အစိမ်းလမ်း (၇)
ဝေရာ ဧေကာဝ သိဒၶေတၳာ။
ဝသလံ ဒေဝ၀ါဟိနိံ။
ဝယဓမ္မံ ဝဇာပေသိ၊
ဝရသက္ခီ ဝသုန္ဓရီ။
ဘုရားလောင်း သိဒ္ဓတ္ထသည်
အကူအညီမပါ တစ်ကိုယ်ထဲသာလျှင်
မာရ်စစ်သည် အပေါင်းကို
အောင်နိုင်တော်မူခဲ့လေပြီ။
ပထ၀ီမြေအထုက သက်သေပြုခဲ့သည် မဟုတ်ပါလား။
ပါဠိစာပေရဲ့ အလင်္ကာအလှ တစ်ခုဖြစ်တဲ့ စင်္ကြာဂါထာကို အရမ်း နှစ်သက်တယ်။ ဒီဂါထာနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတယ်။ ‘ဝ’အက္ခရာကို အလည်မှာ တည်ထားလို့ ဝစင်္ကြာဂါထာလို့ ခေါ်နိုင်မယ်။ စက်ဝိုင်းတွေနဲ့ ပုံဖော်လေ့ရှိတယ်။ ကိုယ်ပိုင်ဟန်အနေနဲ့ ဗောဓိညောင်ရွက်တွေနဲ့ ဖန်တီးထားလို့ ဗောဓိစင်္ကြာဂါထာလို့ ခေါ်ချင်တယ်။
ဒီဂါထာမျိုးတွေ မရေးဖြစ်တော့တာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိနေပြီ။ ဘဝဟာ ဒီလိုပါပဲ။ ဝလုံးကလေးကိုမှ ဝိုင်းအောင် မရေးနိုင်ဘူး။ အမြဲတမ်းလဲ မဝနိုင်ဘူး။ မဝတဝဖြစ်နေတာ များတယ်။ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲ။ ကိုယ့်လမ်းကိုယ်လျှောက်တာပါပဲ။
လမ်းဆုံးကို မရောက်ခင် လမ်းဆုံတွေ ကြုံရမှာပါ။ လမ်းမှန်ပေါ် မရောက်ခင် လမ်းမှားတွေ ကြုံရမှာပါ။ လမ်းကောင်းပေါ် မရောက်ခင် လမ်းဟောင်းတွေ ကြုံရမှာပါ။ လမ်းပေါ် မရောက်ခင် လမ်းပျောက်တွေ ကြုံရမှာပါ။ လက်ရှိအခြေအနေမှာတော့ “ဆူးခင်းလမ်း မာခေါင်ခေါင်မှာ ဖိနပ်မပါတဲ့ ငါ GPSရှာမရသကဲ့သို့” ဖြစ်နေတာ အမှန်ပါပဲ။
0 Comments
nayla
ကောင်းလိုက်တာ လွန်ထားထား ၀တ္ထု ဘယ်ဖတ်မလဲ
နတ္ထိ
🙂
Ashin Janaka
ကြည့်ရင်းကြည့်ရင်း စကြာဘီးကြီး ညာဘက်ခြမ်းကို လှိမ့်သွားတော့မယောင်ယောင်။ ဘ မပါတဲ့ ၀။ ဘ၀ ဖြစ်ဖို့ ဆက်လှိမ့်ရုံဘဲပေါ့။း)
နတ္ထိ
London Eyeကြီးလို ပတ်လည်ရိုက်နေမှာပေါ့ 🙂