Personal
-
BLOGကိုး
natthi blog ၉နှစ်ပြည့်ပြီ။ (တကယ်တော့ ၂၀၀၇ မတ်လလယ်လောက်က စခဲ့တာ။ blogကို ပြင်ရင်းနဲ့ လကုန်ရက်ရောက်မှ ပိုစ့်ဟောင်းတွေ တစ်ရက်ထဲ စုတင်လိုက်မိတာ) ပထမ ဒီမှာ ရေးနေတာ။ ရပ်လိုက်တယ်။ ဒီမှာ ဆက်ရေးတယ်။ ရပ်လိုက်တယ်။ နောက်ဆုံးတော့ ပိုစ့်တွေ အကုန် ဒီကို ပြောင်းလိုက်ပြီး ဆက်ရေးခဲ့တယ် (ခု မရေးတာကို ကြာနေပြီ)။ အရောင်စုံ အသွေးစုံလှတဲ့ blogosphereထဲမှာ ၉နှစ်ကြာ ရှင်သန်နေခဲ့တဲ့ အမှတ်တရ True Colorsသီချင်းကို ပြန်လည်ခံစားဖြစ်ခဲ့တယ်။ ဒီသီချင်းက versionအမျိုးမျိုး ရှိပေမယ့် The British Paraorchestraနဲ့ ထုတ်တဲ့ versionကို နှစ်သက်မိတယ်။ blogလောကမှာ သတိတရဖြစ်မိတဲ့ bloggerက ပန်ဒိုရာ။ သူ့ရဲ့ blogသက်တမ်းနဲ့ နတ္ထိblogသက်တမ်းက မတိမ်းမယိမ်းပါ။ ရှင်သန်ခြင်းတွေ ဖြန့်ခင်းတတ်သော Blogpoet Pandora commentထားခဲ့တဲ့ True Colorsသီချင်း မြန်မာဘာသာပြန်တစ်ပုဒ်ကိုတော့ blog ၉နှစ်ပြည့်လက်ဆောင်လို့ မှတ်ယူလိုက်ပါတယ်။ အရောင်အသွေးမှန်. ကြေကွဲမျက်လုံးအစုံနဲ့ မင်း. အားမလျော့ပါနဲ့. အို… ငါ နားလည်ပါရဲ့. သတ္တိမွေးဖို့ဆိုတာ ခက်တယ်လေ. လူတွေပြည့်နှက်နေတဲ့ ဒီကမ္ဘာကြီးမှာ. မင်းဟာ အားလုံးကို မျက်ခြေပြတ်သွားနိုင်ရဲ့. ပြီးတော့ မင်းရင်ထဲက အမှောင်ထုဟာ. မင်းကိုယ်မင်း သေးငယ်တယ်လို့ ထင်မိအောင် လုပ်နိုင်ရဲ့. . ဒါပေမဲ့ မင်းရဲ့အရောင်အသွေးမှန်ကို ကိုယ်မြင်နေ. လင်းလက်တောက်ပလို့. မင်းရဲ့ အရောင်အသွေးမှန်ကို ကိုယ်မြင်ရဲ့. ဒါကြောင့်လည်း မင်းကိုကိုယ်ချစ်နေရ. ဒီတော့ သူတို့ကို အရောင်အသွေးမှန် ပြလိုက်ဖို့. တွန့်ဆုတ်ကြောက်ရွံ့မနေနဲ့လေ. မင်းရဲ့အရောင်အသွေးမှန်. အရောင်အသွေးမှန်ဟာ သိပ်ကိုလှပ. သက်တံတစ်စင်းလိုပေါ့. ဒါဆို ကိုယ့်ကိုပြုံးပြလိုက်ပါကွယ်. ဝမ်းနည်းမနေပါနဲ့တော့…
-
R&Bကုဒ်
နိစ္စဓုဝ တွေ့ကြုံနေရတဲ့ အတွေ့အထိတွေက အတပ်အမက်တွေအဖြစ် ပြောင်းလဲသွားတိုင်း ဘယ်လို မြင်မိသလဲ။ ဇိဃစ္ဆာပရမာ ရောဂါ”လို့ အငတ်အပြတ်ကို ခံစားမိသလား။ နတ္ထိ ရာဂသမော အဂ္ဂိ”လို့ အလောင်အမြိုက်ကို ထိခိုက်မိသလား။ ဒီဃော ဗာလဿ သံသာရော”လို့ အရှည်အဝေးကို တွေ:မိသလား။ ဘာတွေ ဘယ်လို မြင်မိလဲဆိုတာ အဖြေရှာရင်းနဲ့ သီချင်းတစ်ပုဒ် ဘာသာပြန် ဖြစ်တယ်။ U2ရဲ့ night and dayပါ။ *** ဒီနေ့ ယူနီကုဒ်နဲ့ စာရိုက်တယ် 🙂 ယတ္ထ ဝနသဏ္ဍဆာယာယော နိပတန္တိ ယာမနာဠိစက္ခုနော ဋိကဋိကသဒ္ဒေါ ဝိယ တွံ ဌိတာ ဘိတ္တိံ နိဿာယ ဝဿဗိန္ဒူနံ ဃိကဃိကသဒ္ဒေါ ဝိယ ယဒါ သူရိယော ပဒိပ္ပတိ တသ္မာ သဒ္ဒေါ မမန္တရေ ပဝတ္တတိ ပကာသေန္တော တုဝံ တုဝံ ရတ္တိန္ဒိဝံ ဧကာ.သိ တွံ တွမေဝ ဟေဋ္ဌာ စန္ဓဿ အထ သူရိယဿ ဟေဋ္ဌာ ယဒိ သန္တိကေ မေ ဝါ ဒူရေ တံ ပန အကာရဏံ၊ ယတ္ထ ကတ္ထစိ တွမသိ စိန္တေမိ တုဝံ ရတ္တိန္ဒိဝံ ဒိဝံ ရတ္တိံ ကသ္မာ ဣဒံ တထာ ယထာ အယံ တုဝံ အာကင်္ခါ အနုဂစ္ဆတိ၊ ယတ္ထ ကတ္ထစိ အဟံ ဂစ္ဆာမိ ဂဇ္ဇိတဂမနာဂမနတိမိရသ္မိံ မေ နိသဒ္ဒပဝိဝိတ္တဂဗ္ဘသ္မိံ စိန္တေမ.ဟံ တုဝံ ရတ္တိန္ဒိဝံ ရတ္တိန္ဒိဝံ မေ အနုသယသ္မိံ ကိဉ္စာပိ…
-
အိပ်မက်effect
ဘာတွေ ဖြစ်လဲတော့ မသိဘူး…။ နေ့ချင်းညချင်း ဖြစ်လာတာလဲ မဟုတ်ဘူး။ နေ့နဲ့ည မှားနေတာလဲ မဟုတ်ဘူး။ နေ့မြင်ညပျောက်လဲ မဟုတ်ဘူး။ နေ့စံ ညခံလဲ မဟုတ်ဘူး။ မိုက်လို့ ရူးတာလား။ ရူးလို့ မိုက်တာလား။ ရူးရူးမိုက်မိုက်လား။ မှောင်မိုက်လို့ ငိုရသလား…။ မောင်မိုက်လို့ ငိုရသလား…။ မယ်မိုက်လို့ ငိုရသလား..။ ဘာဖြစ်ဖြစ်ပါ။ အနားမှာ ပျံဝဲနေတဲ့ ချိုမြမြလိပ်ပြာတစ်ကောင်ရဲ့ နမ်းရှိုက်သံတွေကြောင့် မအိပ်ဖြစ်တဲ့ ညတွေ ပဲ့တင်ထပ်နေတာပါပဲ…။ ဒီလိုနဲ့ U2ရဲ့ I’ll Go Crazy If I Don’t Go Crazy Tonightကို ဘာသာပြန်ဖြစ်တယ်။ ညည မအိပ်ရတဲ့ တစ်စုံတစ်ယောက်အတွက်ပါ…။ သာ ဣန္ဒဓနု၊ သာ ပိယာယတိ သန္တဇီဝံ ဇာနာတိ၊ အဟံ ဥမ္မာဒပ္ပတ္တော၊ သစေ န ပါပုဏာမိ စိတ္တက္ခေပံ ရတ္တိယံ အတ္ထိ ပန မေ ဧကဘာဂေါ သင်္ကိဏ္ဏေ၊ ယံ အနာင်္ကိဏ္ဏံ၊ အထ စ ပန တဝ ဘာဂေါ၊ ယံ ဣစ္ဆတိ မံ သင်္ခေါဘိတုံ သဗ္ဗော ရောဒိတဗ္ဗော ဝါ နိစ္ဆာရေတဗ္ဗော သဗ္ဗမဓုဒန္တော ထောကမေဝ ပဟတော သဗ္ဗသောဘာ နိက္ခမိတဗ္ဗာ သဟ ဇဠေန ကိံ တွံ ဌိတာ.သိ အနန္တရေ သစ္စဿ၊ တဉ္စ န ပဿသိ အဟော ဟဒယပရိဝတ္တော အာဂတော မန္ဒံ နာယံ ပဗ္ဗတော၊ အယံ ဂိရိ ယဒါ…
-
ရသ, သမုဒယနှင့် အရိုင်းဆေး
တိုက်ဆိုင်မှု မဟုတ်နိုင်ပါ။ အရသာတွေ့မိမှတော့ စွဲလမ်းတာ မဆန်းပါဘူး။ ငတ်ပြတ်နေလို့လား… ငတ်ကြီးကျနေလို့လား… ငတ်မွတ်ခေါင်းပါးနေလို့လား… သေချာတာကတော့ ဆာလောင်မွတ်သိပ်မှုဟာ တကယ့် ရောဂါတစ်ခုဆိုတာပါပဲ။ မနောမယဖြစ်တဲ့ ပီတိဘက္ခကတော့ ဝေးပါတယ်။ ပိယမယဖြစ်တဲ့ honeyဘက္ခနဲ့ပဲ ရောင့်ရဲမိနေရင်း သီချင်းတစ်ပုဒ် ဘာသာပြန်ဖြစ်တယ်။ U2ရဲ့ Wild Honeyပါ။ သက်ဆိုင်သူအတွက်သာ…။ ဒိဝသေသု ယဒါ မယံ ဒေါလာယန္တာ ရုက္ခေသု အဟံ မက္ကဋော အာဒိယန္တော မဓုံ မဓုဂုမ္ဘတော အဟံ အဿာဒေယျာမိ အဟံ အဿာဒေယျာမိ တုဝံ တဒါပိ အထ.ဟံ အနုဗန္ဓိဿာမိ တုဝံ ဟေဋ္ဌာဝါတေန ဂစ္ဆေယျာသိ တွံ တတ္ထ၊ သစေ တွံ ရုစ္စသိ စဏ္ဍံ မဓု သစေ တွံ ဂစ္ဆေယျာသိ၊ အထ ဂစ္ဆ သဟ မယာ စဏ္ဍံ မဓု ဇာနိတာ နု မယာ တွံ ဇာနိတာ နု မယာ တွံ တဒါပိ ပုရေ၊ ယာမနာဠီဟိ ယာမော ပဋ္ဌပိတော ပုရေ၊ လောကော မာပိတော ကက္ခဠသူရိယတော တွံ တာယိတာ တွံ မေ တာဏာ ဆာယာ သစေ တွံ ဂစ္ဆေယျာသိ တတ္ထ သဟ မယာ စဏ္ဍံ မဓု တွံ ကရေယျာသိ၊ ယံ တွံ ရုစ္စသိ စဏ္ဍံ မဓု အာမ၊ ဝါယန္တမ္ပိ မန္ဒဝါတေ စဏ္ဍံ…
-
ခွန်အားဖြည့် ငယ်ငယ်
သံယောဇဉ်တွေက တခါတလေ အထွေးလိုက် ငြိတတ်တယ်။ အနှောင် အဖွဲ့… တရစ်ပြီး တရစ်… ရုန်းထွက်ဖို့… ကြိုးစားမိသလား… ကြိုးချင်းမို့ ငြိသလား… မပြောတတ်တော့ဘူး။ ဒါပေမယ့် အရစ်အပတ်ကြားက ကြည်နူးဖွယ်ရာ အခိုက်အတံ့များကို ရင်ခုန်ယစ်မူးရင်း ကြိုးဆွဲရာ ကပြဖို့ အဆင်သင့်ဖြစ်နေပြီပဲလို့ ကိုယ့်ကိုကိုယ် တအံ့တသြ တွေးမိနေလေရဲ့…။ အဖွဲ့အနွဲ့တွေနဲ့အတူ လူးလိမ့်ရင်းနဲ့ သီချင်းတစ်ပုဒ် ဘာသာပြန်ဖြစ်တယ်။ Guns N’ Rosesရဲ့ Sweet Child O’ Mineပါ။ ဂျူနီယာလေးအတွက် ပထမဆုံးသော အမှတ်တရပါပဲ။ သာ လဘိ သိတံ၊ ယံ ပညာယတိ မေ သရာပေတိ မံ ဗာလျာနုဿရဏာနိ ယတ္ထ သဗ္ဗော အဘိနဝေါ ပဘာဿရော နီလာကာသော ဝိယ ယဒါ ကဒါစိ ပဿာမဟံ တာယ မုခံ သာ အပနေတိ မံ ဝိသေသဋ္ဌာနံ အထ သစာဟံ သြလောကေယျာမိ အတိစိရံ သိယာ၊ ယထာ သြသိဒေယျာမိ ရောဒေယျာမိ မဓုရာ ဗာလကာ မမ မဓုရာ ပိယာ မမ သာ လဘိ အက္ခီနိ နီလာကာသဘူတာနိ ယဒိ တာနိ မေဃပရိကပ္ပါနိ ဥပနန္ဓေယျာမိ ပဿိတုံ စက္ခုန္တရေ အထ ပဿာမိ ဗဟုပီဠံ သာယ ကောသာ သရာပေတိ မံ မန္ဒဥဏှာဘယဋ္ဌာနံ ယတ္ထ ဗာလကော ဝိယ နိလီယေယျာမိ ပတ္ထေယျာမိ မေဃနာဒဉ္စ မေဃဉ္စ အပ္ပသဒ္ဒေန မံ သင်္ကမိတုံ မဓုရာ ဗာလကာ…
-
လောကီသား (recap)
၁၆နှစ် ရှိခဲ့ပြီ။ ဒီဂါထာအပိုင်းအစလေး ရေးခဲ့တာ ၁၆နှစ်ရှိခဲ့ပြီ။ ၁၉၉၈ခုနှစ်World Cupရယ် Father’s Dayရယ် ၂ခုပေါင်းဆုံတဲ့အခိုက် ရေးဖြစ်ခဲ့တာ။ ပါဠိစာပေမှာ ဣန္ဒဝဇီရဂါထာမျိုးက တစ်ပါဒမှာ အက္ခရာ၁၁လုံးစီ ပါတယ်။ ဒါကို ဘောလုံး၂သင်း အနေအထားရအောင် ၂ပါဒပဲ ရေးဖြစ်တယ်။ အနီအသင်းနဲ့ အနက်အသင်း ၂သင်း။ ပုံထဲမှာ အနက်အသင်းက အနီအသင်းဘက်မှာ Free Kickကန်နေတဲ့ ပုံစံလေး ဖော်ထားတယ်။ လွန်ခဲ့တဲ့ ၁၆နှစ်တုန်းကတော့ လက်နဲ့ ပုံစံဆွဲတာ။ ခုတော့ ဘောလုံးကွင်းlayoutကို onlineပေါ်က ရှာယူပြီးတော့ စာလုံးလေးတွေ နေရာချထားလိုက်တာပဲ။ ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော၊ ပုတ္တော နု တာဒိဿ ဝဓတ္ထိကော သော။ . ဗိမ္ဗိသာရသည် အဇာတသတ်အတွက် အသက်စွန့်ခဲ့ပြီးသားပါ။ ဒီသားက ဒီအဖေ့ကိုမှ အသေသတ်ချင်သတဲ့။ . အခု ၂၀၁၄ World Cupနဲ့ Father’s Dayကြုံလာပြန်တော့မှ ဒီဂါထာလေးကို သတိရမိတယ်။ ၁၉၉၈မှာ ဒီဂါထာလေးကို ရေးခဲ့စဉ် ဖခင်တစ်ယောက်အပေါ် ထားခဲ့တဲ့ သဘောထားက အခု ၂၀၁၄ရောက်တော့ အပြောင်းအလဲ ဖြစ်မသွားပါဘူး။ တစ်ခုပဲ ထူးခြားတယ်။ ရေမြေခြားနေတဲ့ ဖခင်နဲ့ ဘဝခြားသွားတာပါပဲ။ ဒါကို သိလိုက်ရတဲ့ အချိန်မှာလဲ ထိထိခိုက်ခိုက် မခံစားဖြစ်ခဲ့ဘူး။ ဝေးကွာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီမို့ ဝေးသထက်ပိုဝေးသွားတာလို့ပဲ မြင်မိတယ်။ သိတတ်တဲ့ အရွယ်ရောက်ကထဲက နီးဖို့အကြောင်း မမြင်ခဲ့လို့ ဝေးဝေးကနေလဲ မလွမ်းဖြစ်ခဲ့ဘူး။ ဘာကြောင့် ဝေးခဲ့ရ ဘယ်လို ဝေးခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဖခင်အပေါ် စွဲစွဲနစ်နစ် အတွေးအမြင်တွေ မထားခဲ့ဘူး။ ကိုယ့်ကိုကိုယ်လဲ စူးစူးနစ်နစ် အငိုအကြွေးတွေ မရှိခဲ့ဘူး။…
-
နတ်ထိ = ၁၈၀
သမ္ဗောဓိသို့ ဖူးရောက်ခဲ့သည်။ သို့သော် သံဝေဂမဖြစ်ခဲ့။ ဓမ္မယာတလည်း မဖြစ်ခဲ့။ အဝိဇ္ဇာဝန်ထမ်း၍ တဏှာနဖားကြိုးထိုးခံထားရသော ဤခရီးသွားအတွက် သမ္ဗောဓိပရာယနကား ဝေးသေး၏၊ အဟောင်းအမြင်းများ နတ္ထိ +၁၁၅၀၀ နတ္ထိ + ၄၀ နတ္ထိ + ၁၅၀၀
-
လွင်ပြင်တစ်ဖက်က လူ
ကဒါစိ အနုဘူတံ သုန္ဒရံ အသုန္ဒရမ္ပိ ဒိဋ္ဌံ ယထာနုရူပမေဝ ယေန ကေနစိ ကာရဏေန အန္ဓကာရော ဧကဒိဝသေ အာလောကော မာ ဝိသီဒ သဗ္ဗံ အတိက္ကမိတဗ္ဗံ ဂိမှကန္တာရဒုမဂ္ဂေ ခါဏုမဂ္ဂခဒိရဝနာနိ စိတ္တဇရတ္တိယော ပဒေန ပဒံ ပါပုဏိတဗ္ဗမေဝ အဟော… ဧကဒိဝသေ သဗ္ဗံ အတိက္ကမိတဗ္ဗံ ကဒါစိ အနုဘူတော ဟေမန္တော ဝေဿာပိ ဒိဋ္ဌော ယထာနုရူပမေဝ ယေန ကေနစိ ကာရဏေန အတိဒူရံ ဧကဒိဝသေ အာသန္နံ မာ ဝိနဿ သဗ္ဗံ အတိက္ကမိတဗ္ဗံ ဂိမှကန္တာရဒုမဂ္ဂေ ခါဏုမဂ္ဂခဒိရဝနာနိ စိတ္တဇရတ္တိယော ပဒေန ပဒံ ပါပုဏိတဗ္ဗမေဝ အဟော… ဧကဒိဝသေ သဗ္ဗံ အတိက္ကမိတဗ္ဗံ ဧကဒါ အနုဘူတံ သုန္ဒရံ အသုန္ဒရံ ဝိဂတံ ယထာနုရူပမေဝ ယေန ကေနစိ ကာရဏေန ရောဒနံ ဧကဒိဝသေ ဟသနံ ဝိဿမ သဗ္ဗံ အတိက္ကမိတဗ္ဗံ ဂိမှကန္တာရဒုမဂ္ဂေ ခါဏုမဂ္ဂခဒိရဝနာနိ စိတ္တဇရတ္တိယော ပဒေန ပဒံ ပါပုဏိတဗ္ဗမေဝ အဟော… ဧကဒိဝသေ သဗ္ဗံ အတိက္ကမိတဗ္ဗံ တစ်ခါတစ်လေ ကြုံမယ် အကောင်း အဆိုးလည်း တွေ့ရမယ် အလိုက်အထိုက်ပေါ့လေ ဘယ်မှောင် ဘယ်လို မှောင်လဲ တနေ့တော့ လင်းရမယ် စိတ်မလျှော့နဲ့လေ အားလုံးကို ကျော်ဖြတ်ရမယ်။ နွေကန္တာ ခရီးကြမ်းတွေ ဆူးခင်းလမ်း ခရောင်းတောနက်တွေ စိတ္တဇညတွေ တစ်လှမ်းချင်းလှမ်းလို့ မရောက်အရောက်သွားမယ်လေ။ အော် ……
-
နတ္ထိနေ့
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရေးခဲ့တဲ့ ကဗျာ ၂ပုဒ်။ တစ်ပုဒ်က “န” နောက်တစ်ပုဒ်က “အတ္ထိ” န+အတ္ထိ = နတ္ထိ . ၁။ “န” မာတာ ဟိ ပုတ္တဿ ဗဟူပကာရာ၊ တသ္မာ ဂဝေသိံ ဣဓ ဧ၀ရူပံ။ တဿာယ ဆာယာပိ မယာ န ဒိဋ္ဌာ။ သာ ဂစ္ဆိ မေ စက္ခုပထံ ဇဟိတွာ။ . ၂။ “အတ္ထိ” ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊ သြက္ကန္တနိဒ္ဒေါ.မှိ တမေ၀ သုတွာ။ မာတာ ပ၀တ္တေသိ သုဂီတသဒ္ဒံ၊ ပုတ္တဿ အန္တောဟဒယေ ၀သိတွာ။ ပြာသိုလပြည့်နေ့မှာ Pamphletလေး ရိုက်ပြီး အမှတ်တရ ဝေဖြစ်ခဲ့တာ။ တချို့သောသူတွေအတွက် ပါဠိ၊ တချို့အတွက် မြန်မာ တချို့အတွက် English ခု ပြန်ဖတ်ကြည့်တော့ ကဗျာဆန်နေတုန်းပဲ။ ကိုယ်ပိုင်ခံစားချက်တွေကတော့ ကဗျာမဆန်ခဲ့ဘူး။ မရှိတော့တာကိုမှ တမ်းတတတ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ ဘဝဟာ နတ္ထိပါပဲ။ ကဗျာဆန်တဲ့ ကဗျာ၂ပုဒ်ကနေ မွေးလာတာ ကဗျာမဆန်တဲ့ နတ္ထိပါ…။ …. သားကျောင်းနေတဲ့ ကိုမင်းထက်ရဲ့ “န+အတ္ထိ” interpretationပါ။ သူ့blogကနေ ကူးလာတာ…။ မရှိတော့တဲ့အမေ …………………….. ငယ်စဉ်တောင်ကျေး ကလေးဘ၀မှာ အမေ့မျက်နှာ ငေးကာမော်ကြည့် ငါပျော်မိခဲ့။ ဒုက္ခဟူသမျှ အမေကသာ ရှေ့မှာရပ်တည့် ငါမသိအောင် ဖုန်းဖိကွယ်ကာ နေပေးရှာခဲ့။ သူ့သားသမီး ခရီးရှေ့ရေး အစဉ်တွေးကာ မဆွေးသောချစ် မအေးသောရင် စဉ်ပူပင်လျှက် နေ့စဉ်လုပ်ငန်း သူမပန်းခဲ့။ အော်…အခုတော့ ဒီမြေမှာ ဒီမေမနေတော့ပြီ ဒီရေကို…
-
တစ်ကောင်တစ်လေ
ဥပ္ပတိတုကာမောပိ။ နာဟံ ပက္ခီ။ ဌိတော အဿုမုခေါ။ ဒုက္ကရံ ဂေဟံ ပစ္စာဂန္တုံ။ ပျံချင်တယ်ဆိုမှ တောင်ပံက မပါ… မတ်တပ်ရပ်လို့ လမ်းမှာငို… အိမ်ပြန်ဖို့ မရေရာ…။ . *** မဇ္ဈိမဒေသရောက် ၈နှစ်ပြည့် အမှတ်တရ