Myanmar Poem,  Pāḷi,  Poetry,  Translation

အမြီးအမောက် အလွဲ

၁၇/၀၇/၁၇နေ့မှာ ဖတ်မိတဲ့ ကဗျာတစ်ပုဒ်က ရိုးသလိုလိုနဲ့ ဆန်းနေတာ။ ဒါနဲ့ပဲ ပါဠိဘာသာပြန်ဖြစ်တယ်။ မင်းကိုနိုင်ရဲ့ ကဗျာပါ။ ခေါင်းစဉ်တော့ မတွေ့မိဘူး။ “အမြီးအမောက် အလွဲ”လို့ပဲ အမည်ပေးချင်မိတယ်။ တခါတလေတော့လဲ ကြောင်တတ်တာပါပဲ…။

===+++===

နိလီနပရိယေသနကီဠာယံ

နိစ္စမေဝ အာဝိဘူတော မုဒုဗိဠာရဿ ဝါလဓိ၊

ကသ္မာ တဿ မာတုယာ ဒိဋ္ဌောပိ အဒိဋ္ဌော ဝိယ၊

.

ကီဠာသု ဟိ

ယေန အတိဝိယ ဇိတံ၊ န စ သောပိ ပမုဒိတော။

ယော ပန တုဋ္ဌပမုဒိတော၊ သောဝ ဇိတဝါ။

===+++===

တူပုန်းတိုင်း
အမြီးအမြဲပေါ်နေတဲ့ ကြောင်ကလေး
ဘာကြောင့် သူ့အမေက
မမြင်ယောင်ဆောင်ပေး……။
.
ကစားပွဲတွေမှာ
“ အနိုင်ဆုံးသူက ပျော်တာမဟုတ်၊
အပျော်ဆုံးသူက နိုင်တာ…။”

(မင်းကိုနိုင်)

Leave a Reply

Your email address will not be published. Required fields are marked *