Asoka Inscription

  • Asoka Inscription,  History,  Quote

    အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၂)

    ဒေ၀ါနံ ပိယသ ယံ အထိ အနုသောစနံ။အသောကဘုရင်ကတော့ ကလိင်္ဂစစ်ပွဲကို အောင်နိုင်ပြီးတဲ့အခါ နောင်တရပါတယ်တဲ့။နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံပြီး ရှစ်နှစ်မြောက်၌ ကလိင်္ဂတိုင်းကို အောင်မြင်တော်မူ၏။ ထိုသို့ အောင်မြင်ရာ၌ လူပေါင်း တသိန်းငါးသောင်းတို့ အကျဉ်းဆောင်ယူခံရ၍ တသိန်းအသတ်ခံရပြီးလျှင် ထို့ထက်အဆပေါင်းများစွာသော သူတို့ သေကြေပျက်စီးကြကုန်၏။ကလိင်္ဂတိုင်းကို သိမ်းယူပြီးသည်၏ နောက်၌ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် တရားညွှန်ပြခြင်း၌၎င်း တရားကို ခုံမင်နှစ်သက်ခြင်း၌၎င်း တရားသွန်သင်ဆုန်းမခြင်း၌၎င်း ထက်သန်လျက်ရှိချေပြီ။ကလိင်္ဂတိုင်းကို အောင်မြင်တော်မူပြီးသော နတ်တို့ချစ်မြတ်နိုးသော မင်းကြီးသည် ယခု နောင်တရတော်မူလပြီ၊ လူတို့ အသတ်ခံရခြင်း သေကြေပျက်စီးခြင်း၊ အကျဉ်းဆောင်ယူခံရခြင်းဖြင့် ရအပ်သော အောင်ခြင်းသည် စင်စစ် အောင်ခြင်းမမည်။ ဤသို့ အောင်ရသည်အတွက် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး လွန်စွာ ၀မ်းနည်း ကြေကွဲဝန်လေးတော်မူသည်။နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးအဖို့ ထို့ထက်ဝန်လေးသော အချက်သည်ကား ထိုကလိင်္ဂတိုင်း၌ ပုဏ္ဏားတို့သည်၎င်း ရဟန်းတို့သည်၎င်း အခြားအယူဂိုဏ်းသားတို့သည်၎င်း အိမ်ရာထောင်သူတို့သည်၎င်း နေကြကုန်၏။ ထိုသူတို့၌ သက်ကြီး ၀ါကြီး အမိအဖ ဆရာသ္မား မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုး ကျေးကျွန်အစေခံတို့အား ကောင်းစွာ ပြုစုထောက်ပံ့ရမည့် ၀တ္တရားများ တရားတော်၌ တည်မြဲစွာ ကြည်ညိုဆည်းကပ်ရမည့် ၀တ္တရာများ ရှိကြကုန်၏။ ထိုသူတို့သည် ဒဏ်အနာတရာပြုခြင်းကို၎င်း သတ်ဖြတ်ခြင်းကို၎င်း လွန်စွာ ချစ်ခင်သူတို့နှင့် ကွေကွင်းရခြင်းကို၎င်း ခံကြရ၏။ စစ်ဘေးစစ်ဒဏ်ကို ခံရသော ၎င်းတို့၏ မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုးတို့သည်လည်း ၎င်းတို့အပေါ်၌ မေတ္တာ မကင်းပြတ်သေးပဲ သေကြေပျက်စီးခြင်းသို့ ရောက်ကြရကုန်၏။ တတိုင်းပြည်လုံး ဤသို့လျှင် ပျက်စီးဆုံးရှုံးကြကုန်၏။ ဤသို့ ခပ်သိမ်းသော သူတို့ ခံကြရသည့်အတွက် နတ်တို့ ချစ်မြတ်နိုးသော…


    အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၁)

    စစ်နဲ့ ငြိမ်းချမ်းရေးတဲ့။ ဘယ်ဟာက အရသာပိုရှိလဲ မသိဘူး။အဌ၀သာ’ဘိသိတသ ဒေ၀ါနံ ပိယသ ပိယ ဒသိနော ရာဇိနော ကလိင်္ဂါ ၀ိဇီတာ, ဒိယဎမာတေ ပါဏသတ-သယသေ ဧတတော အပ၀ုဠေ, သတသဟသ မာတေ တတြ ဟတေ, ဗဟု တာဝတတေ ၀ါ မတေ၊ တတော ပဆာ အဓုနာ လဓေသု ကလိင်္ဂေသု, တိဝေ ဓံမ၀ါယာမေ ဓံမကာမတာ ဓံမာ’နုသထိ စ ဒေ၀ါနံ ပိယသ ယံ အထိ အနုသောစနံ, ဒေဝါနံ ပိယသ ၀ိဇိနိတု ကလိင်္ဂါနိ, အ၀ိဇိတံ ဟိ ၀ိဇိတံ မံနေ၊ ယေ တတြ ၀ဓော ၀ါ မရဏံ ၀ါ အပ၀ါဟော ၀ါ ဇနသ, သေ ဗာဠံ ဝေဒနိယ မတံ စ ဂရုမတံ စ ဒေ၀ါနံ ပိယသ၊ ဣမံ ပိ စ တတော ဂုရုမတ တရံ ဒေ၀ါနံ ပိယသ၊ သဗတြ ၀သံတိ ဗြာဟ္မဏာ ၀ါ သမဏာ ၀ါ အံနေ ၀ါ ပါသံဍာ ဂဟဌာ ၀ါ, ယေသု ၀ိဟိတာ, ဧသာ အဂတူတာ သုသူသာ မာတာ ပိတိသု, သုသူသာ ဂုရူသု, မိတ သံထုတ-သဟာယ-နာတိကေသု ဒါသဘဋကေသု သံမ ပဋိပတိ, ဒိဠတတိတာ။တေသံ တတြ ဟောတိ ဥပဃာတော ၀ါ ၀ဓော ၀ါ အဘိရတာနံ ၀ါ ၀ိနီခမနေ၊ ယေသံ ၀ါ…


    အသောကရဲ့ အက္ခရာများ-၁၂ (အပိုင်း-၂)

    အတပါသံဍေ ပူဇာ စ ပရပါသံဍေ ဂရဟာ စ နော သိယာမိမိဂိုဏ်းကို ချီးကျူး၍ တပါးဂိုဏ်းတို့အား ကဲ့ရဲ့ခြင်း ချုပ်ချယ်ခြင်း ရှုတ်ချခြင်း မပြုရာ။“နှုတ်စောင့်စည်းပါ”ဆိုတာ ဒါမျိုးကို ပြောတာပါတဲ့…။ဒေ၀ါနံပိယ ပိယဒသီမင်းကြီးသည် ဂိုဏ်း, ရဟန်း လူတို့အား အမြဲမပြတ် လှူဖွယ် ပူဇော်ဖွယ်အမျိုးမျိုးတို့ဖြင့် လှူဒါန်းပူဇော်သော်လည်း ယင်းတို့ကို ဂိုဏ်းအားလုံး၏ အနှစ်သာရတိုးပွားခြင်းဟု ဒေ၀ါနံပိယ ပိယဒသီမင်း မယူဆ။ အနှစ်သာရတိုးပွားခြင်း အမျိုးမျိုးရှိရာ နှုတ်စောင့်စည်းခြင်းသည် အနှစ်သာရတိုးပွားခြင်း၏ မူလဖြစ်၏။ အသို့နည်း- မိမိဂိုဏ်းကို ချီးမြှောက်လို၍ တပါးဂိုဏ်းကို အကျိုးမဲ့ မကဲ့ရဲ့ရာ။အခါအားလျော်စွာ အခြားဂိုဏ်းကို ပူဇော်ရာ၏။ သို့ဖြင့် မိမိဂိုဏ်းကို ပိုမိုကြီးမွားစေမည်ဖြစ်၍ အခြားဂိုဏ်းကိုလည်း ကျေးဇူးပြုသည်မည်၏။ ထိုသို့မဟုတ်ပါလျှင် မိမိဂိုဏ်းကိုလည်း အားနည်းအောင်ပြုသည်မည်၍ အခြားဂိုဏ်းကိုလည်း ဆုတ်ယုတ်ပျက်စီးအောင် ပြုသည်မည်၏။မိမိဂိုဏ်းကို ထင်ပေါ်စေလိုသဖြင့် မိမိဂိုဏ်းဝင် အားလုံးတို့အား သိမ်းရုံးချီးမြှောက်ပြီး တပါးသော ဂိုဏ်းဝင်အားလုံးကို သိမ်းရုံးကဲ့ရဲ့ခြင်းသည် မိမိဂိုဏ်းကို ပျက်စီးအောင် ဖျက်ဆီးသည် မည်၏။တဂိုဏ်းနှင့်တဂိုဏ်း ညီညွတ်ခြင်းသည်သာ ကောင်းမြတ်၏။ အသို့နည်း- အချင်းချင်း တရားကို နာကြားရ၏။ ဆည်းကပ်ရ၏။ အသို့နည်း ဂိုဏ်းအားလုံးသည် အကြားအမြင်များ၍ ပညာအမြော်အမြင်နှင့် ပြည့်စုံစေရန် ဒေ၀ါနံပိယ ပိယဒသီမင်း အလိုရှိ၏။ထိုထိုတရား၌ ကြည်ညိုသူတို့လည်း “ဒေ၀ါနံ ပိယ ပိယဒသီမင်းသည် ပေးလှူခြင်းနှင့် ပူဇော်ခြင်းတို့ကို ဂိုဏ်း၏ အနှစ်သာရ တိုးတက်ကြီးပွားခြင်းဟု မယူဆ”ဟု ပြောဟောကြရမည်။ သို့အတွက် အမျိုးသား တရားအမတ်, အမျိုးသမီးတရားအမတ်, လမ်းခရီးဆိုင်ရာ အမတ်နှင့် အခြားအမတ်အသီးသီးတို့ကို ခန့်ထားခြင်းဖြစ်၏။ သို့ဖြင့် မိမိဂိုဏ်းဂဏ အနှစ်သာရ တိုးတက်ကြီးပွား၍ တရားထွန်းလင်း တောက်ပမည်ဖြစ်၏။(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်) His Sacred and…


    အသောကရဲ့ အက္ခရာများ-၁၂ (အပိုင်း-၁)

    ဣဒံ မူလံ, ၀ေစာ ဂုတိ။နှုတ်စောင့်စည်းပါ၊ ဒါ…လိုရင်းပဲ။အသောကဘုရင်ရဲ့ အမိန့်ပြန်တမ်းတွေက တခါတလေ ပြတ်ပြတ်ပဲ။ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ သ၀ရ ပါသံဍာနိ ပ၀ရဇိတာနိ စ ဂဟဌာနိ စ ပူဇာယတိ ဒါနေန, ၀ိဝိဓာယ စ ပူဇာယ၊ န တု တထာ ဒါနံ ၀ါ ပူဇံ ၀ါ ဒေ၀ါနံ ပိယော မံဉ တိ၊ ‘အထာ ကိံတိ သာရ၀ဎိ သိယာ’တိ၊ သ ၀ရပါသံဍာနံ သာရ၀ဎိ ဗဟုဝိကာ၊ တဿ တု ဣဒံ မူလံ, ၀စော ဂုတိ၊ ကိံတိ? အတပါသံဍေ ပူဇာ စ ပရပါသံဍေ ဂရဟာ စ နော သိယာ, အပကရဏမှိ လဟုကာ ၀ါ သိယာ၊ တမှိ တမှိ ပကရဏေ ပူဇေတ ၀ိယ တု ပရပါသံဍာနံ တေန တေန ပကရဏေန အတပါသံဍံ ဗာဠံ စ ၀ဎီယတိ, ပရပါသံဍသ ပိ ၀ါ ဥပကရောတိ၊ တ‘ဒံဉ ထာ ကရောတော အတ-ပါသံဍံ ပူဇယတိ, ပရပါသံဍံ ၀ါ ဂရဟတိ, သ ဝေ အတပါသံဍ ဘတိ ယာ ၀ါ ကိံတိ အတပါသံဍံ ဒီပယေမ ဣတိ၊ သော စ ပုန တထာ ကရံတံ အတပါသံဍံ ဗာဠတရံ ဥပဟံတိ။အတ-ပါသံဍသိ သမ၀ါယော ဧ၀ သာဓု, ကိံတိ အံဉ -မဉသ…


    အသောကရဲ့ အက္ခရာများ-၁၁

    “အပါရုတာ တေသံ အမတဿ ဒွါရာ”အမြိုက်နိဗ္ဗာန်တံခါးကို ပိတ်မထားပါဘူးလို့ မြတ်ဗုဒ္ဓ မိန့်မှာခဲ့တယ်။ ကြာရုံတောမှာတော့…တစ်ချို့က ရေထဲမှာ မြုတ်လို့။တစ်ချို့က ရေပြင်မှာ ပေါ်ရုံပေါ်လို့..တစ်ချို့က ကားကားစွင့်စွင့် ပွင့်လို့…မတူညီသော အဇ္ဈာသယများနဲ့…။ ဒီပုံလေးကို ပန်ဒိုရာ့ဆီက မပြောမဆိုနဲ့ ခဏငှားလာတာ။ဒေ၀ါနံ ပိယော ပိယဒသီ ရာဇာ ဧ၀ံ အာဟ, နထိ ဧတာရိသံ ဒါနံ, ယာဒိသံ ဓံမ ဒါနံ, ဓံမ သံသ္တဝေါ ၀ါ ဓံမ သံဝိဘာဂေါ ၀ါ ဓံမ သံဗံဓော ၀ါ၊ တတြ ဣဒံ ဘ၀တိ ဒါသ-ဘဋကမှိ သမျာပဋိ ပတိ, မာတာ ပိတုသု သာဓု သုသူသာ, မိတသံထုတ-နာတိ ကျာနံ, သမဏ ဗြာဟ္မဏာနံ သာဓု ဒါနံ, ပါဏာနံ အနာရံဘော သာဓု၊ ဧတံ ၀တဗျံ ပိတိနာ ပိ ပုတြေန ပိ မာတိနာ ပိ သွာမိကေန ပိ မိတြ-သံထုတ-ဉာတိကေန ပိ အာဝ ပဋိဝိသိယေန ပိ၊ ဣဒံ သာဓု, ဣဒံ ကတဗျံ၊ သော တထာ ကရံတော ဟိဓ လောကိကျေ စ သုခံ အာရောဓော ဟောတိ, ပရတြ စ အနတံ ပုဏံ ပသဝတိ တေန ဓံမဒါနေန။ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် ဤသို့ မိန့်မြွက်တော်မူလေပြီ၊ တရားတော် ကြီးပွားရေးအတွက် လှူဒါန်းခြင်း, တရားတော်…


    အသောကရဲ့ အက္ခရာများ-၁၀

    ကျောက်စာတွေ ၁၀-ခု ရှိသွားပြီ။ ရှေးဟောင်းသုတေသနက ဆရာတွေကတော့ ဘယ်လိုနေလဲ မသိဘူး။ ဘီစီ ၃ရာစုက သဘောတရားတွေကို ခံစားရတာ နည်းနည်း မောတယ်။ ဒီကျောက်စာတွေ ဖတ်ရတာ ဖုန်တထောင်းထောင်းနဲ့ တောလမ်းမှာ လှည်းကြမ်း ဒုန်းစိုင်းမောင်းနေရတာနဲ့ မတူဘူး။ F1 ပြိုင်ပွဲက twist-turnများတဲ့ trackမှာ Ferrariကို ultra-speedနဲ့ မောင်းနေရသလိုပဲ။ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ယသော ၀ါ ကိတိ ၀ါ န မဟာထာ’ ဝဟံ မနတိ၊ အညတြ ယံ ပိ ယသော ၀ါ ကိတိ ၀ါ ဣဆတိ, တဒတွာယေ အာယတိကေ စ မေ ဇနော ဓံမ-သုသူသံ သုသူသတု မေ’တိ, ဓံမ၀တံ ၀ါ အနုဝိဓိယတု မေ’တိ, ဧတကာယေ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ယသော ၀ါ ကိတိ ၀ါ ဣဆတိ၊ ယံ သ ကိံစိ ပလာကမတိ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ, တံ သဝံ ပါလတြိကာယ ၀ါ, ကိံတိ သကလေ အပပလိသဝေ ဟုဝေယာ’တိ၊ ဧသ တု ပလိသဝေ, ယံ အပုံနံ၊ ဒုကလံ စ ခေါ ဧတံ ခုဒကေန ၀ါ ဇနေန, ဥသဋေန ၀ါ အဉ တြ အဂေန ပလာကမေန၊ ဧ၀ံ စ ပလိစဇိတွာ ဧတံ စ ခေါ ခုဒကေန ၀ါ…

  • Asoka Inscription,  History,  Quote,  Thingyan

    အသောကရဲ့ အက္ခရာများ-၉ (အပိုင်း၂)

    “ဟာ…မင်္ဂလာ မရှိလိုက်တာ” ဒီလို ဒီလို မတွေ့မကြုံ မခံစားရစေဖို့…. ဒေ၀ါနံပိယ ပိယဒသီမင်းသည် ဤသို့ မိန့်ကြား၏။ ဤလောက၌ လူတို့သည် မင်္ဂလာကြီးငယ် ပြုလုပ်နေကြ၏။ အနာရောဂါ ဖြစ်သောအခါ ထိမ်းမြားသောအခါ သားသမီးရသောအခါ ခရီးထွက်သောအခါနှင့် အခြားအခါတို့၌ မင်္ဂလာကြီးငယ် ပြုလုပ်လေ့ရှိကြ၏။ ထိုမှတပါး သားသမီးရသော မိန်းမများသည် အထူးထူးအထွေထွေ အကျိုးမရှိ သိမ်ဖျင်းသော မင်္ဂလာများကို ပြုလုပ်တတ်ကြ၏။ စင်စစ် ထိုမင်္ဂလာများကို ပြုလုပ်သော်လည်း အကျိုး ကျေးဇူးမရှိ။တရားမင်္ဂလာသာ အကျိုးကြီး၏။ ယင်းတို့မှာ ကျေးကျွန်-သူခစားတို့အား ကောင်းစွာ ကြည့်ရှုခြင်း, ဆရာသမားတို့အား ကောင်းစွာ ဆည်းကပ်ခြင်း, သတ္တ၀ါတို့အား ကောင်းစွာ စောင့်ရှောက်ခြင်း, ရဟန်းပုဏ္ဏားတို့အား ကောင်းစွာပူဇော်ခြင်းတို့ ဖြစ်၏။ ဤနည်းတူစွာ အခြားအလားတူ ပြုလုပ်ခြင်းတို့သည်လည်း တရားမင်္ဂလာမည်၏။ “ဤတရားမင်္ဂလာသည် ကောင်းမြတ်၏။ အလိုရှိသော အကျိုးကို ပြီးမြောက်စေ၏”ဟု အဖ,သား, ညီအကို, အရှင်, သခင်, အဆွေ, ခင်ပွန်း, အိမ်နီးချင်းတို့သည် ဟောပြောကြရမည်။ထို့ပြင် အလှူဒါနဟူသည် ကောင်းမြတ်၏။ ဤလောက၌ တရားအလှူ, တရားချီးမြှောက်ခြင်းကဲသို့သော လှူဒါန်းချီးမြှောက်ခြင်းမျိုးမရှိ”ဟု အဆွေ, ခင်ပွန်း, အသိ, အကျွမ်း, ဆွေမျိုး, ဥာတကာ, အပေါင်းအသင်းတို့သည် မပြတ်မလပ် ဟောပြောကြရမည်။ “ဤတရားမင်္ဂလာ, တရားအလှူ, တရားချီးမြှောက်ခြင်းတို့ကို ပြုသဖြင့် နတ်ရွာရောက်နိုင်၏။ ယင်းသို့ နတ်ရွာရောက်ကြောင်း အထူးချီးမြှောက်ခြင်းမျိုး တစုံတရာမရှိ” ဟု ဟောပြောကြရမည်။(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်) Thus saith His Sacred and Gracious Majesty the King: People perform various ceremonies. In troubles, marriages…

  • Asoka Inscription,  History,  Quote,  Thingyan

    အသောကရဲ့ အက္ခရာများ-၉ (အပိုင်း၁)

    အတာကူးတဲ့ တန်ခူးလ အခါသမယမှာ စိတ်ရောကိုယ်ပါ အေးမြကြည်သာစွာဖြင့် ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ရေသဘင် ဆင်ယဉ်နွှဲပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း…. မင်္ဂလာရှိကြစေဖို့…။ ရာစုဟောင်းများက မင်္ဂလာ နှစ်မျိုး…. ဥစာဝစမင်္ဂလာ…အပေါစားမင်္ဂလာဓမ္မမင်္ဂလာ…တရားမင်္ဂလာ မင်္ဂလာဆောင်နိုင်ကြပါစေဗျာ…။ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ဧ၀ံ အာဟ, အထိ ဇနော ဥစာ’ဝစံ မံဂလံ ကရောတိ, အာဗာဓေသု ၀ါ အာဝါဟ-၀ိဝါဟေသု ၀ါ ပဇောပဒါယေ ၀ါ ပ၀ါသမှိ ၀ါ, ဧတာယေ စ အံနာယေ စ ဧဒိသာယေ ဇနော ဥစာ’၀စံ မံဂလံ ကရောတိ၊ အတြ တု အ၀ကဇနိယော ဗဟူကံ စ ဗဟုဝိဓံ စ ခုဒကံ စ နိလထိယံ စ မံဂလံ ကလောတိ၊ သေ ကဋ၀ိယေ စေ၀ ခေါ မံဂလေ အပ-ဖလကေ စ ခေါ၊ အယံ တု ခေါ မဟာဖလေ မံဂလေ, ယေ ဓံမမံဂလေ၊ အတြ အယံ ဒါသ ဘဋကမှိ သမျာပဋိ ပတိ, ဂုရူနံ အပစိတိ, ပါဏေသု သံယမော, သမဏဗြဟ္မဏာနံ ဒါနံ, ဧသေ စ အံနေ စ ဧတာရိသေ ဓံမမံဂလေ နာမ။သေ ၀တ၀ိယေ ပိတုနာပိ, ပုတေနပိ, ဘာတိနာပိ, သုဝါမိကေနပိ, မိတသံထုတေန, အာဝ ပဋိဝိသိယေနပိ၊ အယံ သာဓု, ဣဒံ ကဋ၀ိယေ မံဂလေ အာဝတသ အထသ နိဖတိယာ, ‘ဣမံ ကထ‘မိထိ၊…

  • Asoka Inscription,  History,  Quote,  Thingyan

    အသောကရဲ့ အက္ခရာများ-၈

    ပျော်ခဲ့ဖူးပါသည်။ မြူးခဲ့ဖူးပါသည်။ စိုခဲ့ဖူးပါသည်။ ရွှဲခဲ့ဖူးပါသည်။ ပိတောက်ရနံ့များနဲ့ ယစ်မူးခဲ့ဖူးပါသည်။ တချိန်တခါဆီက သင်္ကြန်များ…။ ငြိမ်းခဲ့ဖူးပါသည်။ အေးခဲ့ဖူးပါသည်။ ကြည်ခဲ့ဖူးပါသည်။ ရွှင်ခဲ့ဖူးပါသည်။ ညောင်ညိုပင်ရိပ်မှာ ချွေးသိပ်ခဲ့ဖူးပါသည်။ တရံတခါဆီက သင်္ကြန်များ…။ အပျော်လမ်း…အငြိမ်းလမ်း…လျှောက်…လှမ်း…မဆုံးနိုင်သော သင်္ကြန်ခရီး တစ်နှစ်ပြီးတစ်နှစ်…။ ဒီကျောက်စာမှာလဲ ခရီး နှစ်မျိုး..၀ိဟာရယာတ..ပျော်ပွဲစားထွက်ခြင်း၊ဓမ္မယာတ…တရားခရီးထွက်ခြင်း၊မြန်မြန်သွားရင် မြန်မြန်ရောက်မှာပါပဲ…။ အတိကံတံ အံတလံ ရာဇာနော ၀ိဟာရ-ယာတံ နာမ နိခမိသု၊ ဣဟ မိဂ၀ိယာ အံနာနိ စ ဧဒိသာနိ အဘိရမာနိ အဟံသု၊ သေ ဒေ၀ါနံ ပိယော ပိယ-ဒသိရာဇာ ဒသ၀သာ’ဘိသိတော သံတော နိခမိ သံဗောဓိံ၊ တေ ‘နေသာ ဓံမ ယာတာ အတြ (အယံ) ဟောတိ၊ သမဏဗြာဟ္မဏာနံ ဒသနေ စ ဒါနေ စ ထေရာနံ ဒသနေ စ ဟိရံဏ-ပဋိဝိဓာနေ စ ဇန-ပဒသဇနသ ဒသနေစ ဓံမ’နုသဌိ စ ဓံမ ပရိပုဆာ စ တတော’ ပယာ ဧသာ ဘူယ ရတိ (အဘိရာမော) ဟောတိ၊ ဒေ၀ါနံ ပိယသ ပိယဒသိနော ရဥော ဘာဂေ အံဉေ ။ ရှည်လျားစွာသော ကာလပတ်လုံး ဘုရင်မင်းမြတ်တို့သည် ကျောင်းကန် ဘုရားသို့ ထွက်စံ ဖူးမျှော်ခြင်းမည်သည်ကို ပြုတော်မူလေ့ ရှိကြကုန်ပြီ၊ ဤသို့ ထွက်စံတော်မူရာ၌ သားသမင် လိုက်လံပစ်ခတ် ပျော်ပါးခြင်း, ထိုမှတပါး ဤနှင့် အလားတူ ပျော်ပါးမြူးထူးခြင်းတို့လည်း ပါဝင်ကြကုန်ပြီ၊ ထိုသို့သော မင်းတို့ ခရီးထွက်စံ ကြွမြန်းခြင်း အလေ့များအတိုင်း မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု…

  • Asoka Inscription,  History,  Quote,  Thingyan

    အသောကရဲ့ အက္ခရာများ-၇

    အဝေးရောက်နေသူတွေကတော့ ဟိုတွေးး ဒီတွေးနဲ့ သင်္ကြန်အခါကို ဖြတ်သန်းနေရတာပဲဗျာ။ ဒီအချိန်ဆိုရင်တော့ ဖြူနီဝါပြာ ရောင်စုံဖြာနေမှာ သေချာနေပေမယ့် ဆွတ်ဆွတ်ပျံ့ပျံ့ ပိတောက်ရနံ့ကို လွတ်လွတ်လပ်လပ် ခံစားနိုင်ဖို့ အခွင့်အလမ်းတွေကလဲ ရှားမှရှား။ ဒီလိုနဲ့ပဲ ရွှေဝါရောင် ပိတောက်တွေ နွမ်းတချို့ ကြွေတချို့…။ဘာပဲပြောပြော multicolorအချိန်အခါမှာ multicultureအစအနလေးကို ဒီကျောက်စာထဲမှာ တွေ့လိုက်ရတော့ reconciliationဆိုတာ နွေလယ်အိပ်မက် မဟုတ်ပါဘူးလို့ နှစ်သစ်ကူးမှာ ပိတောက်ဝါတွေကို တိုင်တည်လိုက်ချင်တယ်…။ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ သ၀တြ ဣဆတိ သဝေ ပါသံဍာ ၀သေယုံတိ၊ သဝေ ဟိတေ သံယဓံ စ ဘ၀သုဓိံ စ ဣဆံတိ၊ ဇနော စ ဥစာ’၀စ-ရာဂေါ၊ တေ သဝံ ၀ါ ကရိသံတိ, ဧကဒေသံ ၀ါ ပိ ကသံတိ, ၀ိပုလေ ပိ စ ဒါနေ၊ ယသ နထိ သံယမော, ဘ၀သုဓိ, ကတံ ဉ တာ, ဒါဠ ဘတိတာ ၀ါ နိစာ ဗာဠံ။ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် မိမိနိုင်ငံတော် အရပ်ရပ် ထက်ဝန်းကျင်၌ ကိုယ်တော့် အယူဘာသာနှင့် မတူ ထူးခြားများပြား ထူးထွေသော အယူရှိသူတို့ကိုပင် မိမိ၏့ တိုင်းနိုင်ငံတော် ထက်ဝန်းကျင်၌ နေထိုင်ရန် လိုလားနှစ်သက်တော်မူ၏၊ ထိုသို့လိုလားတော်မူကြောင်းကား, ထိုအယူရှိသူ အာလုံးတို့သည်ပင် မကောင်းမှုကို မပြုရန် စောင့်စည်းခြင်းကို၎င်း, ဘ၀၏ စင်ကြယ်ရေးကို၎င်း လိုလားနှစ်သက်ကြကုန်၏၊ စင်စစ်ဆိုသော်ကား, ဤကပ္ပါလောကကြီး၌ လူတို့မည်သည်…