ [youtube https://www.youtube.com/watch?v=bh-Ipj4AKfc&w=420&h=315] homage to my hips By Lucille Clifton these hips are big hips they need space…
-
အိပျမကျplus
အိပ်ပျော်သလိုလို အိပ်ပျက်သလိုလို အိပ်ချင်သလိုလို အိပ်ငိုက်သလိုလို အိပ်မက်သလိုလို …. ….. ….. ဟိမဝန္တာအစွန်အဖျားက ရေခဲစိမ်ဆောင်းညများကို လူးလူးလွန့်လွန့် လွန်မြောက်ဖို့ ကြိုးစားရင်း သီချင်းတစ်ပုဒ် ဘာသာပြန်ဖြစ်တယ်။ လေးဖြူရဲ့ “အိပ်မက်”ပါ…။ ပက္ခဒိနကာလနိယမာ မေ သီသေ ကိဉ္စိ နတ္ထိ သာယနှေ မန္ဒမာရုတာ သန္တတ္တာ နု နာဟံ ဇာနာမိ မေ သန္တိကေ ဝဿန္တာနိ ဝဿာနိ ယာဝ နိဋ္ဌိတာနိ အဓိပ္ပါယော အနဓိဂတော ကုဟိံ ပ္လဝိဿန္တိ မေ သုပိနန္တာ ပုန ပဗုဇ္ဈယျာမိ မေ သုပိနန္တာ မေ သုပိနန္တာ ပုန ပဗုဇ္ဈယျာမိ မေ သုပိနန္တာ တာဒိသေ ပုန သန္နိပါတကာလေ မေ ဟဒယလောဟိတံ မန္ဒတ္တံ တဝ အဟံ ဘာယာမိ ကုဟိံ နိလီယိဿာမိ ပက္ခဒိနကာလနိယမာ မေ သီသေ န နိဋ္ဌိတာ သာယနှေ မန္ဒမာရုတာ ကုဟိံ ပ္လဝိဿန္တိ မေ သုပိနန္တာ ပုန ပဗုဇ္ဈယျာမိ မေ သုပိနန္တာ မေ သုပိနန္တာ ပုန ပဗုဇ္ဈယျာမိ မေ သုပိနန္တာ [youtube https://www.youtube.com/watch?v=ma2UPuN_qkY&w=420&h=315] ပြက္ခဒိန် ရက်စွဲတွေ ငါ့ခေါင်းထဲ… ဘာမှ မရှိ ညနေ လေညှင်းတွေ ပူလောင်သလား ငါမသိ . ငါ့ဘေးမှာ ရွာချနေ ဒီမိုးများ မကုန်ဆုံးသရွေ့ အဓိပ္ပါယ် ရှာမရပါ ဘယ်ကို လွင့် ပါမလဲ . ငါ့အိပ်မက်က…